မိုးကုပ်ဆရာတော်ဘုရားကြီး၏ သံဝေဂကဗျာ .....




လောကဇာတ်ခုံ ၊ ဤလူ့ဘုံ၌

မျိုးစုံကကြ ၊မာန်မာနနှင့်

ငါကရာဇာ ၊ ငါဟာသူဌေး ၊ ငါပဂေးဟု

ငါသွေးတက်ကြွ ၊လူ့ဗာလတို့ များလှဖြာဖြာ

အ၀ိဇ္ဇာနှင့် ၊ တဏှာဘီလူး ၊ အမှောင့်ပူး၍

ကျူးကျူးကျော်ကျော် ၊ ဂုဏ်ကိုဖေါ်လျှက်

မော်မော် မောက်မောက် ၊ ငါတစ်ယောက်သာ

မိုးအောက်တစ်လွှား ၊ ရွှေကိုယ်လားဟု

ထင်မှားမလွဲ ၊ သို့စဉ်စွဲလည်း ...........

ဇာတ်ပွဲပြီးက ၊ ပြေဖုံးချသော်

သုဘရာဇာ ၊ မြေအောက်မှာပင်

ဘာသာလူမျိုး ၊ ချိန်မထိုးပဲ

ပုတ်သိုးခန္ဓာ ၊ မြုပ်ရရှာသည်

ဘယ်မှာ ငါဟု ရှိအံ့နည်း ...... ။




တစ်ဘ၀သာသနာကျမ်းပြု  မိုးကုပ်ဆရာတော်ဘုရားကြီးရေးသားတော်မူခဲ့သော  သံဝေဂ ကဗျာဖြစ်ပါသည်။


ဆက်လက်မျှဝေပါသည်။

1 မှတ်ချက်ပေးသွားတယ်:

RePublic said...
December 25, 2008 at 8:20 AM

အဖိုးတန်တဲ့ သံဝေဂ ကဗျာလေးဗျာ ၊၊ ထပ်ခါ ထပ်ခါ ရွတ်နေမိတယ်