"မိုးရွာထဲ အိမ်မက်"

ချစ်သူ့အိမ် အလည်တစ်ခေါက်
အရင်ကည ပြန်ရောက်
အခြေအနေ အတူတူပဲ
မင်းမိသားစုနဲ့ သင့်မြတ်ဆဲ ...

မိုးလေတွေကြမ်း
ရင်မှမတွေ့ရအလွမ်း
မစဲသောမိုးလို့လွမ်း ...

မိုးရေတစက်မြိတ်အောက် 
အချစ်ခိုတွဲ ချစ်သူနှစ်ယောက်
တသသလွမ်း
တစ်ဆဆမျက်ရည်မခမ်း
ပွေ့ဖက်လက်ယှက် ...

မခွဲနိုင်မခွာရက်
ဝေးရာမှာဆွေး
တွေးကြတာတို့ရှေ့ရေး ...

နှစ်သက်သောအရာရန်မူ
ငါခန္စာစတေးကာခံယူ ...

အချစ်တွေ ရင်ကခရီး
မိုးရေတသွင်သွင်းစီး
ဖျက်စီးနှောင့်ယှက် လျှပ်စီးနှောင့်ယှက်
နှစ်ယောက်သောမျက်လုံး အရောင်ညိုး
တစ်ယောက်သောသူအရိပ် မျက်လုံးထဲ
ဝေးရမဲ့အချိန် ပေါ်လာမြဲ .....။


KS

5 မှတ်ချက်ပေးသွားတယ်:

မိုးခါး said...
May 9, 2009 at 6:58 AM

ဝေးရမယ့်ချိန်တွေ အမြန်ကုန်ပါစေနော်

Anonymous said...
May 9, 2009 at 5:45 PM

ကဗျားလေး ခံစားသွားပါတယ်ဗျာ
အဆင်ပြေပျော်၇ွှင်ပါစေ

နွေးနွေးသဲမွန် said...
May 15, 2009 at 3:31 PM

မိုက်တယ်...ကဗျာလေးက

may16 said...
May 22, 2009 at 2:38 PM

ကဗျာလေးက ကောင်းတယ် ကိုကေမောင်ငြိမ်း

စိုင်းစိုင်းလားရှိုး said...
May 24, 2009 at 1:20 PM

ကဗျာကောင်းလေး လာခံစားပါတယ် အစ်ကို