Learning BLog

ကျွန်တော် ဒီဘလော့ကိုဆွဲဘို့ အချိန်တော်တော် လေးယူခဲ့ပါတယ်။ ဘာလို့လဲဆို တော့ ဒီဘလော့နဲ့ပတ်သက်တဲ့ သင်တန်း တွေ ဘာတွေ ကျွန်တော် မတက်ဘူးပါဘူး။ ဒါပေမယ့် အင်တာနက်ကိုတော့ မကြာခဏ အသုံးပြုတတ် အတွက် ဒီဘလော့တွေကို အမြဲမြင်ဘူးခဲ့ပါတယ်။ စိတ်လည်းဝင်စားပါတယ်။ ဒါပေမယ့်မသုံးဖြစ်ခဲ့ပါဘူး။ အခုတော့ ကျွန်တော် online friends တယောက်ကနေ http://nyilynnseck.blogspot.com/ ဆိုတဲ့ ဘလော့ တင်သူတစ်ယောက် လိပ်စာကို ကျွန်တော်ရခဲ့တယ်။ ကျွန်တော့် သူငယ်ချင်း အပြောရဆိုရင် အင်တာနက် ဘလော့ တစ်ခုနဲ့ပတ် သက်လာရင် မြန်မာနိုင်ငံမှာ ဆရာတစ်ဆူလို့ ပြောခံရတဲ့လူလို့ ပြောခဲ့ပါတယ်။ တကယ် လည်းသူ့ ဘလော့ကိုဝင် ရောက်ကြည့်ကြည့်ရှုမိရင် သူလုပ်ဆောင်ထား တာတွေကိုတွေ့ရမှာပါ။ တကယ်ကို ပြောင်မြောက် ပါတယ်။ လေးစားမိပါ တယ်ဗျာ။အခု ကျွန်တော်လုပ်ဆောင် ထားတာတွေ အကုန်လုံး ဟာလည်း သူဘလော့ရဲ့ အညွန်း၊ သူ့ဥပမာပေး ထားတဲ့အတိုင်း လုပ်ဆောင်ခဲ့ပါတယ်။ ကျွန်တော်ရဲ့ မမြင်ရတဲ့ ဆရာပေါ့။



0 မှတ်ချက်ပေးသွားတယ်: