“နောက်ဆုတ်ခြင်းရဲ့ ခြေတစ်လှမ်း”

ဝိုင်းပြီး ဖွင့်ဟ မင်းလုပ် သမျှ
စဉ်းစားခဲ့ရ ဘ၀ ပျက်ခဏ
ခံနိုင်ရည် မရှိ အဖြူ အမဲမသိ
တွန်းအားကြား ဖိအားများ
ဘာလုပ်ရမလဲ ဒါဒုက္ခပဲ .....

မင်းတို့ နှစ်ယောက်ကြား ငါဝင်တာလား ?
ငါတို့ နှစ်ယောက်ကြား သူဝင်တာလား ?

မင်းသူ နဲ့တွဲ ဘယ်လို ခံစားရ မလဲ
သူ့သတင်း တွေဘဲကြား ငါဟာ လူလား
သူမှသူ ငါကဘေးလူ ..... တဲ့။

အဆင်မပြေ သူတွေကြား အထင်အမြင်ေ၀၀ါး
လမ်းမှား ကိုလျှောက် ကြားဝင်မှောက်
မင်းက စိတ်ညစ် အချစ် မစစ်
တန်ပြန် ပေးဆပ် ငါ့ဘ၀ အတွက်
အခုမှ အသံကြား ငါဟာ ကြားလူလား ....

သင်္ကြန်မှာ မဖော်မရှိ အဖြေတောင်းတဲ့ ငါ့အသိ
အဖော်ကိုရှာ အဖြေပေးကာ
ခဏတာ ချစ်သူ ငါဟာဘေးလူ
သူငယ်ချင်း ပြန်ပြော ငါဟာ အဆွေး မှာမြော .....

ရင်ထဲက အဖြစ်အပျက် ရင်ထဲမှာ ရှိလျက်
လက်စားချေမဲ့ အကြောင်း ငါ့ဘ၀ကို ပြောင်း
တိုက်ခိုက်တဲ့ မုန်တိုင်း တစ်ချိန်တုန်း ကမမုန်း
အခုတော့ ပြိုလဲ မင်းဟာ တစ္ဆေပဲ ......

လက်စားချေလို့ မပြီး ငါ့ဘ၀ရဲ့ မီး
မင်းလုပ်ရပ် ပီပြင်တာလား ?
ငါ့ဘ၀ကို ကစားတာလား ?
ငါ့ဟာ လူသား ခံစားချက်များ
ခံနိုင်တုန်းခဏ ကြာလေ ပြဿနာစ ......

နောက်ဆုတ် ဆိုတဲ့စကား လွယ်လွယ်လေးလား
ငါ့မှာခံစား အသက်မဲ့သွား
ခဏတာရှုးသွပ် အချစ်ကို ခူးဆွတ်
ငါ့အသိဝယ် မင်းကိုချစ်တယ် .......


written by kks 

0 မှတ်ချက်ပေးသွားတယ်: