နမ်းရှိုက်ချင်ပေမယ့် နမ်းရှိုက်ခွင့်မရခဲ့
ငါ့ရဲ့ဘ၀မှာ အကြောင်းတစ်စုံတစ်ရာ
တားဆီးခဲ့...
နံနက်ခင်း လေပြေနဲ့ အတူအိပ်ယာက ခြေဆင်း
လမ်းလျောက်၇င်း ဆောင်းရနံ့ နမ်းရှိုက်သံပြင်း
ဘေးတဖက်တစ်ချက် ပန်းရနံ့တွေပြန်နှံ့
ငါ့အတွက် လန်းဆန်းခဲ့...
ဟိုး...မှာ ပန်းပွင့် အနီရောင်ပွင့်ဖတ်
ရဲရင့်ခြင်း၊ ရက်စက်မှုအဆိပ်ပြင်း
ဆူးကိုခြုံ စွဲမက်စေတဲ့ အဖူးအငုံ
သူရနံ့ ဖမ်းစားနေတဲ့
ပန်းလေးတစ်ပွင့်
ငါ့ဘ၀မှ ... ထိုသို့ပန်းနှင့်
ကြုံတွေ့ရရင် သူရနံ့တွေ
ဘယ်လိုဘယ်ပုံ နမ်းရှိုက်မောဟိုက်
သူအတက်နံ့ ဖမ်းစားခဲ့လည်း
မင်းရဲ့လှည်စားမှုမှာ ရှုံးနိမ့်စွာ
နမ်းရှိုက်ခွင့်တောင်မှ ရပါ့မလား.....?.....
KS
"နမ်းရှိုက်ခွင့်မရသူ"
Subscribe to:
Post Comments (Atom)
3 မှတ်ချက်ပေးသွားတယ်:
တကယ်လို့ရခဲ့မယ်ဆိုရင်ရော ဘယ်လိုဖြစ်မလဲ?
ကဗျာကောင်းလေး တစ်ပုဒ်ကို ခံစားသွားပါတယ်။
အဆင်ပြေပျော်ရွှင်ပါစေဗျာ
နှမ်းရှိုက်ခွင့်ရပါစေလို့ဆုတောင်းပေးပါတယ်
ကဗျာလေးအတွက်ကျေးဇူးပါ
ထာဝရ လက်တွဲနိုင်ပါစေလို့ဆုတောင်းပေးပါတယ်
ချစ်ကြတဲပသူ ၂ ယောက်ကိုထာယရလက်တွဲစေချင်တာ
နတ်လူမုန်ရဲ့ ရင်ထဲက ထာဝရပါ
Post a Comment