ဘယ်ကိုသွားမလဲ ၂၀၀၉



မျှော်လင့်ချက်နဲ့


နှစ်သစ်တစ်ခုရဲ့ အခါသမယ(သို့) အချိန်တစ်ခုဟာ ဒီကမ္ဘာ လောကကြီးမှာရှိတဲ့ လူတွေ အားလုံးအတွက် အရာရာဟာ ကြည်နူး ပျော်ရွှင်ဖွယ် ကောင်းနေပါတယ်။ ကုန်ဆုံး သွားတဲ့ နှစ်ဟောင်းကိုလည်း လွမ်းဆွတ် ပူဆွေး အောက်မေ့ တမ်းတဆဲ အချိန် လည်းဖြစ်ပါတယ်။ တစ်စက္ကန့်၊ တစ်မိနစ်၊ တစ်နာရီ၊ တစ်ရက်၊ တစ်ပတ်၊ တစ်လ စသည်ဖြင့် စုဖွဲ့လာခဲ့ရာမှ နောက်ဆုံး တစ်နှစ်ဆိုတဲ့ ရက်ပေါင်း ၃၆၅ ရက် ပြီးမြောက် ကြာမြင့် ခဲ့ပြီလည်း ဖြစ်ပါတယ်။

ဒီနေရာမှာ ကျွန်တော် နှစ်အသစ်ကို မသွားခင် နှစ်အဟောင်းကို ပြန်ပူနွေးမိတယ်။ အားလုံးဟာ ပျော်ရွှင်ဖွယ်၊ ၀မ်းမြောက်ဖွယ်၊ ကြည်နူးဖွယ် တွေထက် အဆိုးဘက်ကို ဦးတည်တဲ့ ကြေကွဲဘွယ်၊ နားကျည်းဘွယ် အစရှိ သဖြင့် အနုတ်လက္ခာ ဏာဘက်ကို ဦးတည်ခဲ့တယ်။ အရာအားလုံး သေချာ ခြုံကြည့်ရင် ဒီအတိုင်းလည်း မြင်မှာ ဖြစ်ပါတယ်။ အကောင်းဘက်ကို တွေးတောစရာ တွေလည်း အမြောက် အများရှိခဲ့ပါတယ်။ ဒါတွေဟာ ပြီးခဲ့ပြီပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော့်တို့ ရင်ထဲမှာတော့ အရာအားလုံး နီးပါဟာ မနေ့တစ် နေ့ကလိုပါပဲ။ နှစ်သစ်တစ်ခု ကိုကြိုဆို လိုက်တိုင်း အားလုံးရဲ့ ရင်ထဲမှာ မျှော်လင်မှု၊ တောင်းတမှု၊ ပျော်ရွှင်မှုတွေနဲ့ ပါပဲ။ အရာအားလုံးဟာ စိတ်ကူး ထဲကအတိုင်း ပြီးပြည့်စုံဘို့ အစွမ်းကုန် မျှော်လင့်ကြတယ်။ အစွမ်းကုန် ကြိုးစား လုပ်ကိုင်ရင်း တောင်းဆိုဘို့လည်း သူတို့ ပြင်ဆင်နေ ကြတယ်။ ပေးဆပ်ဘို့လည်း သူတို့ တစ်ပါတည်း ကြိုးစားနေ ကြတယ်။ စိတ်ဆန္ဒတွေဟာ အတိုင်းထက် အလွန်ပါပဲ။ ဒီလိုနဲ့ပဲ ကျွန်တော်ထင်မိ ပါတယ်။ သူတို့ မျှော်လင့်မှုတွေ၊ ပေးဆပ်မှုတွေ၊ နာကြည်းမှုတွေနဲ့ပဲ တစ်နှစ်ဆိုတဲ့ အချိန်ကာလာ တစ်ခုကို လွန်မြောက် ကြရမယ်။

လူ့ဘ၀ဆိုတာ ဟာလည်း ရှေးပညာရှိ၊ လောကနိတိတွေ၊ စာဆိုတွေ၊ ပညာရှင်တွေ ဆိုသလိုပဲ မျက်စိတစ်မှိတ် မျက်တောင် တစ်ချက်ခတ်ကာလ အတွင်းမှာကို လူ့ဘ၀ထဲက အတိုင်း မသိ ထွက်ခွာသွား သူတွေ၊ ၀င်ရောက် လာသူတွေ ထုနဲ့ဒေးပါဘဲ။ အတိုင်းအဆမရှိ ထွက်ခွာသွားသလို ၀င်ရောက် လာကြ ဦးမှာပါဘဲ။ ဒီအချိန်လေး အတွင်းမှာပါဘဲ။ အားလုံးမျှော်လင့်သလို ကျွန်တော် တို့တွေလည်း ထိုနည်းလည်း ကောင်းပါဘဲ။ အရာရာ အတွက် လုံးလ၊ ၀ိရိယ၊ ဇွဲ အစရှိသဖြင့် ရှိသမျှ ကံ၊ ဥာဏ် အစွမ်းကုန် ကြိုးစား၊ ပေးဆပ်ရင်း မျှော်လင့်ချက် ရောင်ခြည်၊ စိတ်ကူးရောင်ခြည် တွေအပေါ်မှာပဲ ကျွန်တော်တို့ ဆက်ရှိနေမှာပါဘဲ။ ဒါမှမဟုတ် ကျွန်တော်တို့ မျှော်လင့်ထား သလို ဒီနှစ်သစ်ဟာ သာယာ ပျှော်ရွှင် ချမ်းမြေ့ ကြည့်နူးနိုင် မလားဆိုတာကို ဘဲကျွန်တော်တို့ ဆက်စောင့် ကြည့်ရင်း ကြိုဆိုလိုက် ရအောင်ဗျာ ....... ။

4 မှတ်ချက်ပေးသွားတယ်:

thihanyein said...
January 2, 2009 at 11:59 PM

အကိုကေမောင်ရေးလိုက်တဲ့စာ မယုတ်မလွန်
လက်တွေ့ဖြစ်နိုင်တာကိုရေးပြလိုက်တာပဲ
သိပ်ကောင်းလွန်းတဲ့နှစ်သစ်ကြိုဆိုတဲ့ပုံပဲ
ပြီးတော့ အကိုကေမောင်ငြိမ်းဟာ စိတ်ကို
တတ်နိုင်သလောက် တသမတ်တည်းထားနိုင်အောင်
ကြိုးစားနေတဲ့သူလို့ ဒီပို့စ်ကိုဖတ်ပြီး
ကျနော်မြင်တယ် ကောင်းတဲ့ပို့စ်တစ်ပုဒ်

khin oo may said...
January 3, 2009 at 11:20 AM

တို့တော့ရိုးရိုးဘဲ။

happy new year.

အလင်းစေတမန် said...
January 3, 2009 at 12:06 PM

ဒီနှစ်သစ်မှာ သာယာ ပျှော်ရွှင် ချမ်းမြေ့ ကြည့်နူးနိုင်ပါစေ။

su wai said...
January 3, 2009 at 1:19 PM

ကိုမောင်ငြိမ်းပြောသလိုပါပဲ… မျက်စိတစ်မှိတ် မျက်တောင်တစ်ချက်ခတ် အချိန်ကာလလေးမှာကို လူ့ဘ၀ထဲ ရောက်လာသူတွေ၊ လူ့ဘ၀ထဲက ထွက်သွားသူတွေ အများကြီးနော်… ဒီတစ်နှစ်အတွင်းမှာ ဘာတွေ ဘယ်လိုပြောင်းလဲဦးမလဲ… ကိုယ့်နားကို ဘယ်သူတွေ ရောက်လာပြီး ကိုယ့်နားကနေ ဘယ်သူတွေ ခွဲခွာသွားကြမလဲဆိုတာ မသိနိုင်သေးပါဘူး… အားလုံးအတွက် လာခြင်းကောင်းသော ၂၀၀၉ ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။