လတ်တလောခံယူချက်တွေ (ကိုဟန်သစ်ပြောတဲ့)

ကျွန်တော့် ကလည်း အားကျမခံ ကိုယ်အထုပ် ကိုယ်ဖြည်မည်၊ သို့သော် ဒီအတိုင်းတော့ အဖြည်မခံ၊ အဖော် အဖြစ် ကိုဟန်သစ် Tag နှင့် ကိုသင်ကာ Tag တို့ကို သွားညှိသည်၊ ရပြီ၊ ကိုဟန်သစ် လာပြော ပြောချင်း လိုက်ကြည့်သည်၊ အဆင် ပြေသည်၊ ကိုသင်ကာဆီ ရောက်ကာမှ မောင်မင်းကြီးသား ကွန်က မတက်ချင်၊ ကိုသင်ကာကို ပုဂံက ပိုပြီး ရွေးဘမ်းသည် (ထင်သည်၊ ခက်၏) တဖြေးဖြေး နှင့်တော့ မြင်ရပြီ၊ သိပ်တော့ မကောင်း၊ ကိုဟန်သစ် ကိုဘဲ အတုယူ လိုက်မည်၊ အိုက်ဒီယာ မရှိတရှိ၊ စာမရေးတတ် ရေးတတ်နှင့် အထုပ် ဖြည်ချေ တော့မည် ။ :D


ကိုယ့်ရဲ့နာမည် ………… နာမည်မှာ ငြိမ်းပါသော်လည်း ဘ၀မှာ အမြဲတမ်း မငြိမ်း၊
ကိုယ်ကိုသူငယ်ချင်းတွေကဒီလိုခေါ်တယ် ………… ကျောင်းတုန်းက ပိုက်ဆံချီးသည်၊ မရသဖြင့် ရတာ ယူလျင်၊ သိမ်းလျင် ချစ်တီး လို့ခေါ် ကြသည်။
ကိုယ်ဒီမှာနေတယ်………… ရန်ကုန် တစ်ဖက်ကမ်း(ဒလ)မဟုတ် (ငမိုးရိပ် ချောင်းခြားလျက်) မြောက် ဒဂုံ
ကိုယ့်ဆီဖုန်းဆက်ချင်ရင်………… ဖုံး တစ်လုံး (၁၀၀၀၀)ဖြစ်မှ ကိုင်မည်။
ကိုယ့်ရဲ့အကြိုက်ဆုံးတွေက
အရောင်ဆိုရင်………… အစိမ်း၊ (အရောင်စိမ်း သော်လည်း အသဲက မစိမ်း)
အ၀တ်အစားဆိုရင်………… စတစ် ကော်လံနှင့်  ဂျင်းဘောင်းဘီ
အစားအစာဆိုရင်………… အစာဖြစ်တဲ့ အစားတွေ (ကိုဟန်သစ်နှင့်တူသည်)
ပစ္စည်းဆိုရင်………… အလကားရလျင် ဘယ်တော့မှ မငြင်း
သီချင်းဆိုရင်………… လူနှင့်မလိုက် အောင်ကြမ်းသည် (ကြမ်းမှကြိုက်သည်၊ မှတ်ချက်-မြူးဇစ်)

