ဘ၀တစ်ခု The Life


ကျွန်တော်တို့ တစ်တွေ လူသား တစ်ယောက် ဒါမဟုတ် သက်ရှိ လောက ထဲကို ရောက်လာပြီ ဆိုတာနဲ့ ဘ၀ တစ်ခုကို ပိုင်ဆိုင် ကြရ မယ်လို့ ထင်တယ်။ သူမွေးဖွား လာတဲ့ အတန်းစား အလွှာ တစ်ခုမှာ ရှိနှင့်နေပြီ ဖြစ်တဲ့ ပိုင်ဆိုင်မှု တွေကို သူအနေနဲ့ ရင်ဆိုင် တွေ့ကြုံရ မယ်ထင် ပါတယ်။ ဘာသာစကား အမျိုးမျိုး၊ ကိုးကွယ်မှု အမျိုးမျိုး၊ အတန်းအစား အလွှာအမျိုးမျိုးတွေ ကြားမှာ မွေးဖွားလာ ကြတာ၊ အယူအဆ အမျိုးမျိုး တွေနဲ့ပါဘဲ၊ ဘယ်သူမှလည်း မွေးဖွားလာ ကတည်းက အတိအကျ ဘယ်သူက မင်းဖြစ်မယ်၊ ဘယ်သူက ဆရာဝန်ဖြစ်မယ်၊ ဘယ်သူက သူတောင်းစား ဖြစ်မယ်လို့ နဖူးမှာ စာကပ်ထားတာ မဟုတ်လေတော့။ ကျွန်တော်တို့ လက်ရှိကြုံတွေ့ နေရဲတဲ့ ဘ၀ ဆင်းရဲ ပင်ပန်းမှု အထွေထွေဟာ ကိုယ်ကိုတိုင် ဖန်တီးနေ သလို ဖြစ်မယ် ထင်တယ်။ ဘယ်တတ် နိုင်ပါမလဲဗျာ၊ မွေးဖွားလာတဲ့ ကိုယ်ရဲ့ အတိတ်ဝဋ်ကြွေး ကိုဘဲ အပြစ်တင် ရမလား၊ ရတုန်းရ ခိုက်အချိန် တွေကို တန်ဖိုးရှိရှိ အသုံးမချခဲ့ တဲ့ နောင်တ တွေကိုဘဲ အပြစ် တင်ရမလား အခု အချိန် အထိတော့ ဝေခွဲ မရပါဘဲဗျာ၊

ဆက်ရန်

0 မှတ်ချက်ပေးသွားတယ်: