Liverpool FC Fan(good news)

ရာဖါဘင်နီတက်စ်က လီပါပူးအသင်း တိုက်စစ်မှူး ဖါနန်ဒိုတောရက်စ်မှာ အသင်းဟောင်း အသလက်တီကို မက်ဒရစ်နှင့် ချန်ပီယံလိဂ်ပွဲ ကစားရန် ၇၀% ကြံ့ခိုင်နေပြီး ကြံ့ခိုင်မှု အပြည့်မရသေးသော်လည်း ထိုပွဲတွင် ပါဝင်ကစားစေမည်ဟု ထုတ်ဖေါ်ပြော ဆိုလိုက်သည်။ လီဗါပူးတိုက်စစ်မှူး ဖါနန်ဒိုတောရက်စ်မှာ စပိန်အသင်းနှင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲကစားရင်း ဒဏ်ရာရခဲ့ခြင်းဖြစ်ပြီး လွန်ခဲ့သော နှစ်ပတ်က ကစားခဲ့သည် အသလက်တီကို မက်ဒရစ် အသင်းနှင့်ပွဲတွင် မပါဝင်နိုင်ခဲ့ပေ။ ဘင်နီတက်စ်က ဖါနန်ဒိုဟာ ဒဏ်ရာ ကုသဖို့အတွက် ကြိုးကြိုးစားစား လုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် အထူးကု ဆရာဝန်တွေကလည်း အထူးကြပ်မတ် ကုသပေးခဲ့တယ်။ မနေ့က လေ့ကျင့်ခန်း စဆင်းပြီးတော့ ဒီနေ့လည်း ထပ်ပြီး လေ့ကျင့်ခန်း ဆင်းမှာပါ။ သူ ၇၀ % နှုန်းလောက် ကြံ့ခိုင်မှု ရနေပြီး မနက်ဖြန်ကစားမဲ့ ပွဲမှာတော့ ၀င်ကစားနိုင်နေပါပြီ။ အသလက်တီကို မက်ဒရစ်အသင်းဟာ သူ့ရဲ့ ပထမဦးဆုံး ကစားသမားဘ၀ အသင်းတစ်သင်း ဖြစ်ပါတယ်။ အဲဒီအသင်းက သူ့ကိုပြုစု ပျိုးထောင်ပေး လိုက်တာပါ။ အခုတော့သူဟာ လီဗါပူးအသင်းကို ရောက်နေပါပြီ။ အသင်း နှစ်သင်းစလုံးက ပရိသတ်တွေက သူ့ကို ချစ်ကြတယ်။ သူ့ဒူးဒဏ်ရာကြောင့် သူဟာ ပထမပွဲမှာ ၀င် မကစားနိုင်ခဲ့ဘူး ဒါ့ကြောင့် ဒုတိယပွဲမှာ သူ့ကို အခွင့်အရေး ပေးရပါ့မယ် ဟုပြောကြား ခဲ့သည်။

2 မှတ်ချက်ပေးသွားတယ်:

ဖြိုးငယ် said...
November 4, 2008 at 6:10 PM

တောရက်စ်ရဲ့ သတင်းကောင်းကို လီဗာပူး ပရိတ်သတ် တစ်ယောက်မို့ လာဖတ်တာ ..
ဖောင့်က ဘာဖောင့်မှန်းမသိဘူးဖြစ်နေတယ် .. ခက်ပါ့

Anonymous said...
November 4, 2008 at 9:05 PM

သူပါမှပဲ ကောင်းမှာဗျာ ...
စပါးနဲ့ ပွဲမှာ သူလို့ အဆုံးအဖြတ်
ကောင်းတဲ့ ဂိုးတွေသွင်းမဲ့သူ
မပါလိုက်တာ အထိနာတယ်

ကြိုးကြာတွေ အမြှင့်ပါမှာပါဗျာ

ထာဝရလီဗာပူးပရိသတ်