ခေါင်းစဉ်မရှိ


”ခေါင်းစဉ် မရှိ” ဆိုတဲ့ အတိုင်းဘဲဗျာ၊ ကျွန်တော်မှာ ဦးတည်ရာ မရှိတဲ့ လမ်းတခုကို လျှောက်နေရ သလို အခုရေးနေ့တဲ့ ဘလော့ဟာလည်း ခေါင်းစဉ်မရှိပါဘူး၊ ဦးတည်ရာ မရှိဘူးဆို ကတည်း က သွားချင်ရာသွား လာချင်ရာလာ နေချင်ရာနေ လွှင့်ချင်သလိုလွင့် အဒီလိုမျိုးလည်း မဟုတ်ဘူး၊ ကျွန်တော်ဆိုလိုချင်တာက ကျွန်တော့် ဆိုလိုတဲ့ ကျွန်တော်ရေးမယ့် ဘလော့ရဲ့ အဓိပါယ်တွေဟာ ခေါင်းစဉ် မရှိဘူးလို့ ပြောချင်တာပါ၊ အထိန်း အကွပ် မရှိ၊ ပဲမရှိ၊ ဦးဆောင်မဲ့ နေတဲ့ လှေကြီး တစ်စင်းလို့ပေါ့ဗျာ၊ အဲဒီ ပဲ့မရှိ၊ ထိန်းကွပ်မဲ့သူ မရှိဘူး ဆိုလို့ လည်း အခုခေတ်ပေါ်နေတဲ့ ရီမုကွန်ထိုးလို အဝေးထိန်း ခလုတ်လည်း မပါဘူးဗျ၊ ဒါပေမယ့် တစ်ချက် တစ်ချက် အတွေးထဲကနေ ပေါ်ထွက်လာသလို တစ်ချက် ချက် ဟိုးအဝေးကနေ တိုက်ခိုက်လာတဲ့ လေပြေ တစ်ချက် တစ်ချက် ကြောင့်လည်း ဟိုးအမည် မသိတဲ့ နေရာ တစ်နေရာဆီ ကို ဦးတည်နေလေရဲ့၊ ဘယ်ကို ဦးတည်ရာမရှိဘူး ဆိုပေမယ့် သူရဲ့ အတွေးတွေ ငြိမ်သွားတဲ့အခါ လေငြိမ်သွားတဲ့အခါ ကျရင်တော့ ဒီ ဦးတည်ရာမရှိ၊ ခေါင်းစဉ်မရှိ ဆိုတာဟာလည်း ဒီအတိုင်း ဘဲရှိနေဦးမှာပေါ့ဗျာ


0 မှတ်ချက်ပေးသွားတယ်: