နတ်စုတ် နှင့် ကျွန်တော်

နတ်စုတ် ဆိုလို့ ကျွန်တော်ကို ထင်မျိုးထင်နေ ကြဦးမယ်ဗျ၊ ဒါက ခေတ်စကား နဲ့ အွန်လိုင်းသုံးတဲ့ လူတွေ ရှင်းပြ စရာမလိုအောင် ဒတ်ခနဲ့ ထိကြတာဗျ၊ သိတော်မူတဲ့ အတိုင်းပါဘဲဗျာ၊ လူရွှင်တော်စကား နဲ့ ပြောမယ် ဆိုရင် ခုကောင်းမယ်၊ တော်ကြာကောင်းမယ်၊ ကောင်းချင်မှလည်း ကောင်းချင်မှလည်း ကောင်းမယ်လေ၊ တရားဟော တဲ့ ဆရာတော်တပါးရဲ့ စကားနဲ့ ပြောမယ်ဆိုရင် တိုက်ဆိုင်ရင်လည်း မတတ်နိုင်ဘူးဆိုတာလေ၊ စိတ်တော့မရှိပါနဲ့ဗျာ၊ စိတ်လည်း နာသဗျ၊ ဘာလို့လည်းဆိုတော့ အခုလေးတင်ဘဲ ကျွန်တော်ဦးခေါင်းထဲမှာ ရှိနေတဲ့ တတ်သလောက်၊ မှတ်သလောက် လေးနဲ့ပေါ့ဗျာ အဲဒါလေးကို ကျွန်တော် ဆွေးနွေးဘို့ စဉ်းစားပြီ ရေးနေတုန်းမှာဘဲ connection က ကျသွားလို့ဗျာ၊ ဘယ်လောက် တင်းဘို့ကောင်း လဲဆိုတော့ ကျသွားလိုက် တာများ မြန်လိုက်တာဗျာ၊ ဘာမှကိုယ် အဖတ်ဆယ်လို့ မရအောင်ကို ရှိသမျှဟာလေးတွေ အကုန်ကို ပြုတ်ကျသွားလိုက်တာ၊ စက်တောင် ထိုးပိတ်လိုက်ရ တဲ့အခြေအနေ မှာပါ၊ ဘယ်တတ်နိုင်ပါ မလဲဗျာ၊ ဘယ်သူ့ကို မှလည်း မပြစ်မတင်ရက်ပါဘူး ဆိုတဲ့ R ဇာနည် သီချင်းထဲ ကလို့ပါဘဲ ခင်ဗျ။

0 မှတ်ချက်ပေးသွားတယ်: