သူပြောတာ ဟုတ်တယ်
တစ်ခါက ပင်လယ်ခရီးသွား သင်္ဘောတစ်စီး ပျက်ရာ ငယ်ရွယ်လှပသော မိန်းကလေး တစ်ယောက်နှင့်
သူဧ။် အူတူတူ အ တတ ခင်ပွန်းတို.သည် ဦးဦး မှော်ဆရာ နှင့်အတူ ကျွန်းတစ်ကျွန်းပေါ်သို. ရောက်ရှိသွားလေသည်။ တစ်နေ. နံနက်ခင်းတွင် ဦးဦး မှော်ဆရာ က အုန်းပင်အမြင့်ကြီးပေါ်သို.တက်သွားပြီး အပေါ်ရောက်တဲ့ခါ
အောက်ကိုလှမ်းကြည့်ပြီး အော်ပြောလိုက်သည် ။
"ဟေ့လူတွေ နေ.ခင်ကြောင်တောင် ဘာတွေ လုပ်နေတာလဲ ၊ မကောင်းပါဘူးဗျာ ၊ ဆင်ခြင်နေမှပေါ့ "
မကြာခင် ကျနော် အုန်းပင်ပေါ်က ဆင်းလာသောအခါ လင်ယောက်ျားဖြစ်သူက မေးသည် ။
" ခင်ဗျား ဘာတွေ ဖြစ်နေတာလဲ ၊ ကျုပ်တို.ဘာသာ အေးအေးဆေးဆေး ထိုင်နေကြတာပဲ ၊
ဘာမှလဲ မလုပ်ရပါလား "
" ဆောရီးဗျာ ၊ အုန်းပင်ပေါ်ရောက်တဲ့ခါ အောက်ကို လှမ်းကြည့်ရင် အဲဒီတိုင်းမြင်နေရလို.ပါ ၊
ကျနော် တောင်းပန်ပါတယ် "
ထိုသို.နှင့် နေ.စဉ် နံနက်တိုင်း ဦးဦး မှော်ဆရာ ထို အုန်းပင်ပေါ်သို.တက်ပြီး အပေါ်သို.ရောက်တိုင်း
ထိုသို.အော်ဟစ်နေလေသည် ။ နောက်ဆုံးတွင် လင်ယောက်ျားက သူကိုယ်တိုင် အုန်းပင်ပေါ်သို. တက်ကြည့်ရန်
ဆုံးဖြတ်လိုက်သည် ။ သို.နှင့် အုန်းပင်ပေါ်သို. ခက်ခက်ခဲခဲ ကြိုးစားပန်းစားတက်ရာ နောက်ဆုံး အုန်းပင်ပေါ်သို.
ရောက်သွားသည် ။ ထိုအခါကျမှ သူ.နှုတ်မှ ရေရွတ်ပြောဆိုလိုက်သည်မှာ ..
" ဟာ .. ဟို မှော်ဆရာ ပြောတာ မှန်သားပဲ ၊ အောက်ကိုလှမ်းကြည့်လိုက်တော့
သူပြောတဲ့ အတိုင်းပါပဲလား " ဟူ သတဲ့ ။
**********************
ဟိုက် .. လူမှားပြီ
မြို.တစ်မြို.တွင် ရုပ်ဖျက်ပြီးမျက်နှာဖုံးစွပ် ကရသော ပါတီပွဲသို. မိန်းမ ဖြစ်သူ ခေါင်းကိုက်နေသဖြင့်
မလိုက်နိုင်တော့ဘဲ ယောက်ျားဖြစ်သူကို သူ.ဘာသာသူ သွားရန်ပြောသည် ။
ထို.နောက် မိန်းမ ဖြစ်သူက ခေါင်းကိုက်သက်သာလာသဖြင့် ပါတီပွဲသို. အ၀တ်စားလဲပြီး လိုက်သွားလေသည် ။
ထို ၀တ်စုံကို ယောက်ျားအနေဖြင့် တခါမှ မမြင်ဖူးပေ ။ ပါတီပွဲ ရောက်တော့ သူ.ယောက်ျားမှာ မိန်းမ တစ်ယောက်နဲ့
တွဲကလျက်ပျော်ရွင်နေသည်ကို တွေ.ရလေသည်။
သို.နှင့် သူ. ယောက်ျားထံသွားပြီး အနားကပ်ရ်ျ တိုးတိုးလေးပြောလိုက်ရာ သူ. ယောက်ျားက သူ နှင့်ပင်
အချိန်တော်တော် ကြာတွဲကတော့သည်။
ထို.နောက် သူ.ယောက်ျားအား ပန်းခြံထဲခေါ်လာရာ နှစ်ယောက်သား ကြည့်နူးလျက်ရှိကြသည် ။ ညသန်းခေါင်ရောက်လျှင်
လူအားလုံး မျက်နှာဖုံးတွေချွတ်ရသဖြင့် မိန်းမ ဖြစ်သူမှာ ထိုအချိန်မတိုင်ခင် အိမ်ပြန်လာခဲ့သည်။ သူ.ယောက်ျားဖြစ်သူမှာ
မနက်သုံးနာရီထိ အိမ်ပြန်မလာသေးပေ ။ မိုးလင်းခါနီးမှ ယောက်ျားဖြစ်သူ ပြန်လာရာ မိန်းမ က မေးလိုက်သည်။
" ဘယ့်နှယ့်လဲ ပါတီပွဲက တော်တော် ပျော်စရာကောင်းရဲ့လား ။ "
" ပျင်းစရာကြီးပါကွာ "
" ရှင် မက ခဲ့ဘူးလား "
" တကယ်ပြောရမယ်ဆိုရင်ကွာ ၊ ပါတီရောက်သွားတော့ ပီတာ ၊ ဘီလ် ၊ ဖရက် တို. နဲ့ သွားတွေ.တာနဲ့
မြေအောက်ခန်းထဲသွားပြီး ဖဲကစားနေကြတာကွ "
" ဟုတ်တယ်လေ ၊ အင်္ကျီ အ၀တ်အစားနဲ့ မျက်နှာဖုံးကိုတောင် ဂျက် ကိုပေးလိုက်တယ် ။
ဂျက် ကတော့ ပြောတယ်ကွ ၊ သူ. ဘ၀ မှာ အပျော်ဆုံးပါတီပွဲ ပဲတဲ့ "
****************************
မနာလိုတာ
ပီတာ ဆိုသူက ဦးဦး မှော်ဆရာ အား သူ အလုပ်ပြုတ်သွားပြီဖြစ်ကြောင်းပြောပြနေသည် ။
ထိုအခါ ဦးဦး မှော်ဆရာ က သူ.ကို တအံ့တသြ နှင့် မေးလိုက်သည်။
" မင်း ကို ဘာဖြစ်လို. ဖိုမင်က အလုပ်ဖြုတ်လိုက်တာလဲ ကွ "
" မင်းကလဲ ကွာ ၊ ဖိုမင် ဆိုတာ ဘယ်လိုလူတွေလဲ ဆိုတာ မင်းလဲ သိသားပဲ ၊ အားလုံး အလုပ်လုပ်နေကြတဲ့ အချိန်မှာ
ဖိုမင် ဆိုတဲ့ ကောင်က ဘောင်းဘီ အိတ်ထဲလက်ထဲ့ပြီး ဇိမ်နဲ့ လိုက်ကြည့်နေတာ မဟုတ်လားကွ "
" အေးလေ ၊ ဒါ လူတိုင်းသိတာပဲ ၊ မင်းကို အလုပ်ဖြုတလိုက်တာနဲ့ အဲဒါနဲ့ ဘာဆိုင်လို.လဲ "
" မနာလိုတာပေါ့ကွာ ၊ အလုပ်သမားတွေ က ငါ့ကို ဖိုမင်ထင်နေတာကွ ..."
**************************

0 မှတ်ချက်ပေးသွားတယ်:
Post a Comment