စာရေးစာဆရာ………… အကုန်ဖတ်သည် (တစ်ယောက်ထဲ ဖတ်တာရော အများနှင့်ဖတ်တာပါ ပါသည်)
စာအုပ်………… အတွေးအခေါ် စာအုပ်များ ကြိုက်သည်။ (နားနှင့်မနာ ဖ၀ါးနှင့်သာနာ)
Life style………… ပျော်ပျော်နေ သေခဲ။
ကိုယ့်ရဲ့ဝါသနာ………… တစ်ချိန်ချိန်မှာ လူကြီးဖြစ်လာဘို့၊ (၀ါသနာ ပါလျင် သိကြာမင်း တောင် နေရာပေး မည်မဟုတ်။)
အလိုချင်ဆုံးလက်ဆောင်………… ပိုက်ဆံချေးမည့်သူ (အတိုးပါပေး စရာမလို)
ကိုယ့်ရဲ့ အချစ်ဆုံးသူက………… အချစ်ဆုံးသူပေါ့။
ကိုယ့်ရဲ့ အလေးစားဆုံးသူက………… ကိုယ်အလေးစားဆုံးသူဘဲ၊ (မြန်မာစာများ တယ်ပြီးတော့ ရှင်းရ ခက်သည်။)
ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက………… ငယ်ပေါင်းတွေက အကောင်းဆုံးဘဲ၊ ဟိုးကတည်းက စရိုက် အကုန် တူတယ်။)
ကိုယ့်ကို အများဆုံးနား လည်မှုပေးနိုင်သူက………… ကိုယ်အချစ်ဆုံးသူ။ (ကြုံချင်သပါ့)
ကိုယ့်ရဲ့ အမုန်းဆုံးသူက………… ၁။အကြွေးရှင်၊ ၂။စရိုက်မတူသူ၊ ၃။စိမ်းသရဖူစိမ်းသူများ
ရင်အခုန်ဆုံးအချိန်………… မကြုံဖူးတော့ မသိပေါင်။
အကြောက်ဆုံးအချိန်………… ငယ်ငယ်တုန်းက အခုထိပဲ၊ အခုထိလည်း ကြောက်နေတုန်းပဲ၊ ကြောက်နေ လို့လဲ ဒီလိုနေ နေရတာပဲ။
အပျော်ဆုံးအချိန်………… ရှိကိုမရှိသေးဘူး၊ (လူဖြစ်ရကျိုး မနပ်၊ မှတ်ချက်-အီးပီစီကြောင့် ဖြစ်သည်။)

အမှတ်တရနေ့………… လောလော လတ်လတ် မမှတ်မိဘူး၊ memory မြင့်မည်။

ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်တောင်းမဲ့ဆု………… နတ်တွေ၊ သိံကြားတွေ နေစရာမရှိတော့ဘူး၊
အချစ်ဆိုတာ………… နွားနို့လို ရေမရောနဲ့။ ပြတ်သားသည်။
အမုန်းဆိုတာ………… အားလုံးကို မုဒိတာထား နေမယ်၊ လက်ရှိအချိန်ထိပဲ။
အလွမ်းဆိုတာ………… မလွမ်းရဲသေးဘူး၊(အယ်ဆိုင်းဇီ သီချင်းထဲက အတိုင်းပဲ။)
သံယောဇဉ်ဆိုတာ………… ပြောပြောနေကြတဲ့ မမြင်ရတဲ့ အမျှင်ကြီးဆိုလား၊ (သားကသိဘူး)
ဘ၀ဆိုတာ………… ဘ+၀ = ဘ ကုံးရေ ဘ၊ ၀ လုံးရေ ၀၊ ငယ်ငယ်တုန်းက ဆိုတဲ့အတိုင်းပဲ။
သူငယ်ချင်းဆိုတာ………… ကျွန်တော့် အတွက်တော့ အဖိုးမဖြတ်နိုင်။
ချစ်သူဆိုတာ………… လောလော လတ်လတ် မသိသေး၊ ကြားဖူးနားဝ ရှိလျင် အကြောင်းပြန်မည်။
ကိုယ့်ကိုကိုယ်ဒီလိုထင်တယ်………… တလောကလုံး ကိုယ့်ထက်တော် တဲ့လူကြီးပဲ။
ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က………… ရိုးသားမယ်၊ ကြိုးစားမယ်၊ ဇွဲရှိဘို့နဲ့ သည်းခံဘို့ တော့လိုမယ်၊။ ဖတ်စာအုပ် ထဲက အတိုင်းတော့ မဟုတ်။
အပြောချင်ဆုံး စကားတစ်ခွန်း………… လောလောဆယ် အားလုံးကို အကောင်း မြင်ဘို့ ကြိုးစားတယ်
                                               အဖြေကချက်ချင်း ထွက်လာတယ်၊ ဒီဂျစ်တယ် ခေတ် ဆိုတော့
                                               (No) ဆိုးမှ (နိုး)ပဲ။

အမျှဝေ ပေးပါသော (မှားလို့) မျှဝေပေး ပါသော ကိုကြီး ဟန်သစ်ငြိမ် အား အထူး ကျေးဇူး တင်ရှိပါ ကြောင်း ကနဦး ပြောချင်ပါတယ်၊ ခံစားချက်များ နှင့် ရည်ရွယ်ချက် များအား တဖြေးဖြေးနှင့် အောက်ဆုံး အထိကြည့်ပြီး သည်းခံ ဖတ်ရှုပေး ကြပါသော စာဖတ်သူ၊ လာရောက် လည်ပတ်သူ များအား လည်း အထူး ကျေးဇူး တင်ရှိပါ ကြောင်း၊
ကိုဟန်သစ် ပြောတဲ့အတိုင်း [အချိန်အားလေးများ ရှိတဲ့အခါ ဖြေပေးပါလို့ တောင်းဆိုလိုပါတယ်။ ကလေးတွေ မဟုတ်တော့ ပေမယ့် ကလေးတွေလို ဆော့ရတာ တခါတခါ ပျော်စရာ ကောင်းသလားလို့ ထင်လို့ပါ။] ပါဘဲလို့ (မောသွားပြီ ကူးချလိုက်တာ)
ကျေးဇူးတင်စွာဖြင့်။
ကေမောင်ငြိမ်း

8 မှတ်ချက်ပေးသွားတယ်:

mm thinker said...
September 4, 2008 at 7:00 AM

တစ်ကျောင်း တစ်ဂါထာပါပဲဗျာ။

အဝတ်အစားမှာ လည်ကတုံးနှင့် ဂျင်းဘောင်းဘီ မဟုတ်လို့ တော်သေးတယ်။

ခြုံငုံသုံးသပ်ရလျှင် ကေမောင်ငြိမ်းသည် အသေရှောင်တိမ်းတတ်သည့် ပိုက်ဆံချေးမည့်သူ ဖြစ်သတည်း။

ဟန်သစ်ငြိမ်ဆီ သွားရေးလိုက်ဦးမယ်။

ခင်စွာဖြင့်
သင်ကာ

RePublic said...
September 4, 2008 at 7:29 AM

ကိုကေငြိမ်းကြီးရေ.. ခံယူချက်တွေ ကိုဖတ်သွားပြီနော် ၊၊

အားပေးလျက်ပါဗျာ ....

သက်တန့် said...
September 4, 2008 at 8:51 AM

ခံယူချက်တွေက ရေဖြန်းထားသလိုပဲ... လန်းတယ်... :D

Han Thit Nyeim said...
September 4, 2008 at 9:41 AM

မိုက်တယ်ဗျို့... ကျေးဇူးပဲ။

JulyDream said...
September 4, 2008 at 10:21 AM

နတ်တွေ သိကြားတွေ နေစရာ မရှိအောင် ဘာတွေ ဆုတောင်းမလို့လဲ ခင်ဗျ။

Dream said...
September 4, 2008 at 11:00 AM

ဟေး..ဒါမှတို့ဦးဦးတို့ကွ.... ရယ်ရတယ်
ဟားဟား..ဟားဟား...

လက်ဆွဲဆောင်ပုဒ်ကလည်းမိုက်တယ်...
ဘာတဲ့..ရိုးသားတယ်၊ကြိုးစားမယ်၊ခိုးစားမယ်ပေါ့။။
ဟီးဟီး..ဟီးဟီး..ဦးဦးကလည်းနောက်တယ်...
:P
ကဲ..ကဲ..ပေးတဲ့ဆုကိုရစေသတည်း...

နှင်းပွင့်ဖြူ said...
September 4, 2008 at 11:35 PM

၁၀၀၀၀ တန် ဖုန်းတစ်လုံး အပြန်လက်အောင် ၀ယ်လာခဲ့ပေးမယ်
ယူမလား သားလေး .... မကြီးက စေဒနာနဲ့နော့်
:P

မေသူပိုင် said...
September 13, 2008 at 1:08 AM

ကိုကေမောင်ငြိမ်းက
ပိုက်ဆံချေးပြီး အတိုးမပေးရတာတော့ဟုတ်ပါပြီ
ပြန်ဆပ်မှာသေချာလို့လား
:P
ပိုက်ဆံချေးပြီးပြန်ဆက်ရန်မလိုသည့်သူငယ်ချင်းအလိုရှိသည်
မေသူ