ကျောင်းသားဘ၀ (Student's life)

ဒီနေ့ ရေးစရာမရှိတာနဲ့ ဘဲ ငယ်ငယ်ကျောင်သား state ဘ၀တုန်းက အကြောင်းတွေးကိုဘဲ တွေးမိပါတယ်၊ state ဘ၀တုန်းက ဟာကို ရေးမှာဆိုတော့ အသက်တော့ တော်တော်ကြီးသွား ပြီလို့ ထင်မှာဘဲဗျာ၊ ကျွန်တော်အဲဒီလောက် မသက်မကြီး သေးပါဘူးဗျာ၊ Uni နောက်ဆုံးနှစ်ဘဲ ရှိပါသေးတယ်ဗျာ၊ ကျောင်းသား ဘ၀မှာဘဲ ရှိပါသေးတယ်၊ ကျွန်တော်ရဲ့ ခေါင်းထဲမှာ ရှိတဲ့အတွေ့ အကြုံဟာလည်း အဲဒီအကြောင်း အရာတွေ အတော်များများဘဲ၊ ရေးစရာမရှိလို့ လျှောက်ရေးတယ် ထင်လည်း ထင်စရာပါဘဲဗျာ၊ တကယ်လည်း ရေးစရာမှ မရှိမှ မရှိဘဲ၊ အသက်ကတော့ တော်တော် လေးရလာပါပြီ(၂၀ ကျော်လေးပါဗျာ)၊ အတွေ့အကြုံနဲ့ အရည်အချင်း ကတော့ ဘာမှမထူးခြားလာသလို ပါဘဲ၊ တကယ်ခံစားရတယ်၊ ဒါပေမယ့် မဖော်ပြနိုင်ပါဘူး၊ ဘ၀ အတွေ့အကြုံနဲ့ ပတ်သက်လာရင် အများကြီး သင်စရာတွေ ကျန်ပါသေးတယ်၊ ကျွန်တော် ကျောင်းသားဘ၀ ကတော့ မူကြိုကစမှာပေါ့ဗျာ၊ သိပ်တော့ မမှတ်မိတော့ဘူး၊ မူကြိုမသွားချင်လို့ ကြံဖန်ပြီး ငိုရတာတွေဘဲ မှတ်မိတော့ တယ်၊ မူကြိုကတော့ အမှတ်(၁)မူကြိုဖြစ်ပြီး အဲဒီတုန်းက အဲဒီမူကြို ကျောင်းအုပ်ဆရာမကြီးနဲ့ ကျွန်တော့ မိဘတွေနဲ့ အရမ်းရင်းနှီးတော့ ကျောင်းမှာ ကျွန်တော့်ကို မသိတဲ့ ဆရာ၊ ဆရာမတွေ မရှိပါဘူး၊ ငိုပြီး ဆိုးလွန်းလို့ ဖြစ်မှာပါ၊ သူငယ်ချင်းတွေလည်း ဘ၀တူတွေဘဲဖြစ်မှာပါဘဲ၊ အဲ နောက်နှစ်ကျတော့ ကျွန်တော့်ကို ကျောင်းစထားပါပြီ၊ ကျောင်းက ကျွန်တော်တို့ အိမ်နဲ နီးနီးပါတယ်၊ 20 မိနစ်လောက် လျှောက်သွားရင် ရောက်ပြီပေါ့၊ အထက (၅) မရမ်းကုန်းလေ၊ သူငယ်တန်းကနေ ၁၀ တန်းအထိကို အဲဒီကျောင်းကဘဲ အောင်လာ တာ၊ တစ်ကျောင်းလုံး၊ ကျောင်းအိမ်နားနီးချင်း တွေပါမကျန် မသိသူမရှိအောင် လောက်ပါဘဲ၊ တော်တဲ့နေ ရာတော့ မဟုတ်တာ ကျိန်းသေ ပါတယ်၊ ဒါဆို ကျွန်တော့်ကို အရမ်းဆိုးတဲ့ ကလေးလို့ထင်မှာပါဘဲ၊ အဲဒီလိုလည်း မဟုတ်ဘူးဗျ၊ ဘယ်လိုပြော ရမလဲ အဲဒီလို သိရအောင်လည်း ကျွန်တော်ငယ် သူငယ်ချင်း (၃)ယောက်ပေါင်းပြီး လောင်းကျော်ခဲ့ကြတာပေါ့၊ တစ်ယောက်တည်း အရည်အချင်းနဲ့ တော့ မဟုတ်ဘူးပေါ့၊ သူငယ်ချင်း အကြောင်း တွေ ကိုလည်း ကျွန်တော်ဆက် ရေးသွား ဦးမှာပါ၊ ကြိုက်ပါ့ မလားတောင် မသိပါဘူး၊ သူတို့ မကောင်းကြောင်း တွေပါလို့ပေါ့၊ ဒါပေမယ့် ဒါတွေဟာ ကျွန်တော်တို့ တစ်သက်တာမှာ ဘယ်တော့မှ မမေ့နိုင်ဘဲ ငယ် သူငယ်ချင်းတွေ တွေ့တဲ့အခါတိုင်းမှာ ပြန်ပြီး ပြောပြောကြတာဟာ မရိုးနိုင်ပါဘူး၊ သူငယ်တန်း အကြောင်း ကို တော့ ကောင်းကောင်း မမှတ်မိတော့ဘူး၊ ဒါပေမယ့် ကျွန်တော်က သိပ်မထူးချွန်သလို အရမ်းကြီးလည်း နောက်မကျ ခဲ့ပါဘူး၊ အလယ် အလတ်အဆင့် မှာဘဲ ရှိပါတယ်၊ ဒါပေမယ့် ပထမတန်းကနေ ၈ တန်းထိကိုတော့ အဲဒီတုန်းက တော်တဲ့ကလေးတွေ ထားတဲ့ အခန်း(အေ)မှာ ဘဲ ကျွန်တော်နေ ခွင့်ရပါတယ်၊ အင်း ၉ တန်းကျ တော့ ကျွန်တော်တို့ အလှည့်ကျတော့ ပညာရေးစနစ်ပြောင်းသွားတာနဲ့ bio,eco,myanmar, histroy, geography ဆိုပြီး စခွဲခြားတဲ့နှစ်ပါဘဲ၊ အဲဒါနဲ့ bio ကပုံဆွဲရတယ်၊ eco မှာဆိုင်တော့ အဲဒီတုန်းက အရမ်းကို ခေတ်စား လာတဲ့ စီးပွားရေး ဘွဲ့ကြီးပေါ့ဗျာ၊ ဒါကိုဘဲ သူငယ်ချင်း တွေနဲ့ အတူယူခဲ့ပါတယ်၊ အဲဒီမှာ တော်တော် ပြောင်းလဲ သွားခဲ့တယ်၊ ကျွန်တော်တို့ ဘ၀ကြီးကို အဲဒီကတည်းက ခွဲခြားခဲ့ တယ်ဆိုတာ အရမ်းကို မှန်ပါလိမ့် မယ်၊ ဒါပေမယ့် လက်ရှိ ကျွန်တော်တို့ရဲ့ ညီငယ်၊ ညီမငယ်တွေ တော့ သတိမထား မိဘဲနေပါလိမ့်မယ်၊ ဒါဟာ အစပါဘဲ၊ ထူးခြားတာက ကျွန်တော်ဟာ အတန်းထဲမှာ စာမတော်ပါဘူး၊ ဘာတော်သလဲဆိုတော့ ဘာမေးခွန်း မေးမေး၊ ဘာကျက်ခိုင်း ကျက်ခိုင်း၊ ဘာရေးခိုင်း ရေးခိုင်း ကျွန်တော်အမြဲတမ်း ပထမဦးဆုံး ပြီးတာပါဘဲ၊ မှန်တဲ့အခါ ရှိသလို မှားတဲ့အခါမှာလည်း မှားမှာပေါ့၊ ၁၀ တန်းကိုတော့ ကျွန်တော်နှစ်ချင်းပေါက် အောင်ခဲ့ပါ တယ်၊ အမှတ်တော့ သိပ်မကောင်းပါဘူး၊ လိုချင်တဲ့ စီးပွားရေးလိုင်းကိုတော့ မရခဲ့ပါဘူး၊ အဲဒီမှာ ကျွန်တော်အရမ်း ခံစားခဲ့ရတယ်၊ ရှင်းရှင်း ပြောရရင် အခု ကျွန်တော် collegue ကျောင်းသားပါ၊ ဒါပေမယ့် collegue ရဲ အနှစ်သာရကို သိပ်မခံစားခဲ့ရဘူး၊ ဘာလို့လဲဆိုတော့ ကျောင်းက တစ်နှစ်လုံးမှ ၁ ကျော်ကျော် လေးတာ မတက်ဖြစ်ခဲ့ဘူး၊ ဒါနဲ့ ဘဲ ကျွန်တော် Uni ကြီးရောက်မှဘဲ မေဂျာပေါင်းစုံ လိုင်းပေါင်းစုံခဲ့ရပါတယ်၊ ပထမ law ရပါတယ်၊ day ဆိုတော့ အမှတ်ကောင်း တယ်ထင်မှာဘဲ၊ မဟုတ်ဘူး၊ ကံကောင်းလို့ ဆိုရမှာပါ၊ day မတက် ချင်တာနဲ့ဘဲ distance ပြောင်း၊ မမီတော့ဘူး၊ ကျောင်းလည်း မတက်ချင်တာ၊ စိတ်လည်းလေနေ တာနဲ့ဘဲ ကျောင်းတစ်နှစ်အောက် လိုက်ပါတယ်၊ နောက်နှစ် ပြန်ပြောင်း တာပေါ့၊ သူငယ်ချင်းတွေ အကြံပေး တာက မြန်မြန်ဘွဲ့ရတာ ကောင်းတယ်၊ ကျောင်းပြန်တက် ဆိုတာနဲ့ ကျွန်တော် ကျောင်းပြန် တက်ခဲ့တယ်၊ ဒါပေမယ့် စိတ်တော့ သိပ်မပါတော့ ဘူး၊ သူငယ်ချင်းတွေနဲ့ ဝေးသွားတာ ရယ်၊ ကိုယ်ကြိုက်တဲ့ မေဂျာမရခဲ့ တာကြောင့်ပါ၊ ဒါတွေဟာလည်း ဘယ်သူမှ လုပ်ခဲ့တာမဟုတ်ဘူး၊ ကိုယ်ငယ်ငယ် တုန်းက စာမကြိုးစားခဲ့တာတွေ ကြောင့် အမှတ် မကောင်းတာနဲ့ဘဲ ဝေသွားကြတာပါဘဲ၊ မတတ်နိုင်ဘူး လေ၊ နောင်တဆိုတာ နောင်မှ ရတာပါဘဲ၊ နောက်ကျသွားပြီ၊ ဒါပေမယ့် နောက်ဆုံးတော့ ကျွန်တော် ပထ၀ီ(အဝေးသင်)မေဂျာရတယ်၊ အင်း လောလော ဆယ်တော့ ပထမနှစ်ကနေ အခု နောက်ဆုံး နှစ်ထိ ရပ်သမ် မှန်မှန်နဲ့ပါဘဲ၊ အခုလို့ ကျွန်တော်က ကြိုးစား နေချိန်မှာ ကျွန်တော့်သူငယ်ချင်းတွေ တော်တော် များများက ဘွဲ့တွေရကုန်ပြီလေ၊ အလုပ်တွေတောင် ၀င်နေကြပြီ၊ သင်္ဘောတက်တဲ့ကောင်းကတက်၊ အစိုးရ၀န်ထမ်း လုပ်သူက လုပ်ပေါ့ဗျာ၊ ကျွန်တော်ကတော့ ကျောင်းသား ဘဲရှိသေးတယ်၊ ဘယ်တတ်နိုင်ပါ မလဲဗျာ၊(ဆက်ရန်)

1 မှတ်ချက်ပေးသွားတယ်:

Anonymous said...
January 31, 2009 at 11:55 AM

ကျောင်းသားဘ၀ကိုက အပူအပင်ကင်းတယ်လေ...
ကျောင်းပြီးတာနဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ရတော့မှာ....
မေတို့တောင်မှ ကျောင်းပြန်တက်ချင်တာ မတက်ရတော့ဘူး...
အလုပ်ထဲမှာပဲ စိတ်နှစ်ထားရတာလေ...