Fwd: စင်္ကာပူနိုင်ငံ ဒီဇင်ဘာ ရုံးပိတ်ရက်များ အတွက် လူတိုင်းအတွက် လက်တွေ့အသုံးချ နိဗ္ဗာန်လမ်းပြ ဝိသုဒ္ဓိမဂ် သင်တန်း (ပထမပိုင်း)

🙏🏻 please register online now!!!!🙏🏻

စင်္ကာပူနိုင်ငံ ဒီဇင်ဘာ ရုံးပိတ်ရက်များ အတွက်
လူတိုင်းအတွက် လက်တွေ့အသုံးချ နိဗ္ဗာန်လမ်းပြ ဝိသုဒ္ဓိမဂ် သင်တန်း (ပထမပိုင်း) အတွက် ဖေါ်ပြပါ web link တွင် online စာရင်းပေးသွင်းနိုင်ကြပါသည်။


🔸 ဗုဒ္ဓသားတော်၊ သမီးတော်မှန်ရင် ဝိသုဒ္ဓိမဂ်ကျမ်းကို သင်ယူသင့်ပါကြောင်း တိုက်တွန်းလိုပါသည်။

🔸 ပိဋက(၃)ပုံကို တစ်ကျမ်းထဲဖြင့် ခြုံငုံရေးသားထားသော ကျမ်းကို ပြပါဆိုလျှင် ဝိသုဒ္ဓိမဂ်ကျမ်းဟုသာ ပြဆိုရပါမည်။

🔸 ဘုရားရှင်ဟောကြားတော်မူသော ပိဋက (၃)ပုံကို အကျဉ်းချုပ်လျင် ဗောဓိပက္ခိယ (၃၇) ပါး ရပါသည်။

🔸 ဗောဓိပက္ခိယ (၃၇) ပါးကို အကျဉ်းချုပ်လျင် မဂ္ဂင် (၈)ပါး ရပါသည်။

🔸 မဂ္ဂင် (၈)ပါးကို အနှစ်ချုပ်လျှင် သီလ၊ သမာဓိ၊ ပညာ ဟူသော ကျင့်ဖွယ်ရာသိက္ခာ (၃)ပါး ရပါသည်။

🔸 ထို ကျင့်ဖွယ်ရာသိက္ခာ (၃)ပါး ကို ပိဋက (၃) ပုံမှ အနှစ်ချုပ်၍ ထုတ်ပြသော တစ်ခုတည်းသော ကျမ်းသည် ဝိသုဒ္ဓိမဂ်ကျမ်းပင် ဖြစ်ပါသည်။

🔸 မြတ်ဗုဒ္ဓ၏ တရားအနှစ်ချုပ် အစစ်အမှန်ကို အလွယ်တကူ သိရှိလိုကြသော ရဟန်း၊ ရှင်၊ လူ မှန်သမျှ ပိဋက(၃)ပုံ၏ အနှစ်ချုပ်ဖြစ်သော ဤဝိသုဒ္ဓိမဂ်ကျမ်း သင်တန်းကို မဖြစ်မနေ လေ့လာသင်ယူသင့် လှပါသည်။

🔸 ဝိသုဒ္ဓိမဂ်ကျမ်း၌ သီလနိဒ္ဒေသ၊ ဓူတင်္ဂနိဒ္ဒေသ၊ စသည်ဖြင့် အခန်းပေါင်းများစွာ ပြဆိုထားပါသည်။

🔸 သီလနှင့် ပတ်သက်လျှင်
(၁) သီလဟူသည် အဘယ်နည်း
(၂) သီလ၏ အနက်သဘောသဘာဝကား အဘယ်နည်း
(၃) သီလ၏ လက္ခဏာ၊ ရသ၊ ပစ္စုပဋ္ဌာန်, ပဒဋ္ဌာန်တို့ကား အဘယ်နည်း
(၄) သီလအကျိုးတရားက အဘယ်နည်း
(၅) သီလသည် အဘယ်မျှ အပြားရှိသနည်း၊
(၆) သီလ၏ ညစ်ညူးကြောင်းကား အဘယ်နည်း၊
(၇) သီလ၏ ဖြူစင်ကြောင်းကား အဘယ်နည်း။

🔸 ထို့အတူ သမာဓိကို ပြဆိုရာမှာ

(၁) သမာဓိဟူသည် အဘယ်နည်း (ပ)
(၇) သမာဓိ၏ ဖြူစင်ကြောင်းကား အဘယ်နည်း
စသည်ဖြင့် သူ့အခန်းနှင့်သူ အသေးစိပ် အနှစ်ထုတ်၍ ပြဆိုထားပါသည်။

🔸 ထို့ကြောင့် ဗုဒ္ဒတရားတော်များကို ဂဃနဏ သိလိုသူ လုပုဂ္ဂိုလ်မှန်သမျှ ဤ ဝိသုဒ္ဓိမဂ်ကျမ်း သင်တန်းကို မဖြစ်မနေ လေ့လာသင်ယူသင့်ပါကြောင်း တိုက်တွန်းနှိုဆော်အပ်ပါသည်။

🙏🏻🙏🏻🙏🏻Dhammadownload Family 🙏🏻🙏🏻🙏🏻
🙏🏻🙏🏻🙏🏻ဓမ္မဒေါင်းလုပ်မိသားစု 🙏🏻🙏🏻🙏🏻

0 မှတ်ချက်ပေးသွားတယ်: