ဘ၀ရဲ့ အချိန်တော်တော် များများကို ဒီဟာကြီးက စိုးမိုးထား တယ်ဗျာ၊ အခု အချိန်ထိတော့ ကျောင်းသား ဘ၀ ကမလွတ်နိုင် သေးသမျှ အရမ်းကို စိတ်ဖိစီးမှု ပေးတဲ့ဟာကြီးပါ၊ ကျွန်တော်ဒီလို ပြောလိုက်လို့ စာဖတ် သူတွေ အနေနဲ့ ကျွန်တော်ဟာ စာမကြိုးစား ချင်တဲ့သူ တစ်ယောက်လို့ ထင်ကောင်း ထင်နိုင် ပါတယ်ဗျာ၊ ဒါပေမယ့် မတတ်နိုင်ဘူးလေ၊ သူက အများကြီးကို ခွဲခြား ပစ်တယ်လို့ ထင်တာဘဲဗျ၊ ဘ၀ရဲ့ အဓိက အပိုင်း တွေကို ဒီဟာကြီးနဲ့ ခွဲခြား ပစ်တယ်ဗျာ၊ စိတ်ညစ်တယ်၊ အခုလည်း ဖြေရတော့မယ်၊ ဒီနောက်ဆုံးနှစ်ကို ဒီနှစ် တော့ ကျွတ်မယ်ထင် တာဘဲ၊ ဖြေလာတာလည်း နှစ်ပေါင်းမနည်း တော့ဘူး၊ တတ်နိုင် သမျှတော့ ကြိုးစား သွားရ မှာဘဲ၊ ခက်တာက စိတ်ဗျ၊ စိတ်က စာအုပ်၊ စာပေ၊ စာစောင်တွေနဲ့ မတည့်ဘူးဖြစ် နေတယ်၊ ဒီအပျင်း ရောဂါကို မြန်မြန်ကုမှ ဖြစ်မယ်၊ ပျင်းနေရင်းက ဖျင်းလာရင် တော့မလွယ်ဘူးဗျို့၊ ကဲ ဒီနေ့တော့ ဒီလောက်ပါဘဲဗျို့
ကေမောင်ငြိမ်း
1 မှတ်ချက်ပေးသွားတယ်:
ဝေဖန် အကြံပြု အားပေးပြုပြင် နည်းလမ်းညွှန်သူ တမိုးအောက်လူသား ဘလော့ မိတ်ဆွေများ အားလုံးကို
Welcome Welcome!
Post a Comment