ပြတ်သွားလိုက်တာ


၃၁.၁၁.၂၀၀၇ နေ့ကစပြီး ကျွန်တော်တို့ မြန်မာပြည် မှာ အင်တာနက် မြန်နှုန်းတွေ တော်တော်လေးကို ကျသွားတာ နဲ့ ကျွန်တော်ရဲ့ ဘလော့ update ကို မလုပ်လိုက်ရဘူး။ အဲဒီနေ့ကတော့ ကျွန်တော်အတွက်တော့ တော်တော်လေး အထီးကျန်နေခဲ့ပါတယ်။ ဘာလို့လဲ ဆိုတော့ online ကသူငယ်ချင်းတွေ နဲ့မတွေ့ဖြစ်ဘူးလေ။ အဲ နောက်တနေ့ ကျ တော့ရော မထူးပါဘူး။ မြန်နှုန်းတွေ ကျနေတုန်းဘဲ။ ကိုယ့်မြန်မာ ပြည်က တင်တဲ့ ၀က်ဆိုဒ်လေး တွေဘဲ ကြည့်လို့ရ တယ်။ အမ်ပီတီမေးလ်တို့ ပုဂံမေးလ်တို့ တော့သုံးလို့ရတာပေါ့။ ဒီနေ့ ၃.၁၁.၂၀၀၇ လောက်ကျမှ မြန်းနှုန်း နည်းနည်း လေးတက်လာတာနဲ့ Update လာလုပ်ရတာ ပေါ့ ဗျာ။ ဒါပေမယ့် gtalk, Messenger တွေတော့ သုံးလို့ မရသေးပါဘူး။ မြန်းနှုန်း မကောင်းသေးလို့ နဲ့တူပါတယ်ဗျာ။ ဘာလို့လဲ ဆိုတာ ဆက်သွယ်လို့မရပေမဲ့ အားလုံးရဲ စိတ်ထဲမှာ ကတော့ သိနေကြမှာပါဗျာ။

0 မှတ်ချက်ပေးသွားတယ်: