STOP! Access Denied

ရေးနေကျ ဒီတစ်ပတ်ရဲ့week or the match ကတော့ ဒီစကားလုံးကြီး ဖြစ်ပါတယ်၊ မြန်မာပြည်က ကြည့်လို့ရတဲ့ ၀က်ဆိုဒ်တော်တော်များများကို ဒီစာလုံးကြီးက သူရဲ့ အဓိပါယ်ဖွင့်ဆိုချက်၊ ဥပဒေ၊ ယူဆချက် တွေနဲ့ ခွဲခြား(ဘမ်းထား)ထားပါတယ်၊ အင်တာနက် အပျံသင်စတုန်းက နားမလည်သေး ပေမယ့် အခု လို သိပ်ပြီး မရင့်ကျက်သေးတဲ့ အချိန်တွေမှာလည်း ဒီစာလုံးကြီးကို နားမလည် နိုင်သေးပါဘူး၊ ဘာကြောင့် ဆိုတာကို သိသူများ၊ တတ်သူများ၊ နားလည်သူများကို မေးမြန်းကြည့်ပေမယ့် သိပ်ပြီးထူးခြားမလာပါဘူး၊ ဒါပေမယ့် အဆိုပါ(သိသူများ၊ တတ်သူများ)ကဘဲ ဒါဟာ အလွယ်လေးပါဆိုတဲ့ အကျော် (website)များဟာလည်း သူတို့ မသိသေးခင် အင်မတန်အဖိုးတန်ပေမယ့် သိသွား တတ်သွားတဲ့ အချိန်မှာတော့ ဘမ်းပလိုက်ပါပြီ၊ သိသလောက်တော့၊ မှတ်သလောက် ပြောရရင်တော့ ဘိုဆန်ဆန် i don't have idea ၊ ခက်ပါတယ်ဗျာ၊ ဘယ်အဖွဲ့အစည်းဆိုတာကို အခုထိ မသိပေမယ့် ဒီကိုယ်တော်မြတ်တွေက နိုင်ငံခြားမှာ (၃)နှစ်လောက် သွားပြီး ပညာသင်လာတဲ့ ကိုယ်တော်တွေဆိုတာ တစွန်းတစကြားရ ပါတယ်ခင်ည၊ အခုလည်း ကျွန်တော် update ကလေးတောင် မှန်မှန်မလုပ်နိုင်တော့ဘူး၊ ကော်နက်ရှင် ကောင်းတဲ့အခါမှသာ အဆင်ပြေတာ၊ မကောင်းတဲ့ အခါကျရင်လည်း homepage လေးတောင် တော်တော်စောင့်ရတယ်ခင်ဗျ၊ ဘယ်တတ်နိုင်ပါ့မလဲဗျာ၊ အရင် chat ရောဂါကနေ အဆင့်တက်ပြီး blog ရောဂါစွဲ ကပ်လာပြီး ကိုး၊ ဘယ်ဆေးနဲ့မှ ပျောက်မလဲမသိဘူးနော်၊ အခုတော့ ကာကွယ်ဆေးတွေတော့ ပေါ်လာတယ်လို့ ပြောတယ်ခင်ဗျ၊ အင်း လျှပ်စစ်မီးနဲ့ ပိုက်ဆံပေါ့၊ တစ်ခါတစ်လေ သူက ကျွန်တော့်ကို အင်တာနက် ဘယ်တော့မှ မသုံးနိုင်လောက်အောင် ဆိုဆုံးမတယ်ခင်ဗျ၊ အဲ နောက်တခု ရှိသေးတယ်၊ connection speed လေ သူက ပိုဆိုးတယ်ဗျ၊ အင်းလေ ဘယ်တတ်နိုင်ပါမလဲ၊ ဒီလောက်သုံးရလောက် အောင်ဘဲ ဗမာလူမျိုးပီပီ ရောင့်ရဲ တင်းတိမ်လိုက်ကြတာပေါ့ဗျာ။

0 မှတ်ချက်ပေးသွားတယ်: