2 week တောင်ရှိသွားပြီ


ဒီနေ့ ၅.၁၁.၂၀၀၇ ဆိုတော့ ကျွန်တော့် ဘလော့တင်တာ 2 week ကြီးတောင် ရှိသွားပြီ။ ကျွန်တော် ရှေ့က ဘလော့ စီနီယာတွေ ပြောတာဖြစ်နိုင်ဗျာ။ ဘာကိုလဲဆိုတော့ ဒီဘလော့ လေးကိုတောင် ကျွန်တော်တို့ အတွက် update လုပ်ဘို့ဆိုတာ တော်တော်လေး ခက်တယ်လို့ ပြောရမယ်ဗျာ။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ဆီက အင်တာနက် connection က သိတဲ့အတိုင်းပဲလေ။ ခုတမျိုး တော်ကြာ တမျိုးဗျ။ လူရွင်တော်တွေ ပြောသလို ခုကောင်းမယ်၊ တော်ကြာ ကောင်းမယ်၊ ကောင်းချင် မှလည်း ကောင်းမယ်လေ၊ ဟီးဟီး၊ အခုတောင် အွန်လိုင်း မတက်ရတာ 4 days ကြီးများတောင်၊ စဉ်းစားကြည့်ဗျာ၊ ပြီးတော့ တခြားစရိတ်စက လေးကလည်း ရှိသေးတယ်။ ကိုယ်ပိုင်အင်တာနက် မသုံးနိုင်တော့ cyber ကနေသုံးတော့ cyber charge ကလည်းရှိသေးတယ်။ မီးလာရင် တမျိုး၊ လူများ ရင်တမျိုး၊ မီးပျက်ရင် တမျိုး၊ မီးလာရင် တမျိုး၊ account ယူထားရင်တမျိုး၊ မယူထားရင်တမျိုး၊ member လုပ်ထားရင် တမျိုး၊ မလုပ်ထားရင် တမျိုး၊ အများ၊ အများကြီး ပေါ့ဗျာ။ ကိုယ်ပိုင် မသုံးနိုင် တော့လည်း သီခံလိုက်ပေါ့ဗျာ။ ဒါပဲရှိတယ် မဟုတ်လား၊ ကျွန်တော်တို့မှာ အွန်လိုင်းကို ၀ါသနာ ကြီးလွန်း လို့ အင်တာနက်ကို သုံးချင်လွန်းလို့ ပေါ့ဗျာ၊ ကိုယ်မု့န်ဖိုး၊ ဒါမှ မဟုတ် လက်ဖက်ရည်ဖိုး၊ တခြားကိုယ့် အသုံးစရိတ် ထဲကနေ ဒီ net ဖိုးလေး၊ အင်း အင်တာနက် ဖိုးလေးကို ဖယ်ထားရတာလေ၊ ကဲ ထားပါတော့ဗျာ။ ဒီနေ့ ကျွန်တော်ရဲ့ blog update က ဒီလောက်ပါဘဲ၊ ပေါက်တကရတွေ ရေးထားတယ် လို့ တော့မထင်စေ ချင်ပါဘူးဗျာ။ ကျွန်တော်တို့ လို ခေတ်လူငယ်တွေ အတွက် ဒါဟာ နိစဓူဝ ပါဘဲဗျာ၊ နောက်ဆုံ ကြဦးစို့ဗျို့

0 မှတ်ချက်ပေးသွားတယ်: