"အကျဉ်းကျ မင်းသမီး"

ပေါင်းဖော်မိတဲ့ ငါတို့တစ်သိုက်
လွတ်လပ်စွာနဲ့ ပျော်ပိုက်
လှောင်ချိုင့်လွတ်တဲ့ ငှက်
တောင်ပံနှစ်စုံ ရိုက်ခတ်
ငါတို့ပျော်ခဲ့တဲ့ အချိန်
နေ့ရက်တွေကို မတွက်မိပင်.....

ဒါနောက်ဆုံးလား
လမ်းဆုံးတာကို မမြင်သူများ
ပွင့်လာတဲ့ နှလုံးသားတံခါး
အရာမရောက် ပျောက်ဆုံးသွား
ခံစားချက်သစ်ပင်
အမြင့်ဖျားထိ တက်ချင်
အိမ်ပြန်ချိန် သတိမရ  နာရီသံမကြားကြ
ပို့ခဲ့တဲ့လမ်း နောက်ဆုံးချောက်ကမ်း.....

သတ်ခဲ့ပြီး သံယောစဉ်
အသံမမြည်တဲ့ ဖုန်းသံစဉ်
မကောင်းသံကိုကြား ငှက်ဆိုးထိုးသံလား
ခြားသွားပြီ လျှောက်ခဲ့တဲ့ လမ်းမြေနီ
မိဘသဘောထား ပြောင်းလဲသွား
အကျဉ်းကျသွား နတ်သမီး တစ်ပါး
ဆက်သွယ်ခွင့်မရ အမြင်ကွာဝေးသမျှ
နားမလည်နိုင်တဲ့ ပြဿနာ
ရှင်းပြခွင့် ပြုပါ.....

မင်းတို့မျှော်မှန်း ခဲ့တဲ့ငါ့မွေးနေ့
အိမ်မက်ထဲက တိမ်တွေရွေ့
မင်းသမီးဖတ်ကြား အဖွင့်စကား
ငါတို့တွေနား အကောင်းကနေမကြား
ဖုန်းတွေပိတ် အကြောင်းကြာစာမတွေ့
ငါတို့မျက်လုံးမှိတ်
သတိရခြင်းများစွာ
ဆုမွန်းကောင်းတောင်းလာ
အချုပ်အတည်း မှလွတ်ပါ ..... စေ.....။


KS

0 မှတ်ချက်ပေးသွားတယ်: