`စိတ်ကူးယဉ်ခြင်း´





နှစ်သစ်ကို ကြိုဆိုပါမည် စိတ်ကူးကာမှ မနေ့က ကိုဟန်သစ် Tag အကြွေး ကိုသွားသတိရသည်။ မဖြစ်။ နှစ်ကူးတော့မည်။ အကြွေးကို မြန်မြန်ဆပ်မည်။ နှစ်သစ်ကို အပါမခံနိုင်။ နောက် ကိုဖိုးဂျယ် Tag အကြွေး ပါဆပ်ရဦးမယ်။ သူအကြွေးက အရင်ဖြစ်သည်။ သို့သော် ကိုဟန်သစ် Tag ခေါင်းစဉ်က လွယ်တော့ မြန်မြန်ဆပ်မည်။ ထို့သော် ကျွန်တော်မှားသွားခြင်း ဖြစ်သည်။ ထို ခေါင်းစဉ်နှစ်ခု လုံး အတူအတူဖြစ်သည်။ ပိုတောင် ကောင်းသွားပြီ။

ခေါင်းစဉ်မှာ မိမိနှင့် သိပ်မစိမ်းချင် အဘယ်ကြောင့် ဆိုသော် ရှင်းလျင် ပိုခက်မည်။
`စိတ်ကူးယဉ်ခြင်း´ တဲ့။ လူတိုင်း စိတ်ကူးယဉ်ဖူး ကြသည်။ ထို့အတူ မိမိလည်း စိတ်ကူး အများ အပြား ယဉ်ဖူးသည်။ မိမိဖြစ်ချင်တာ မိမိမြင်သလောက် ကိုတွေးကြည့် လိုက်ခြင်း ပင်ဖြစ်သည်။ အင်မတန် မြန်သည်။ ရှင်းရှင်းပြောရလျင် အများပြောသလို လေထဲတိုက် အိမ်ဆောက်ခြင်း ပင်ဖြစ်သည်။ ဖြစ်နိုင်လား မဖြစ်နိုင်လား တွေးကြည့် လျင်လည်း ဖြစ်တတ်သည်။ မိမိဖြစ်ချင်တာ အတွေးများလျင် လည်း အလိုအလျောက် စိတ်ကူးယဉ်သွား တတ်သည်။ မိမိပိုင်ဆိုင်ချင်တာ ထက်ပိုလို လျင်လည်း စိတ်ကူးယဉ်သွား နိုင်သည်။ စိတ်သည် အင်မတန် ထိန်းချုပ်ရခက်သည်။ အထူးသဖြင့် ၁၄ နှစ်မှ ၂၀ နှစ်ကြား လူငယ်များ တွင် ပိုစိတ်ကူး ယဉ်တတ် သည်ဟု မိမိ ယူဆသည်။ ငယ်ငယ်က န၀မတန်းတွင် ပညာသင်ကြား နေစဉ် ဆရာမတစ်ယောက်က ပြောဖူး သည်။ "နင်တို့ အသက် ရွယ်မှာ သစ်ပင်မှ သစ်ရွက်ကြွေ၊ သစ်ပင် လေတိုက်သဖြင့် သစ်ရွက်ကလေး များ လှုပ်ခတ်လျင် တောင် စိတ်ကူးယဉ် တတ်ကြသည့် အရွယ်ဟု" ပြော ဖူးသည်။ ဖြစ်ကောင်း ဖြစ်နိုင်သည်။ မိမိလည်း အထိုက် အလျောက် ယဉ်နိုင်သည်။

ထို့သော် လက်တွေ့နှင့် ကင်းကွာလွန်းပြီး စိတ်ကူးယဉ်ခြင်း သာအချိန်ကုန်လျင် အလကားဖြစ်မည်။ လွယ်မယောက်နှင့် တိမ်မယောင်နှင့် နက်သည်။ "လူ့အလို နတ်မလိုက်နိုင်"အစ ချီသဖြင့် ဆိုရိုး စကားမြောက် များစွာရှိသည်။ စိတ်ကူးယဉ်ခြင်းဖြင့်လည်း လက်တွေ့တွင် ဖြစ်မလာနိုင်။ မိမိစိတ်ကူးအတိုင်း လက်တွေ့ အကောင် အထည်ဖော်နိုင်မှ တော်ရာကျမည်။ စိတ်ကူးခြင်းဖြင့် အချိန်သာ ကုန်မည်။ သို့သော် တစ်ချိန်ချိန်တွင် ထို့ကဲ့သို့ ဖြစ်မလာဘူးဆိုသော်လည်း ထို့ကဲ့သို့ ဖြစ်လာနိုင်သည်ဟု တထစ်ချ ပြောမရ။ အင်မတန် တွေးရခက်သည်။ ထိုစကားသည် စိတ်ကူးယဉ်တတ်သော လူတစ်ယောက်၏ ဆင်ခြင် ကောင်းကောင်း ပေးနိုင်သော စကားဖြစ်သည်။ ပြောရခက်၊ ငြင်းရခက်သည် သူ့စကားနှင့်သူပင်၊ ထိုသော် အချိန်က တစ်ချိန်ချိန် တွင် ကောင်းကောင်း စကားပြော လာမည်ဖြစ်သည်။ ငယ်ငယ်ရွယ်ရွယ် စိတ်ကူးယဉ်ခြင်းကို တဖြည်းဖြည်း နားလည် သဘော ပေါက်ရန်လိုသည်။ ရှေ့ဆက်သွားလျင် မကောင်း နိုင်ပေ။

သေချာ ပြန်စဉ်းစား ကြည့်သည့် မိမိတွေးတာနှင့် ခေါင်းစဉ်နှင့် လိုက်လျော ညီထွေရှိပါ့မလား ဟု စဉ်းစားမိသည်။ သို့သော် ကိုဟန်သစ်နှင့် ကိုဖိုးဂျယ် ခင်ဗျား။ လက်ကတော့ တော်တော် လွန်သွားချေပြီ။ ပြန်ဆုတ်မရ။ ထိုမျှနှင့် ရပ်မည်။ တော်ကြာ Tag ပိုင်ရှင် စိတ်ကုန်ရော့မည်။ တော်ချေပြီ။ သို့သော် အကြွေး တစ်ကြွေး ရှင်းသွားသဖြင့် ခေါင်းအလွန် ပေါ့သွားသည်။ ခေါင်းစဉ် တူနေသဖြင့် မရှိမဲ့ရှိမဲ့ အတွေးအခေါ်၊ အတွေ့ အကြုံများကို စဉ်းစား စရာ မလိုတော့။ Tag ခြင်း၊ ဖိတ်ခေါ်ခြင်း အတွက်လည်း အစ်ကို နှစ်ယောက် စလုံးကို ကျေးဇူး တင်ရှိပါသည် ခင်ဗျား။


ကေမောင်ငြိမ်း

1 မှတ်ချက်ပေးသွားတယ်:

Han Thit Nyeim said...
January 1, 2009 at 9:52 PM

ကျေးဇူးပါပဲဗျို့...။