STOP! Access Denied

သူ့ကို ဘယ်လောက်ထိများ မုန်းသလဲဆိုရင်ဗျာ ဘယ်လိုနည်းနဲ့ သတ်ပစ်ရမလဲ၊ အဲဒီ အထိတောင် ကျွန်တော် စဉ်းစား ခဲ့တယ်၊ မုန်းတယ်ဗျာ မုန်းတယ်၊ စဉ်းစားကြည့်လေဗျာ၊ လက်ရှိ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လူဦးရေ ၅၆ သန်းရှိတယ်၊ လိုရင်လည်း လိုမယ်၊ ပိုရင်လည်း ပိုသွားမယ်လေ၊ အဲဒါကတော့ ကျွန်တော်မပြောနဲ့ လူမှု ၀န်ထမ်းနဲ့ ကယ်ဆယ်ရေး ဌာနမှာတောင် ဒီစာရင်း အတိအကျ ရှိချင်မှ ရှိလိမ့်မယ် ထင်တယ်၊ ကဲအဲဒီထဲမှာမှ လက်ရှိ အင်တာနက်တွေ၊ အီးမေးလ်တွေ သုံးနေတာကို ထပ်ခွဲခြားကြည့်မယ်၊ ဒါနဲ့ စကားမစပ် လက်ရှိ ကျွန်တော်တို့ နိုင်ငံတည် ရှိနေတဲ့ အရှေ့တောင် အာရှမှာ မြန်မာနိုင်ငံက အင်တာနက် အသုံးပြုသူနှုန်းဟာ ၁၀ နိုင်ငံရှိတဲ့ အနက်မှာ ကျွန်တော် ထင်တယ် အနည်းဆုံး နံပါတ် 7 ဒါမမဟုတ် 8 မှာ ရှိနေလိမ့်မယ်၊ ကျွန်တော်တို့ အောက်မှာ လာအို၊ combodia တို့လောက်ဘဲ ရှိလိမ့်မယ်၊ ဒါတောင် လူဦးရေ အချိုးချကြေးဆိုရင် သူတို့နှစ် နိုင်ငံက ကျွန်တော်တို့ အထက် ကိုပြန်ရောက် သွားမယ် ထင်တယ်၊ ဒါက လက်ရှိ ကျွန်တော့် သုံးသပ် ချက်မှာ မှားတယ်ထင် ရင်လည်း ဆွေးနွေးလို့ရပါတယ်၊ ရှင်းရှင်းပြောရင် ငြင်းလို့ရတယ်လေ၊ ဒါမျိုးကို ကျွန်တော်စိတ်ဝင် စားတယ်၊ ကဲ လိုရင်းကို ပြန်ဆက်ကြတာပေါ့၊ ဒီ STOP ဆိုတဲ့ စကားလုံးဟာ တော်တော်လေး အကျိုးသက် ရောက် တယ်လို့ ကျွန်တော် ထင်တယ်၊ သူကို အမျိုးမျိုး ဖွင့်ဆိုလို့ရတယ်၊ ဒါပေမယ့် ကျွန်တော်တို့ လက်ရှိ မြန်မာ နိုင်ငံက အင်တာနက်အသုံးပြုသူတွေ တစ်ချက်လေး မှားရိုက်လိုက်ရင် the page cannot be found ရပါတယ်၊ ကျွန်တော်တို့ မှားလို့ပေါ့၊ ကဲ အမှန်ကို ရိုက်လိုက်ပြီ stop ,access denied တဲ့ ဘယ်လောက်တင်း ဘို့ကောင်းလယ်၊ အဲဒီ stop တောင် နှစ်မျိုး နှစ်စားကို လက်ရှိ အွန်လိုင်း တွေမှာ ခွဲခြားထားတာကို တွေ့ရပါတယ်၊ ဘာလိုခွဲခြားထားတာ လဲဆိုတော့ access denied , this site is blocked by mpt OR access diend by bagan cyber tech ဆိုလားဘဲဗျာ၊ မတူတာဘူး ဆိုတာကိုတော့ သိတယ်၊ ဒါဆိုဘာဆက်လုပ်ရ မယ်ဆိုတာ ကိုတော့ အသုံးပြုသူတွေ ကောင်းကောင်း သိသွားပါပြီ၊ ရှင်းလင်းလေးဘဲ close OR back ပေါ့ဗျာ၊ ဒါနှစ်ခု ဘဲရှိတယ်၊ ဒါမမဟုတ် ခင်ဗျားက network admin တယောက်၊ ဒါမမဟုတ် tech တယောက် ဆိုရင်တော့ တမျိုးပေါ့ဗျာ၊ ကျွန်တော်တို့ ဆီမှာ ဒီဆိုင်ဘာနဲ့ ပတ်သက်တာ တွေဟာ ဘယ်ဟာက ကောင်းတယ်၊ ဘယ်ဟာက ဆိုးတယ် ဆိုတာကို ခွဲခြားထားတဲ့၊ ထိန်းချုပ်ထား တယ်ဆိုတဲ့ ဟာကို ကျွန်တော်တို့ အများပြည်သူ တွေ မသိသေး ရင်လည်း တမျိုးပေါ့ဗျာ၊ ကဲထားပါတော့ ၊ စိတ်မရှိနဲ့ စာဖတ်သူကြီးရေ၊ လိုရင်းက ပျောက်ပျောက် သွားတယ်၊ အဓိက ဆိုလိုချင်တာ ကတော့ လက်ရှိ အနေအထားမှာ အင်တာနက် အသုံးပြုသူတွေဟာ ကျွန်တော်တို့နိုင်ငံမှာ သောင်းဂဏန်း ကျော်ကျော်၊ သိန်းဂဏန်း ကြားစာ လောက်ဘဲ ရှိမယ်လို့ ကျွန်တော်ထင် ပါတယ်ဗျာ၊ ဒါတောင် အမြဲတမ်း အသုံးပြုသူတွေနဲ့ မကြာခဏ အသုံးပြုသူတွေ အားလုံးပေါင်းဟာ အင်မတန်းမှ နည်းပါးနေပါး သေးတယ်၊ international ကို ကျွန်တော်မပြောလို့ပါဘူး၊ neighbour country အနေနဲ့ ဆိုရင်တောင် ကျွန်တော်တို့ဟာ အိမ်နီးချင်း ကုန်းတွင်းပိတ်နိုင်ငံဖြစ်တဲ့ လာအို ကလွှဲရင် ကျန်နိုင်ငံတွေရဲ့ အောက်မှာ ရှိပါတယ်၊ ဒါဟာ ကျွန်တော်တို့ဆီက နည်းပညာမဖွံ့ဖြိုးတိုးသေး လို့လဲဖြစ်မှာပါ၊ ဖွံ့ဖြိုးဆဲ နိုင်ငံတခု အနေနဲ့ ဆိုရင်တော့ ဒီနှုန်းထားဟာ မဆိုးလှဘူးလို့ ဆိုရမှာပါ၊ ဒါပေမယ့် ဒီဟာတွေကို ကျော်ပြီးကြည့်လိုက်ရင် လက်ရှိ အနေအထားမှာ တွေ့ကြုံနေရတာ ဟာ အင်မတန်မှ ကို စိတ်ပျက်ဘွယ် ကောင်းနေပြီး ကျွန်တော်တို့ရဲ တိုးတက်နေတဲ့ နည်းပညာ ကွာဟမှုကို ပိုမိုဆိုးရွာစေ နိုင်တဲ့အနေ အထား မှာရှိနေပါတယ်၊ မကြာသေးမီက ဖြစ်ပေါ်ခဲ့တဲ့ အနေအထား မှာ လက်ရှိ ဒီဘလော့ တွေဟာ မီဒီယာပိုင်းတွေမှာ ထိုးနှက်တိုက်ခိုက် မှုတွေဟာ ရှိကောင်း ရှိပေမယ့် တိုးတက်လာတဲ့ ဒီ ဘလော့နည်းပညာ အနေအထားမှာ ပိတ်ပင်ခဲ့မှုတွေဟာ အဆုံးရွားဆုံး အခြေအနေကို ရောက်ရှိနေပြီလို့ ကျွန်တော်ရဲ့ တွေးခေါ်နိုင်စွမ်း အနေအထားနဲ့ဆိုရင် ဒါဟာလုံးဝကို မလိုလား အပ်တဲ့ အနေအထား တခုပါ။ ကျွန်တော့်အနေနဲ့ ဒီဘလော့ အပေါ်မှာ သုံးသပ်ပိုင်ခွင့်၊ ဝေဖန်ပိုင်ခွင့် မရှိဘူးဆို ပေမယ့် ဒီနည်းပညာဖွံ့ဖြိုးတိုးတက်လာမှုကို ကျွန်တော်တို့ ဟန့်တား ပိတ်ဆို့နိုင်စွမ်း မရှိဘူးလို့ ကျွန်တော်ထင် တယ်၊ ဒီလောက် နည်းပညာ ဖွံ့ဖြိုးတိုးတက်နေတဲ့ တဟုန်ထိုး တိုးတက်နေတဲ့ globalizations ဆိုတဲ့ အနေအထားမှာ ကျွန်တော်တို့ရဲ့ လုပ်ဆောင် ချက်တွေက အနောက်ကို ပြန်လှည့်ဘို့ လုပ်နေတဲ့ ခြေလှမ်းမှား တွေဘဲဖြစ် ပါတယ်။ ဒါပေမဲ့ ဒါဟာ ခဏတာပဲ လုပ်ဆောင်နိုင်မယ်လို့ ကျွန်တော်ထင်တယ်၊ အချိန်နှင့် အမျှ တိုးတက်နေတဲ့ ဒီ နည်းပညာ တော်လှန်ရေးကြီးကို ကျွန်တော်တို့အနေနဲ့ ပိတ်ဆို့မဟန့်တား သင့်ပါဘူး၊ ကျွန်တော်ရဲ့ ဆိုလိုရင်း အဓိပါယ်တွေမှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ မူဘောင်ကို ကျော်လွန်ရင် ကျော်သွားနိုင် ပါတယ်၊ ဒါပေမယ့် မဖြစ်သင့်တဲ့ အနေအထား၊ မပြုမူ တတ်တဲ့ အနေအထား ကို ထပ်ပြီးမရောက် အောင်လို့ဘဲ တားဆီး နိုင်မယ်လို့ မျှော်လင့် စောင့်စားရင်းနဲ့ ဒီ post ကို ကျွန်တော် ရေးဖြစ်ခဲ့ တာပါ၊ မည်သည့် စိတ်ထား၊ မည်သူတစ်ဦး တစ်ယောက်၊ မည်သည့် အဖွဲ့အစည်း၏ ဂုဏ်ပုဒ် တစ်ခုကိုမျှ တိုက်ခိုက် ဝေဖန်ရေး သားထားခြင်း မဟုတ်သော်ငြား ကျွန်တော်တို့ရဲ့ နည်းပညာ အနာဂါတ် တခုမှာ ပွင့်ပွင့်လင်းလင်း၊ ရှင်းရှင်းလင်းလင်း ဖြစ်စေ ချင်သော သဘောထားများဖြင့် xxxx မျှော်လင့်စောင့် စားစွာဖြင့် xxxx

0 မှတ်ချက်ပေးသွားတယ်: