ကိုဟန်သစ် Tag ကို ဖြေရှင်းပြီး တာနဲ့ ကိုနေလင်း Tag ကို ထပ်မံဖြေရှင်း လိုက်ပါတယ်၊ မရေးတတ် ရေးတတ်၊ မဖြီးတတ် ဖြီးတတ်နဲ့ပါ၊ မြန်မာစာ၊ မြန်မာလူမျိုး ဆိုပေမယ့် မြန်မာစာရမှတ် ကတော့ အမြဲတမ်း ပျမ်းမျှရမှတ် ထက်မပိုပါဘူး၊ အထူးသဖြင့် စားရေးရဆုံး စာစီစာကုံးပါ၊ စာရေးတာ၊ စာဖတ်တာ ၀ါသနာ ပါပေမယ့်၊ ကိုယ်ရေး တဲ့စာ ကိုယ်ပြန်မဖတ်ချင်တဲ့ သူတွေထဲမှာ ကျွန်တော် အမြဲတမ်း ထိပ်ဆုံး ကပါမှာပါ၊ အခုလည်း ဒီလိုပါဘဲ၊ ကိုနေလင်း Tag ကို ဖြေရှင်း ပါမယ့်ဆိုမှ မဆီမဆိုင် ကျွန်တော် စာရေးညံ့တာ ထိပ်ဆုံးက ပါလာ ပြန်ပြီ၊
ဖြေပုံကတော့ ဒီလိုပါ၊ "ဖြစ်သလိုလေးပဲ စားလိုက်ပါတယ်" ဆိုတာဟာ ကျွန်တော်တို့ မြန်မာလူမျိုးတွေ အတွက် သိပ်ကိန်းဂဏန်း မဆန်ပါဘူး၊ အထူးသဖြင့် မနက်အိပ်ရာထ မနက်စာက ရိုးရိုး ရှင်းရှင်း လေးပါ၊ ပဲပြုတ်နဲ့ ထမင်းကျော်၊ ဒါမှမဟုတ်၊ အမေ၊ အဘွားလုပ်ကျွေးတဲ့ မြန်မာမုန့် တစ်ခု၊ လက် ဖက်ရည် ရေနွေးကြမ်းနဲ့ပေါ့၊ တစ်ခါတစ်လေ လွယ်လွယ်ကူကူ မြန်မာမုန့်ဟင်းခါး၊ အသုပ်စုံ တွေလည်း ၀ယ်စားတတ် တယ်၊ "ဖြစ်သလိုလေးပဲ စားလိုက်ပါတယ်" ဆိုတဲ့ ခေါင်းစဉ်အောက်ပါပဲ၊ ဒါဟာ ကျွန်တော်တို့ အတွက် အလွယ်ကူဆုံး အစားအစာတွေပါဘဲ၊
နေခင်းနေ့လည်ကတော့ ကျွန်တော်တို့တွေ အတွက် သိပ်အရေး ကြီးပါတယ်၊ မြန်မာလူမျိုး တော်တော် များ များ ဟာနေ့ခင်း နေ့လည်ကို ဟင်းကောင်းကောင်း ထမင်း ကောင်းကောင်း ချက်စား တတ်ကြ ပါတယ်၊ များ သော အား ဖြင့်ပေါ့ဗျာ၊ ဟင်းအမည် ၃ မျိုး ၄ မျိုး၊ ကျွန်တော် ပြောတာထက် ပိုရင်လည်း ပိုမှာပါ၊ နောက်ပြီး ဟင်းရည် သောက်၊ တို့စာရာ၊ အရွက်သုပ် တစ်မျိုးမျိုးနဲ့ပေါ၊ နောက်ပြီး ငါးပိကျော် စသည်ဖြင့်ပါပဲ၊ ထမင်း ကတော့ ပေါ်ဆန်းမွေး၊ တောင်ပြန်မွေး၊ ကောက်ကြီးဆန် စသည်ဖြင့်ပေါ့၊ ကျွန်တော်ကတော့ "ဖြစ်သ လိုလေးပဲ စားလိုက်ပါတယ်" ဆိုတဲ့ ခေါင်းစဉ်နဲ့ဆိုရင် ကိုယ်အိမ်ကိုယ့်ရွာ မဟုတ်တဲ့ အလုပ် လို နေရာမျိုးမှာ ဆိုရင်တော့ ကျွန်တော့်အတွက် သိပ်လွယ်တယ်၊ လမ်းဘေး မုန့်ဈေးဆိုင်၊ ဒါမှမဟုတ် ထမင်းဆိုင်၊ စား သောက်ဆိုင်၊ လက်ဖက်ရည်ဆိုင် နဲ့ လွယ်လွယ်ကူကူ ပြီးသွားတတ်ပါတယ်၊ တစ်ခါ တစ်လေ လက်ဖက်ရည် တစ်ခွက်၊ မုန့်တစ်ခု နဲ့လည်း တင်းတိမ် တတ်ပါတယ်၊ အလုပ်အခြေ အနေပေါ် လည်းမူတည် ပါတယ် ပေါ့လေ၊
တစ်ခါ ညစာ ထမင်းစားတဲ့ အခါမှာလည်း ထိုနည်းလည်း ကောင်းပါဘဲ၊ ကျွန်တော်တို့တွေ ကတော့ ညစာကို အထူးတလည် ပြင်ဆင်ခြင်း မရှိကြပါဘူး၊ ဘာပဲဖြစ်ဖြစ် ကျွန်တော်လည်း အတူတူပါပဲ၊ သိပ်ခမ်းခမ်း နားနားမရှိပါဘူး၊ အထူးသဖြင့် ညစာစားတဲ့အခါ မှာတော့ မိသားစု တော်တော်များများ စုံစုံညီညီ စားကြတာကို တော့တွေ့မယ် ထင်ပါတယ်၊
ကျွန်တော်ကို့ Tag တဲ့ ကိုနေလင်း ရေ၊ ကျွန်တော်ရဲ့ အတွေးအမြင်လေးကတော့ ဒီလောက်ပါဘဲ၊ ကျွန်တော့်ကို Tag တဲ့အတွက် ကျွန်တော် ၀မ်းသာသလို၊ ပျော်ရွင်မိပါတယ်၊ ဘာဖြစ်လို့လည်း တော့ မသိဘူး၊ ကျွန်တော့်စာရေး ပျင်းတာ ဒီ Tag တွေက ကျွန်တော့်ကို စာရေးရအောင် ဆွဲခေါ်သလိုပါဘဲ၊
အစကတော့ Connection ကောင်းရင် ထမင်းဝိုင်း၊ မုန့်ဟင်းခါးပွဲ ပုံလေးတွေပါ တင်မလို့ပါ၊ ဒါပေမယ့် ကိုမောင်မင်းကြီးသား Connection က တစ်ဝက်တစ်ပြက် နဲ့ပြတ်သွားလို့ ရိုက်ပြီးသား နဲ့မနည်းတောင့် Save လုပ်လိုက်ရတယ်ဗျာ၊
ပျော်ရွှင်ချမ်းမြေ့ကြပါစေ။ :D
ကေမောင်ငြိမ်း
3 မှတ်ချက်ပေးသွားတယ်:
ဖြစ်သလို စားပေလို့ ပဲနော်...
မနာလိုဘူးး မုန့် ဟင်းခါးစားချင်လိုက်တာနော်...ထမင်းဝိုင်းကလဲ ဘုန်းကြီးပွဲကြနေတာပဲ :)
ညီလေးကေရေ...
မြန်မာ အစားအစာတွေ မွေကတည်းက စားလာလို့လား မသိဘူး... အရမ်းကြိုက်တယ်... အထူးသဖြင့် မုန့်ဟင်းခါးပေါ့....
ညီလေးတင်ထား တွေ အဝစားသွားပါတယ်နော်...
ခင်တဲ့..
ကိုနေလင်း :)
တို့စရာ တွေ နဲ့ ဟင်းတွေ က စုံလှချေ လား ကိုကေငြိမ်းကြီးရေ ၊၊ ဗိုက်တောင်စာ လာပြီ ၊၊ဖြစ်သလို
ဝင်ပြီး သွားရည်ကျ သွားတယ်ဗျာ ၊၊
ခင်မင်တဲ့
Post a Comment