11.11.11.11.11.2007 & အတုမရှိသူ

ခေါင်းစဉ်ကတော့ ရှယ်ဘဲလို့ ကျွန်တော်ထင်တယ်၊ ပေါက်တတ် ကရေးတယ်လို့ ထင်လည်း ကျွန်တော်ရဲ့ ဦးနှောက် နဲ့ အတွေးအခေါ် ကတော့ အဲဒီလောက်ဘဲရှိ တယ်လို့မှတ်လိုက်ပါ၊ ဒါပေမယ့် တိုက်တိုက် ဆိုင်ဆိုင် နှစ်တစ်နှစ်ရဲ့ အချိန်တွေ တော်တော်များများ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်သွားတဲ့ အချိန်မှာ ကျွန်တော်အနေနဲ့ အထိမ်းအမှတ်၊ အမှတ်တရလေး တခုဖြစ်သွားအောင် ရေးလိုက်တာပါဘဲ၊ အခုခေတ်ကြီးမှာ အရမ်း ခေတ်စားနေတဲ့ န၀င်း ကျေတာတို့ ဘာတို့လို ပေါ့ဗျာ၊ ၁၁ န၀င်းလေ ဘာကျိမ်းကြေ လဲတော့ မသိဘူးဗျ၊ ယတြာ ပေါ့ဗျာ၊ အင်းယတြာ ချေစရာလည်း မရှိပါဘူးဗျာ၊ ကြော်ငြာတခုထဲကလို ငွေရှိပေမယ့် အိုင်ဒီယာတွေ မရှိလို့ ထိုင်နေရာ တာထက် ဘာမှကို မသိလို့ အိုင်ဒီယာတွေ မရှိလို့ မရေးတာက မှန်ပါဦးမယ်ဗျာ၊ ငယ်ငယ်တုန်းက စာရေးရမှာ အင်မတန် ပျင်းသကိုးဗျ၊ ဒါပေမယ့် စာဖတ်တာကတော့ အရမ်းကို ၀ါသနာပါတယ်၊ အထူးသဖြင့် ကျွန်တော်က စိတ်ဝင်စားတာက တမျိုးဗျ၊ ငယ်ငယ်တုန်းကဆို သူများတွေလို ကာတွန်း၊ mazaine,တွေ မဖတ် ပေမယ့် စာစောင်တွေ ဘာသာပြန် တွေဖတ်ခဲ့တယ်၊ မောင်ထွန်းသူ၊ ရွှေဥဒေါင်းတို့လို စာတွေပေါ့ဗျာ၊ နည်းနည်းတော့ ကြီးကျယ်တယ်ဗျ၊ အခု အရွယ်ရောက်တော့လည်း ကျွန်တော် စိတ်ဝင်စားတာက စာရေး ဆရာကြီး မောင်စူးစမ်းရဲ့ စာအုပ်တွေ၊ ဆောင်းပါးတွေ၊ ဘာသာပြန်တွေ တခုမှ မလွတ်ဘူးဗျ၊ နောက်ပြီး သစ်စာနီ စသည်ဖြင့် အများကြီးပါ၊ မှတ်မှတ်ရရ ကတော့ အဲဒီဆရာကြီး ပါပဲ၊ သူရဲ့ အတွေး အခေါ်တွေ ရေးသား ထားသာ တွေဟာ ကျွန်တော်ရဲ့ ဦးနှောက်၊ ကျွန်တော်ရဲ့ တွေးခေါ်နိုင်စွမ်းနဲ့တောင် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အစားထိုးလို့ မရတဲ့ စာရေးဆရာ၊ အတွေးအခေါ်ပညာရှင်ကြီး တယောက်ပါ၊ ကျွန်တော် ကတော့ အဲဒီလိုဘဲ တင်စားတယ်ဗျာ၊ သူ့ဆောင်းပါး တွေဟာ ယနေ့ ဂျာနယ် ထက်ဝက်ကျော်မှာ နေရာပေး ဖော်ပြခံရတယ်၊ ဒါကို တော့ သူငယ်ချင်းတွေ အသိဖြစ်မှာပါ၊ နောက်ပြီး သူရဲ့ ဘာသာပြန်တွေဟာလည်း တော်တော် ကောင်းတယ်ဗျ၊ အများကြီးပါဗျာ၊ ဒါတောင် တချို့လိုက်မမီတာလေး တွေအများကြီး ရှိပါသေးတယ်၊ ဒါကတော့ ကျွန်တော်ရဲ့ အဆုံးမရှိ၊ အစမရှိ၊ ခေါင်းစဉ်မရှိ၊ အကြောင်းအရာ မရှိ၊ နိဒါန်းမရှိ၊ စာကိုယ်မရှိ၊ နိဂုံးမရှိနဲ့ သီးခံပြီး ဖတ်လိုက်ကြပေါ့ဗျာ။

စိတ်ရှည်သီးခံစွာဖြင့် နောက်ရက်ဆက်ဖတ်ပါရန်၊
ကျေးဇူးတင်စွာဖြင့်
ခင်မောင်ငြိမ်း

0 မှတ်ချက်ပေးသွားတယ်: