Portsmouth 2 - 3 Liverpool




လုပ်ပြန်ပြီ




ပရီးမီးယား ပွဲစဉ်(၂၅) စနေနေ့မှာတော့ နောက်ဆုံးပွဲစဉ် ဖြစ်တဲ့ ပိုစ့်မောက် vs လီဗာပူးလ်တို့ ပွဲစဉ်မှာတော့ တစ်ဖက်နှင့် တစ်ဖက် အကြိတ်အနယ် ရှိခဲ့ပြီး နောက်ဆုံးမှာတော့ လီဗာပူးလ်အသင်းက ၃ ဂိုး - ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်ဗျာ။ လီဗာပူးလ် ပရိတ်သတ်တွေ အတွက် တကယ့်ကို သည်းထိတ်ရင်ဖို ရင်တမမနဲ့ ပြီးဆုံးသွားတာပါ။ လီဗာပူးလ်အသင်းမှာ သိကြတဲ့အတိုင်း အသင်းခေါင်းဆောင် စတီဗင်ဂျာရတ် သုံးပတ် နားမယ် ဆိုတဲ့သတင်း၊ တိုက်စစ်မှူး ဖာနန်ဒို တောရက်စ်၊ ကွင်းလယ်ကစားသမား ဇာဘီအလွန်ဆို စသည်တို့ ပါမယ်၊ မပါဘူးဆိုတာ မသေချာကတည်းက ကျွန်တော်မျက်လုံးကို တစ်ဖက်ပိတ်ပြီး ကြည့်မိသလို ပါပဲ။ စစချင်း ပွဲထွက်လာတဲ့ ကစားသမားတွေကိုလည်း ကြည့်ပါဦး။ ရော်ဘီကိန်းရဲ့ ညီမဟုတ်ရင်တောင် ဆွေမျိုးတော်မယ် ထင်ရတဲ့ ရွိုင်ရယ်ဘာဘယ်က တိုက်စစ်ကိုဦးဆောင်ပြီး ဒေးဗစ်နော်ခ်ျကို အထောင်တင်၊ တောင်ပံ ကစားသမား ဘီနာယောင်စသည်တို့နဲ့ ပွဲထွက်လာခဲ့တာပါ။ ဒါပေမယ့် ပွဲချိန်ကြာလာသည်နှင့် အမျှ ကျွန်တော်တို့ မန်နေဂျာ ရာဖေးကြီး နည်းဗျူဟာ၊ ကစားကွက် အနေအထား မှာတော့ ပိုစ့်မောက်စ် နည်းပြ တိုနီအက်ဒမ်ထက် သာလွန်းသာ၊ ကံကြမ္မာက မျက်နှာပေးတာ တွေကြောင့် ဒီပွဲမှာ နောက်ဆုံး မိနစ်၊ နောက်ဆုံး စက္ကန့်တွေနဲ့ ကြိုးကြာနီတွေ အမြင့် ပျံသန်းနိုင်ခဲ့ ပါတယ်။ ဒါကြောင့် ၆၂ မိနစ်မှာ D.Nugent ဦးဆောင်ဂိုး၊ နောက် တစ်ခါ ၇၈ မိနစ်မှာ H. Hreidarsson ရဲ့ နှစ်ဂိုး တစ်ဂိုးစသည်ဖြင့် အချိန်ပိုင်း ပြန်လည် ဦးဆောင် ပေမယ့်လည်း ပိုစ့်မောက်စ် ခံစစ်ပိုင်း ကစားသမားအချို့ အမှားများနေ တာကြောင့်ရယ် ပိုစ်မောက်အနေနဲ့ အိမ်ကွင်းမှာ မျက်နှာပန်း မလှခဲ့တာ ဖြစ်နိုင်ပါတယ်။ ပွဲစစချင်း ဂိုးသမားဒေဗစ်ဂျိမ်း လီဗာပူးလ် အလယ်တန်း ကစားသမား မာရှေယာနိုရဲ့ ကန်ချက်၊ ဘီနာယောင်း ကန်ချက် စသည်ဖြင့် တော်တော်များများလည်း လက်စွမ်းပြ ကာကွယ် နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ဦးဆောင်ဂိုးရ သွားတာကတော့ လီဗာပူးလ် ကစားသမားတွေ လူကျွံဖမ်းကစား နေတဲ့ ကြားက ပိုစ်မောက် တိုက်စစ်မှူးက လီဗာပူးလ်ဂိုးသမား ဘယ်ဘက်အောက်ကို ကန်သွင်းသွားခဲ့လို့ ပိုစ်မောက်ဦးဆောင်ဂိုး ရလိုက်ပါတယ်။ ၆၉ မိနစ်မှာ ပို့စ်မောက်စ် ပင်နယ်တီ ဧရိယာထဲ အလွတ်တည် ကန်ဘော လီဗာပူးလ်အသင်းမှ ကန်ခွင့်ရပါတယ်။ တိုက်စစ်မှူး ပီတာခရော့ခ်ျမှ ဂိုးသမားသို့ ဘောလုံးပြန်ပေးရာ ဂိုးသမားဒေးဗစ်ဂျိမ်းမှ လီဗာပူးလ်ရှေ့တန်းကစား ဒါကော့ခ်ျပါလာသဖြင့် ခြေထောက်နဲ့ ကန်ခွင့်မရပဲ လက်နဲပုတ်ထုတ် လိုက်သောကြောင့် လီဗာပူးလ် ပင်နတီ ဧရိယာအတွင်းမှာ ပြစ်ဒဏ်ဘော ကန်ခွင့်ရခဲ့ပါတယ်။ ဒါကို အော်ရယ်လီယိုက ညာဘက် ထောင့် အပြင်း ကန်သွင်းပြီး လီဗာပူးလ် ခြေပ ဂိုးရရှိသွားပါတယ်။ ပွဲဟာ တစ်ဖက်တစ်ဖက် အပြန်အလှန်ရှိတာ ကြောင့် အလွန်ပဲ ကြည့်ကောင်း ခဲ့ပါတယ်။ အဲဒီလိုနဲ့ သိပ်မကြာခင် ပိုစ်မောက်စ် လီဗာပူးလ်ဂိုး ဧရိယာ ထိပ် ကိုက် ၃၀ အကွာလောက်မှ ပြစ်ဒဏ်ဘောကန် ခွင့်ရပြီး ဒါကို နောက်တန်းကစား သမားက လီဗာပူးလ်ဂိုးသမား ရီနာ တည့်တည့် ခေါင်းတိုက် သွင်းခဲ့ ပေမယ့် ဂိုးသမား ရီနာ ဟန်ချက် ပျက်နေတာ ဂိုးဝင်သွားပြီး ပိုစ်မောက်စ်တို့ ဦးဆောင်ဂိုး ပြန်လည်ရရှိခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာတော့ လီဗာပူးလ်မှ ဒေးဗစ်နော်ခ်ျအစား ဒါကော့ခ်ျ၊ ဒေါ့ဆီနားအစား အလွန်ဆို၊ ရွိင်ရယ်ဘာဘယ်အစား တောရက်စ်တို့ လူစားလဲ ၀င်ရောက်လာတာ ကြောင့် ပွဲဟာ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ကြည့်ကောင်း လာပါတယ်။ ပွဲစဉ် ၈၅ မိနစ်မှာတော့ပိုစ်မောက်စ်နောက်တန်း ကစားသမား အမှားကနေ ဒါကော့ခ်ျဘောလုံးရပြီး တောရက်စ်အပေး၊ တောရက်စ်မှ ကန်ခွင့်မသာပဲ ဒါကော့ခ်ျပြန်အပေး ဒါကော့ခ်ျမှ နောက်ခံလူတစ်ဦးကို ဘောလုံး လှည့်ယူပြီး ဂိုးသမား ဒေးဗစ်ဂျိမ်း ရဲ့ဘယ်ဘက် ပခုံးထောင့်ကို အပြန်ကန်သွင်း တာကြောင့် ၂-၂ သရေ ဖြစ်သွားခဲ့ပါတယ်။ ဒီလိုနဲ့ ပွဲဟာ ပြီးမယ်ထင်ရပေမယ့် နောက်ဆုံးမိနစ် ၉၀ အရောက်မှာ တိုက်စစ်မှူး တော့ရက်စ်၊ ပွဲစဉ် (၂၄)ချက်လ်ဆီးပွဲစဉ် ကလိုပဲ ဘယ်ဘက် နောက်ခံလူ အော်ရယ်လီယို ဂိုးရှေ့ ဖြတ်တင်ဘောကနေ လှလှပပ ခေါင်းတိုက် ထပ်မံသွင်းယူသွားတာကြောင့် လီဗာပူးလ်မှ ပိုစ်မောက်စ် အိမ်ကွင်း ဖန်တမ်မှာ တန်ဖိုးရှိတဲ့ အနိုင်(၃)မှတ် ရရှိသွားပါတယ်၊ ဒါဟာ နည်းပြ ရာဖာအတွက် ဒီနှစ်ပရီးမီယားကို မန်ယူရှေ့မှ တစ်ပွဲသာ၊ တစ်မှတ်သာနဲ့ ဦးဆောင်သွားနိုင်ခဲ့ပါတယ်။ မနက်ဖြန် စူပါ ဆန်းဒေးမှာတော့ စပါးလ် - အာဆင်နယ်၊ မန်ယူ - ၀က်ဟမ်းတို့ရဲ့ ပွဲစဉ်တွေမှာဘယ်လို အဖြေတွေ ထပ်မံထွက် ပေါ်လာမလဲဆိုတာ စောင့်ကြည့်ကြရအောင်ဗျား။


ကေမောင်ငြိမ်း

3 မှတ်ချက်ပေးသွားတယ်:

khin oo may said...
February 8, 2009 at 7:23 AM

အင်း..စောင့်ကြတာပေါ့။

စိုင်းစိုင်းလားရှိုး said...
February 8, 2009 at 10:46 AM

ကြိုးကြာနီတွေရဲ့ အောင်ပွဲကို ဂုဏ်ယူပါတယ်။ ဒါမှတို့မန်ယူ မပျင်းမှာ :):) ဟဲဟဲ။

ksanchaung said...
February 8, 2009 at 10:57 AM

တောကြက်ကတော့ Incredible ပဲ။