ANTIVIRUS

အခုတစ်လော virus အကြောင်းက တော်တော်လေး ကြားနေရ ပြန်တယ်၊ ဒီဟာက အသေးအဖွဲ့လို့ ဆိုပေမယ့် ကျွန်တော်တို့လို ကွန်ပျူတာ သိပ်မကျွမ်းကျင်၊ မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတွေအတွက် တော့ အနှောင့်အယှက် တစ်ခုဖြစ်နေတယ်၊ ဒါပေမယ့် ဒီလို မဖွံ့ဖြိုးသေး ပြန်တော့လည်း နိုင်ငံခြား တွေကလို အရမ်းအဆင့်မြင်တဲ့ Hacker တွေ၊ Viurs တွေ ၀င်မလာနိုင်ဘူးပေါ့၊ ကွန်ယက်ဆက် သွယ်မှုဟာ အားနည်းနေ သေးတယ်ဆိုပေမယ့် ဒီအင်တာနက် ချိတ်ဆက်ထားတဲ့ အချို့နေရာ တွေမှာတော့ အဖြေဟာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွား နိုင်ပါတယ်၊ လက်ရှိ ကျွန်တော်တို့ အသုံးပြုနေ တဲ့ ဗိုင်းရပ်စ်ကာကွယ် ရေးစနစ်ဟာ ပြည်ပကလာတဲ့ ဆော့ဝဲလ် တွေကိုဘဲ အားကိုးနေရတဲ့ အနေအထားမှာ ရှိနေပြီး ပြည်တွင်းမှာ ထုတ်လုပ် ရေးဆွဲနိုင်တဲ့ အခြေအနေ မရှိသေးပါဘူး၊ ဒါဟာ ကျွန်တော်တို့ လက်ရှိကြုံတွေ့ နေရတဲ့ အဖျက် soft တွေနဲ့ အသုံးပြု နေတဲ့ soft တွေဟာ ဟန့်တားမှု ထိရောက်နိုင်စွမ်း မရှိတာကို တွေ့ရမှာ ဖြစ်ပါတယ်၊ ပြည်တွင်း အနေဖြင့် အများဆုံး အသုံးပြုတဲ့ Antivirus တွေကတော့ နိုင်ငံခြားမှာလည်း ထိပ်တန်းအဆင့် ရှိတဲ့ software တွေသာ ဖြစ်ပါတယ်၊ အသုံးပြုသူ အနေဖြင့် လိုင်စင်ဝယ်ယူပြီး အသုံးပြုတဲ့ software နှင့် free software တို့သာ ကွာခြားမှုရှိပါတယ်။ အများအားဖြင့် ကွာခြားမှု သိပ်မရှိ သော်လည်း အချိန်ကြာ လာသည်နှင့်အမျှ update မလုပ်နိုင်ခြင်း၊ Installiation complete မဖြစ်သောကြောင့် အများအားဖြင့် ၁ နှစ် အနည်းဆုံးသာ သုံးစွဲနိုင်ပါတယ်၊ အများဆုံး အသုံးပြုတဲ့ software တွေကတော့ norton doctor,norton internet security,norton 2007,norton symantec coporate,avg 7.0,avg 7.5,avg 7.9,Kapersky internet securtiy 6.0,Kapersky 7.0,Macfee,NoD32,Tueen up,Bit Defender တို့ ပါဘဲ၊ ဒါဟာ ကျွန်တော်သိ သလောက် ပါဘဲ၊ အများကြီး ကျန်ဦးမှာပါ၊ ဒါပေမယ့် ဒီအထဲမှာ အသုံးပြုသူအတွက် update ပေးနိုင်တဲ့ software ကတော့ ရှားပါတယ်၊ အထူးသဖြင့် norton ပါဘဲ၊ သူကတော့ ကျွန်တော်တို့ ဆီမှာ အများဆုံး အသုံးပြုပါတယ်၊ လက်ရှိ ကျွန်တော်တို့ဆီမှာ အများဆုံး အနှောင့်အယှက်ပေး နိုင်တဲ့ trojan horse,worm,flasht,$data$,.exe စတာတွေပါဘဲ၊ အများဆုံးကတော့ ကျွန်တော် ရှေ့မှာ ဖော်ပြခဲ့တဲ့အတိုင်း other device တွေပါဘဲ၊ သူတို့ဟာ အလွန်ကူဆုံး ပြန့်ပွား ကူးစက်နိုင်ပါတယ်၊ သမားရိုးကျကတော့ ကိုယ်ပိုင် PC မှာ ကာကွယ်ရေး software ကို တပ်ဆင်ထားတာနဲ့ ကာကွယ် နိုင်ပါတယ်၊ ဒါပေမယ့် များသောအားဖြင့် ဒီ virus defenation တွေကို update မှန်မှန် လုပ်နိုင်ရင်တော့ အလွယ်ကူဆုံး ကာကွယ်ခြင်း ပါဘဲ၊ ပုံမှန် မလုပ်နိုင်ဘူး ဆိုရင့်တော့ ဒါဟာ ကာကွယ် software ကို အလုပ်လုပ်စေမှာ မဟုတ်ပါဘူး၊ အခု နောက်ပေါ် လာတဲ့ အဖျက် ဆော့ဝလ် တွေဟာ ကိုယ်ရဲ့ ကာကွယ်ရေး ဆော့ဝလ်တွေ ပုံမှန် update မလုပ်နိုင်ခင် သူတို့ဟာ အလိုလို update ဖြစ်နေ တာကို တွေ့ရမှာဖြစ်ပါတယ်။ အလွန် တရာ အဆင့်မြင့်တဲ့ အဖျက် ဆော့ဝလ်တွေပါ၊ သူတို့ဟာ အနည်း ဆုံးတော့ winodws system တွေ၊ folder option တွေ၊ system login ဖိုင်တွေ ကို အနှောင့်အယှက်ပေး နိုင်ပါတယ်၊

0 မှတ်ချက်ပေးသွားတယ်: