မသေခင် ၁၀ ရက် ဘာလုပ်ကြ မလည်းဆိုတော့ ပြောရခက်ကြီးဗျာ၊ သို့ပေမယ့်လည်း လောကီသား ပုထုဇဉ်မို့ မသေခင် သံယောစဉ်လေး တွေလည်း မပြတ်သေး တဲ့အခါကျပြန်တော့ ..........
ပထမဦးဆုံး အနေနဲ့ ကိုယ်သေတော့ မယ်ဆိုတာ သိတဲ့အခါ များကြရင်ဖြင့်
ကိုရှင်ရဲထွတ်ပြော သလိုပါဘဲ ..........
၁။ ဘယ်နေ့သေရမှာ လည်းဆိုတာကို......မသိခြင်း။
၂။ ဘယ်အရွယ်မှာသေရမှာလည်းဆိုတာကို......မသိခြင်း။
၃။ ဘယ်နေရာမှာသေရမှာလည်းဆိုတာကို......မသိခြင်း။
၎။ ဘယ်ပုံစံနဲ့သေရမှာလည်းဆိုတာကို......မသိခြင်း။
၅။ သေပြီးရင်ဘယ်ရောက်မှာလည်းဆိုတာကို......မသိခြင်း။
အစရှိသဖြင့် ပေါ့ဗျာ။
တကယ်လည်း အဲဒီအချက် (၅)ချက်မှာ ပါပြီးသားလို့ ထင်တယ်ဗျ၊ ကိုယ်ဘယ်အချိန်၊ ဘယ်နေရာ၊ ဘယ် ဒေသ၊ ဘယ်လိုပုံစံ နဲ့သေမလဲဆိုတာ ဘယ်သူမှ သိနိုင်မယ် မထင်ပါဘူးဗျာ၊ အဲ စကားမစပ်၊ အခု ကျွန်တော် တို့ ရန်ကုန်၊ နေပြည်တော် ရုပ်ရှင်ရုံမှာ ရုံတင်နေတဲ့ The Mummy: Tomb of the Dragon Emperor ကားထဲက တရုတ်အဆို ဓါတ်ကြီး ငါးပါး(ဓါတ်ဘူးငါးလုံး၊ မီး၊ ရေ၊ လေ၊ မြေကြီး၊ သစ်သား) တောင် အောင်မြင် ထားတဲ့ ဟန်ဧကရာဇ်ကြီး တစ်ဘ၀တည်းနဲ့ သူ့လုပ်ငန်းကြီး မပြတ်လို့ စုန်းမ(တော်တော်ချောသောစုန်းမ Zi Juan )ကို အကူအညီ တောင်းခဲ့ရတာပဲ၊
မကြီး Dream ပြောတဲ့ မသေခင်(၁၀)ရက်
ဒါပေမယ့် ဘယ်အချိန် ပဲဖြစ်ဖြစ် သေဘို့ကို ရင်ဆိုင် ဘို့အသင့်ပြင် ထားမယ်ဆိုရင် တော့ဘယ်အချိန်ပဲ ဖြစ်ဖြစ် သေမင်းရဲ့ ခေါ်ဆောင်ရာကို ကျွန်တော်တို့ ငြင်းဆန် စရာမလို တော့အောင် ပြင်ဆင်ခဲ့သင့် ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့လို လူသားတွေအဖို့ နေစဉ် အမျှ စားဝတ်နေရေး ရုန်းကန် လှုပ်ရှားနေရတာ ဒေါသ၊ မောဟ၊ လောဘ တွေနဲ့ အမြဲဆိုသလို တောက်လောင် နေကြရတာ ဘယ်လိုလို့များ အပြစ်မဲ့သူ တစ်ယောက် ဖြစ်နိုင်ပါ့မလဲ၊ ဒါကလည်း ကျွန်တော်စဉ်းစား မိသလောက်ပါဘဲ။မိဘ၊ မောင်နှမ၊ မိမိဆွေမျိုးသားချင်း အစရှိ သဖြင့် အမြဲလိုလို ပူပန်နေကြရ(ကုဋေ ၈၀ သူဌေးသားမပါ)စသည်ဖြင့်ပါပဲ။
ဘာပဲပြောပြောဗျာ အဲဒီလို အေးအေးဆေးဆေး သွားချင်ယင်တော့ အဖြေက ရှိပြီးသားပဲဗျ။ အကောင်း ဆုံးကတော့ ရသမျှအချိန်လေး မှာ ငါးပါးသီလ လုံခြုံအောင်ထား၊ တတ်စွမ်းနိုင်ရင်တော့ ၀ိပဿနာတရားကို လေ့လာ အားထုတ်၊ ဒီလိုဖြစ်လာခဲ့ရင် အစက ပြောတဲ့ ဆယ်ရက် မပြောပါနဲ့၊ အခု ၁၀ မိနစ် ဆိုရင်လည်း သေ ခြင်းခေါ်ဆောင်ရာကို အလိုက်သင့်ပါဘဲဗျို့ ........ ။
Subscribe to:
Post Comments (Atom)

1 မှတ်ချက်ပေးသွားတယ်:
ကဲကဲ ဒါဆိုလဲ လိုက်ခဲ့တော့
ဟတ်ဟတ်
စတာနော်
စိတ်ဆိုးနဲ့
Post a Comment