Man Utd Vs Liverpool 1:4




Unbelievable Match ,incredibles steven gerrard & fernando torres :)

၁၄.၃.၀၉ ရက်နေ့ စနေ့က ပရီးမီးယား ထိပ်သီး အချင်းချင်း တွေ့ဆုံသည့် မန်ချက်စတာ ယူနိုက်တင် နှင့် လီဗာပူးလ်တို့ပွဲစဉ်တွင် ဧည့်သည် လီဗာပူးလ်အသင်းက ၄ ဂိုး ၁ ဂိုးနှင့် အနိုင်ရရှိ သွားပါသည်။
အိမ်ရှင်အတွက် ဂိုးကို စီရော်နယ်ဒိုက ၂၃ မိနစ်တွင် လီဗာပူးလ်ဂိုးသမား ပီပီရေနာမှ မန်ယူ တောင်ပံ ကစားသမား ပက်ဂျီဆန်အား ပြစ်ဒဏ်ဘော ကျူးလွန်ရာမှ ပင်နယ်တီ ကန်ခွင့်ရပြီး အမှား အယွင်းမရှိ ကန်သွင်း ယူနိုင်ခဲ့ပြီး ဦးဆောင်ခဲ့သည်။
သို့သော် ဦးဆာင် ဂိုးသွင်းယူပြီး သိပ်မကြာခင်မှာပင် မန်ယူနောက်တန်း ကစားသမား ဗီဒစ် အမှားမှတစ်ဆင့် လီဗာပူးလ်တိုက်စစ်မှူး ဖာနန်ဒို တောရက်စ် မှချေပဂိုး ပြန်လည်သွင်းယူခဲ့သည်။ တစ်ဖန် ပထမ ပိုင်း ပြီးခါနီး မိနစ် အနည်းငယ်အလိုတွင် တိုက်စစ်မှူးတောရက်စ် ချပေးသည့် ဘောလုံးကို အသင်းခေါင်းဆောင် ဂျရတ် ဂိုးဧရိယာအတွင်း ဆွဲပြေးရာ မန်ယူနောက်ခံလူ အီဗရာ ဘောလုံး ဖျက်ထုတ်ရာ အနည်းငယ် ဆွဲချိတ်မိ သလိုဖြစ်သော်လည်း ဒိုင်လူကြီး Alan Wiley မှ သာမန် ပြစ်ဒဏ်ဘော သာကန်ခွင့်ပြုခဲ့သော်လည်း စည်းကြပ်ဒိုင် မှ ပင်နယ်တီအဖြစ် သတ်မှတ်သောကြောင့် လီဗားပူလ် အသင်းခေါင်းဆောင် စတီဗင်ဂျရတ်မှ မန်ယူဂိုးသမား ဗန်ဒါဆား၏ ညာဘက်ထောင့် သို့အပြင်းကန်သွင်းယူပြီး ၂ ဂိုး ၁ ဂိုးဖြင့် ပြန်လည် ဦးဆောင် နိုင်ခဲ့သည်။
မန်ယူအသင်းမှာ လီဗာပူးလ်အသင်းဘက်သို့ အကြိမ်ကြိမ် ထိုးဖောက် တိုက်စစ်ဆင် ကစားသော်လည်း တိုက်စစ်မှူး တီဗက်စ် အဆုံးသတ် ညံ့ဖျင်းမှု၊ ဂိုးကံခေမှုနှင့် လီဗာပူးလ် ၀ါရင့် နောက်တန်းကစား များဖြစ်သော် ဂျင်မီကာရေဂါ၊ ဟစ်ပီယာတို့၏ ခပ်ကြမ်းကြမ်း ဖျက်ထုတ်မှု တို့ကြောင့် အရာမထင်ဖြစ် နေခဲ့သည်။ ထို့ပြင် မန်ယူ တောင်ပံကစား စီရော်နယ်ဒို၏ ဖရီးကစ်ကန် သွင်းချက်များကို ဂိုးသမား ပီပီရိန်နာ နေရာ ယူမှန်မှန်ဖြင့် ကာကွယ် နိုင်မှုမှာလည်း မန်ယူတို့၏ ချေပဂိုး ရရှိရေးနှင့် အနိုင်ရရှိရေး မျှော်လင့်ချက် များေ၀၀ါးသွားခဲ့ရသည်။
ထို့အပြင် ဒုတိယ ပိုင်း ၇၃မိနစ်တွင် မန်ယူအသင်းမှ တိုက်စစ်မြှင့်ရန် အတွက် ကာရစ်၊ ကွင်းလယ်အဖျက် လူငယ် ကစားသမား အန်ဒါဆင်နှင့် တောင်ပံကစား ပက်ဂျီဆန် တို့အား ၀ါရင့်အလယ်တန်း ကစားများဖြစ်သော် ပေါ်လ်စခိုးလ်၊ ရွိုင်ရန်ဂစ်နှင့် တိုက်စစ်မှူး ဘာဘာတော့ဗ်တို့အား တပြိုင်နက်တည်း ဆိုသလို လူစားလဲမှု ပြုလုပ်ခဲ့သည်။ သို့သော် မကြာမီပင် လီဗာပူးလ် အသင်းခေါင်းဆောင် ဂျရတ်အား မန်ယူ နောက်ခံလူဗီးဒစ် မှ ပြစ်ဒဏ်ဘော ကျူးလွန်ရာ တိုက်ရိုက် အနီကဒ်ဖြင့် အထုတ်ခံခဲ့ရသည်။ ထိုပြစ်ဒဏ်ဘောကို အသင်းခေါင်း ဆောင် ဂျရတ်နှင့် ဘယ်အစွန်နောက်ခံလူ အော်ရယ်လီယိုတို့ နှစ်ဦး ကန်မည့်အနေအထား ရှိနေသော်လည်း မန်ယူဂိုးသမား ဗန်ဒါဆားမှာ ဂျရတ်၏ အပြင်းကန်သွင်းမည့် ဟုထင်မြင်ယူဆသော်လည်း အော်ရယ်လီယိုမှ အမှတ်မထင် ဂိုးသမား ဘယ်ဘက်ထောင့်သို့ ဖရီးကစ်ကန်သွင်းယူသွားပြီး လီဗာပူးလ်မှ ၃ ဂိုး ၁ ဂိုးဖြင့် ထပ်မံ ဦးဆာင် သွားနိုင်ခဲ့သည်။ မန်ယူအသင်းမှာ နောက်ခံလူ ဗီဒစ် အထုတ်ခံရသော်လည်း ကစားပုံမှာ သိသိသာသာ ပျက်သွားခြင်း မရှိပဲ တစ်ယောက်သာ လီဗာပူးလ်အား ပြန်လည် ဖိအားပေးနိုင်သော်လည်း တိုက်စစ်မှူး တေဗက် အဆုံးသတ် ညံ့ဖျင်း မှုကြောင့်နှင့် ဂိုးရလိုစော တို့ကြောင့်သာ မသွင်းယူနိုင်ခဲ့ ခြင်းဖြစ်သည်။
နည်းပြဘင်နီတက်စ်မှ မန်ယူကွင်းလွယ်ကို အသားစီးရရန် ၆၇ မိနစ်တွင် ရီရာအစား ဒေါ့ဆီနာ၊ ၈၁ မိနစ်တွင် တော့ရက်စ်အစား ဘာဘယ်နှင့် မိနစ် ၉၀ တွင် ဂျရတ်အစား အယ်ဇားတို့အား ၀င်ရောက်ကစားစေခဲ့သည်။
နောက်ဆုံးမိနစ် ၉၀ တွင် ဂိုးသမား ရေနာ ကန်တင်ပေးသည့်ဘောလုံးကို ဘာဘယ်နှင့်နောက်ခံလူ ဖာဒီနန်တို့ ယှဉ်ခေါင်းတိုက်သော်လည်း အမှတ်မထင် လွတ်ကျလာသည့် ဘောလုံးကို နောက်ခံလူ ဒေါ့ဆီနာမှ မန်ယူ ဂိုးသမား ဗန်ဒါဆားကို ကျော်ကာ လှလှပပ သွင်းယူသွားသဖြင့် လီဗာပူးလ်အသင်းမှ ၄ ဂိုး ၁ ဂိုး ဦးဆောင် နိုင်ခဲ့သည်။ လက်ကျန်မိနစ်များတွင်လည်း တစ်ယောက်လျော့ မန်ယူအသင်းမှ ချေပဂိုးများ ပြန်လည် မသွင်းယူနိုင်သဖြင့် လီဗာပူးလ်အသင်းမှ ၄ ဂိုး ၁ ဂိုးဖြင့် ပြတ်ပြတ် သားသား အနိုင်ရရှိခဲ့သည်။


Man Utd:
Van der Sar, O’Shea, Ferdinand, Vidic, Evra, Ronaldo, Carrick (Giggs 74), Anderson (Scholes 73), Park (Berbatov 74), Rooney, Tevez Subs Not Used: Foster, Nani, Evans, Fletcher.

Sent Off: Vidic (76).

Booked: Ferdinand, Van der Sar.

Goals: Ronaldo 23 pen.

Liverpool: Reina, Carragher, Skrtel, Hyypia, Aurelio, Mascherano, Lucas, Kuyt, Gerrard (El Zhar 90), Riera (Dossena 67), Torres (Babel 81). Subs Not Used: Cavalieri, Insua, Ngog, Arbeloa.

Booked: Carragher, Mascherano, Skrtel.

Goals: Torres 28, Gerrard 44 pen, Aurelio 77, Dossena 90.

Att: 75,569

Ref: Alan Wiley (Staffordshire).


0 မှတ်ချက်ပေးသွားတယ်: