"ကဗျာ"

"အယောင်ဆောင်"

ငါ့မျက်နှာကို မှန်ကြည့် စဉ်းစားမိ

အရေခွံခွကြည့် တွယ်တာ စရာမရှိ
အရိုးကို အရေဖုံး အသေကောင်မျိုး
အသေကောင်ကို အသက်သွင်း
လူသားတွေဟာ မသာအချင်းချင်း .....

ပျိုမြစ်ခြင်း ဟာအိုမင်းခြင်းရဲ့အစ
ရှင်သန်ခြင်းမှ သေဆုံးကျ
နိဒါန်းပြီးရင် နိဂုံးလာမယ်.....

အလှတရားကို အရောင်ခြယ်
မျက်လုံးကို ပြုစားတယ်
အလှကို ဗန်းပြ၊ တစ်ညစာအတွက်လှည့်စားကျ

မာယာအသွယ်သွယ်၊ အညှာလွယ်လွယ်
ခူးယူချင်ဘွယ်၊ သွေးဆောင်ချယ်လှယ်
ယမင်းပျိုရယ် သေမင်းခေါ်တယ်
အလှတွေ ခ၀ါချ အမှောင်ညကို ၀င်ရ
ဘယ်မှာလဲ .... လှပခြင်း
သေခြင်းနဲ့ အဆုံးခင်း ....... ။


KS

3 မှတ်ချက်ပေးသွားတယ်:

နေ့အိပ်မက် said...
March 1, 2009 at 1:35 PM

တရားကျစရာကို ကာရန်သွက်သွက်လေးနဲ့ ရေးထားတာ မိုက်တယ်..... ဒီအနုပညာကို ခံစားတာကပဲ လူသားတွေရဲ့ တပ်မက်မှုတစ်မျိုးဖြစ်နေပြန်ပြီနော်... :) နေ့အိပ်မက်ထင်တာ ပြောပါတယ်

RePublic said...
March 1, 2009 at 8:01 PM

ကဗျာ ဖတ်ပီး ကိုယ်မျက်နှာ ကိုယ်မကြည့်တော့ဘူးဗျာ ၊၊ ဒါပဲ (ကို)ကေငြိမ်းရေ ၊၊ ကြောက်လို့ ၊၊

မြတ်သွယ် said...
March 5, 2009 at 3:39 PM

သေဆုံးခြင်းနဲ့ အဆုံးခင်း ...
အဲ့စိတ်လေးသွင်းထားမှပဲ

ခေါင်းစဉ်လဲကောင်းတယ် ကိုကေမောင်ငြိမ်း

ခင်မင်စွာဖြင့်