poem

မိတ်ကပ်မဲ့ မျက်နှာ


အခုခေတ် မျက်နှာ စိတ်သိပ်ပျက်စရာ
မျက်နှာဝယ် ပန်းချီချယ်
စိတ်ကိုတစ်မျိုး လှုပ်လို့နှိုး
ရုပ်အလှအပ ချယ်လို့သပေမဲ့
စိတ်အလှ ယုတ်စွမသိရ .....


မိန်ကလေး တစ်ယောက်ရဲ့အလှ
ကိန်းဝှက်လို့ မရတဲ့ အချိန်ခဏ
နံနက်မိုးလင်း အိပ်ရာ ပေါ်ကဆင်း
သဘာဝ ခ၀ါချ .....
အတုအယောင် ရှုချင်အောင် ခြယ်သ
တမူကြွကြွ လူလှလှ ဖြစ်ပေမဲ့
အနေမရိုး ၀ံပုလေလိုစိတ်မျိုး .......


မင်းလေမူကား တစိမ်းများနဲ့ မတူတဲ့
မချယ်မသ တမူလှ
သဘာဝမျက်နှာ ထာဝရမမေ့သာ
တမူထူးခြား ရှားမှရှားလို့
ဒီလိုမျက်နှာ မိတ်ကပ်မဲ့ချက်သာ
မြင်မိတမ်းတ မေ့မရ .........။




K.S

0 မှတ်ချက်ပေးသွားတယ်: