YOU NEVER WALK ALONE



ကျွန်တော့ ဖေးဘရိတ် လီဗာပူးလ် ကလပ်



သူကို့စ အားပေးခဲ့တာ ကတော့ ကြာပါပြီ၊ ရက်စွဲ ခုနှစ်တွေကို တော့ အတိအကျ ကိုတော့ မမှတ်မိပေမယ့် ဘောလုံး အကြောင်းကို စပြီးနာလည် ကာစကတည်းက အားပေးခဲ့တာ ပါဗျာ၊ နိုင်ငံခြား ဘောလုံးပွဲတွေ၊ အထူးသဖြင့် အင်္ဂလိပ်ပရီးမီးယား မပေါ်ခင်ကတည်းက အမှတ်ပေး ပြိုင်ပွဲ တွေမှာ အကျီ င်္အနီရောင်၊ ဘောင်းဘီအနီရောင် ကိုဝတ်တဲ့ ဒီကြိုးကြာနီ ဘောလုံးအသင်းကို ငယ်ငယ်ကတည်း က သဘောကျခဲ့တာပါ၊ စသိကာစက လီးဗာပူးလ် ပရိတ်သတ်တွေရဲ့ ဖေးဘရိတ် ရော်ဘီဖောင်လာ၊ မက်မာနာမန်၊ ဟာမန်း တို့ခေတ်ကပါ၊ တကယ် လည်း သူတို့ကို အားပေးခဲ့ပေမယ့် ပရီးမီးယားမှာ အဲဒီအနီအသင်း ဂိုးသွင်းလိုက်ပြီဆိုရင် ဒီ သုံးယောင် ကို ကျွန်တော် အမြဲတမ်း မှတ်မိခဲ့ပါတယ်၊ အခု နောက်ပိုင်း စပိန်နည်းပြကြီး ဘင်နီတက်ဇ် ရောက်လာမှ လီဗာပူးလ် တွေဟာ ပရီးမီးယားမှာ ကော ပြန်ပြီးတော့ ဦးမော့ နိုင်ခဲ့တယ်လို့ ကျွန်တော်ထင် ပါတယ်ဗျာ၊ ဟိုအရင်တုန်းက liverpool club ဟာ အင်္ဂလန်မှာ ရော၊ ဥရောပမှာပါ အအောင်မြင်ဆုံး ကလပ်ဖြစ်ပေမယ်၊ 1990 နောက်ပိုင်း premier league လို့ အမည် ပြောင်းခဲ့တဲ့ အမှတ်ပေး ဖလားတွေမှာ ဗိုလ်ဆွဲခဲ့ခြင်း မရှိခဲ့တဲ့အတွက် မန်ယူ၊ အာဆင်နယ် တို့ရဲ့ နောက်မှာသာ ဖျက်မြင်းအဆင့် ဖြစ်ခဲ့ရပါတယ်၊ အခုတော့ဗျာ ဒီနှစ် ၂၀၀၇ ဟာ ကျွန်တော်တို့ liverpool fc ရဲ့ နှစ်တနှစ် ဖြစ်မယ်လို့ ကျွန်တော်မျှော်လင့် ရဲပါတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော် တို့ရဲ့ နည်းပြကြီး ဘင်နီတက်ဇ်၊ စပိန်နိုင်ငံသား တိုက်စစ် အကျော်အမော် ဖာနန်ဒိုတော့ရစ်၊ နောက်ပြီး ဟော်လန် တောင်ပံတိုက်စစ် ဘာဘလ်၊ Isreal တောင်ပံတိုက်စစ် ဘီနာယောင်၊ ယူကရိန်း တိုက်စစ်မှူး ဗိုရိုနင် အစရှိတဲ့ wrold အဆင့်ရှိတဲ့ သူတွေနဲ့ အားဖြည့် ထားတာဗျာ၊ မျှော်လင့်တာပေါ့၊ ဒါပေမယ့် လောလောဆယ် epl မှာ ရှုံးပွဲ မရှိသေး ပေမယ့် သရေပွဲ တွေဆက်တိုက် များနေတာ၊ အိမ်ရှင်း anfields မှာ မာဆေးလ် အသင်းကို ရှုံးခဲ့တာ၊ အဝေးကွင်းမှာ တူရကီ ကလပ်ကို ရှုံးခဲ့တာတွေဟာ champion league မှာ အုပ်စု အဆင့် တက်ရေးအတွက် နောင်လာမယ့် ပွဲစဉ်တွေမှာ liverpool အသင်းဟာ ပွဲကျပ် တွေက ကစားရ နိုင်ပါတယ်၊ epl လို အမှတ်ပေး ပွဲတွေမှာ ကစားသမား အင်အား တောင့်တောင့် တင်းတင်းနဲ့၊ နည်းပြကြီးရဲ့ အလှည့်ကျ ပွဲထွက် ကစားခွင့်တွေကို ဘယ်လိုမှ မပြောနိုင်သေး ပေမယ့် လောလောဆယ် တစ်ပွဲထိုးနည်းဗျူဟာ ကျင့်သုံးရတဲ့ ပွဲတွေမှာလည်း ခြေစွမ်း မမှန်တာ ကိုတွေ့ရမှာပါ၊ ဒါပေမယ့် 7.11.2007 နေ့ က တူရကီ ကလပ်နဲ့ အိမ်ကွင်း ပွဲစဉ်မှာတော့ champion league ပွဲစဉ်(၄)မှာတော့ liverpool ဟာ အစွမ်းကုန်ကို ပေါက်ကွဲ ပြထား ပါတယ်၊ စံချိန် သစ်တွေနဲ့ပေါ့ဗျာ၊ ကဲထား ပါတော့ဗျာ၊ ကျွန်တော် ကတော့ ကိုယ်အားပေးတဲ့ အသင်းကို ပွဲတိုင်း လိုလို အနိုင်ရချင် တာပေါ့ဗျာ၊ ဟုတ်တယ် မှတ်လား၊ ကောင်းပါပြီ နောက်ဆုံကြဦးစို့ဗျို့

0 မှတ်ချက်ပေးသွားတယ်: