"သူ့လက်က ပန်းကျ"

လူတစ်ဦး
ငါ့ထက်လက်ဦး
မင်းရဲ့အချစ်ဦး ..... ကိုရခဲ့တယ်.....။

သူ နဲ့ မင်း
ပြဿနာစစ်ခင်း
သံယောဇဉ်ကင်းမှ
မင်းအနားကို ငါချဉ်းနင်း .....။

တစ်ပါးသူရဲ့ လက်အထက်
မှိန်းမောခြင်းနဲ့ မှောင်မိုက်
ချစ်သက်ကြွေကာ စိတ်ပျက်
မျက်ဝန်းအစုံ မျက်ရည်လျက်
လှုပ်ခါစေတယ် ငါ့နှလုံး အထက်.....။

အသံလှိုင်း မုန်တိုင်း
တိုက်ခိုက်ညှိမှိုင်း
အားငယ်စိတ်ထိုင်း
မိန်းကလေး အသဲရိုင်း .....။

မင်းလေးခြေချ ငါ့ရင်ခွင်
ဖွင့်ဟ၀န်ခံကြောင်း ကုန်စင်
တွယ်ငြိမေတ္တာ အသက်ဝင် .....။

ပထမအချစ် မဟုတ်လဲ
မြတ်နိုးတွယ်တာချစ်စဲ
မင်းရင်ထဲမှာ အငြိုးသဲ
သဘောထားကြီးစွာ ခွင့်လွတ်စဲ .....။

KS

1 မှတ်ချက်ပေးသွားတယ်:

little brook said...
May 17, 2009 at 8:54 PM

ကိုယ့်အချစ်နဲ့ အရာရာကို အကောင်းတိုင်း ဖြစ်စေမယ်
စိုင်းထီးဆိုင် သီချင်းလေးကိုတောင် သတိရသွားတယ် ငါ့လူ