Today I (နေ့တနေ့ အပိုင်း-၁)

နေ့တနေ့ ဆိုတာ လူတယောက်ရဲ့ ဘ၀ အဖို့ အတော်အလေးကို အဓိပါယ်သက် ရောက်တယ် လို့ ကျွန်တော်ထင်တယ်၊ ဒီလို အဓိပါယ်အရမ်း ရှိတဲ့ ခေါင်းစဉ်တခု ကို ကျွန်တော်ရဲ့ ကိုယ်ပိုင်ဘလော့ လေးတစ်ခုမှာ ရေးဘို့ဆိုတာ အတော်လေးကို နက်နဲပါတယ်၊ ဘာလို့လဲဆိုတော့ ဒီခေါင်းစဉ်နဲ့ ပတ်သက်ပြီး လူသားတွေရဲ့ ဘ၀မှာ အဓိပါယ်တွေက အမျိုးမျိုးသက် ရောက်နေလို့ပါ၊ ဒီလူဦးရေ သန်းပေါင်းမြောက်များစွာ ရှိတဲ့ global ကြီးမှာ နေ့စဉ် လူမှုရေး၊ စီးပွားရေး၊ ဘာသာရေး စသည့် ကိတ်စ အ၀၀ကို ဆောင်ရွက်နေ့ကြတာဟာ ဒီ နေ့ တစ်နေ့ အပေါ်မှာ ဘဲဖြစ်ပါတယ်၊ ဒီခေါင်းစဉ်လေးတစ်ခု ကို ကျွန်တော်ရေးဖွဲ့ဆိုတာ အင်မတန်မှ ခက်ခဲနက်နဲပါတယ်၊ state ကျောင်းသာဘ၀ တုန်းကတော့ ဒီလို ခေါင်းစဉ်မျိုးတွေကို essays,letter တွေ ကို ရေးခဲ့ဘူးကြမှာ ကိုတော့ ကျွန်တော်သိပါတယ်၊ ကျွန်တော်လည်း ရေးခဲ့ဘူးပါတယ်၊ နေ့ထူးနေ့မြတ် အကြောင်းတွေ၊ ကိုယ်ပိုင်အကြောင်းအရာတွေ စသည်ဖြင့်ပေါ့၊ ဒါပေမယ့် အခု ကျွန်တော်ရွေးချယ်လိုက်တဲ့ နာမည် Today ဆိုတဲ့ နာမည်ကတော့ ရိုးရိုးရှင်းလင်း လေးဖြစ်ပြီး လူသားတစ်ယောက်ရဲ့ မွေးဖွားချိန်မှ သေဆုံးချိန် အထိကို ကျွန်တော်နားလည် နိုင်စွမ်း ရှိသလောက် ကို ရေးဖွဲ့ချင်လို့ ပါဘဲ၊ ဘာလို့လဲ ဆိုတော့ သူဟာ ကျွန်တော်တို့ လူသားတွေရဲ့ future,past,present တွေမှာ မရှိ မဖြစ်ကို ကျော်ဖြတ် သွားကြရမှာပါ၊ ယနေ့ မရှိရင် အတိတ်၊ အနာဂတ် ဆိုတာလည်း ရှိမှာမဟုတ်ပါဘူး၊ ကျွန်တော်တို့ရဲ့ buddhism ၀ါဒမှာ ယနေ့ ဟာ အင်မတန်မှ အရေးပါ အရာရောက်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ လူသားတစ် ယောက်ဟာ အဘယ်အချိန်၊ ရက်၊ နှစ် မှာ သေဆုံးမယ် ဆိုတာကို အတိအကျ မသိနိုင်ပါဘူး၊ ယခုဖြစ်မယ်၊ နောက်တစ်ချိန်ဖြစ်မယ်၊ ဟိုးဝေးတဲ့အခါ ကျမှဘဲ ဖြစ်ချင်ဖြစ်နိုင်တယ်၊ အမျိုးမျိုးကွဲပြား နေတယ်၊ လူသားတစ်ယောက်ရဲ့ မွေးဖွားချိန် က စပြီး သေဆုံးချိန်အထိ မည်သူမည်ဝါမျှ ယနေ့ လူလောက ကြီးမှာ အချိန်အတိုင်းအတာ တစ်ခုအထိ နေနိုင်မယ်ဆိုတာ သိမယ်မထင်ပါဘူး၊ ကျွန်တော် အခုလို ယူဆတာဟာ ဘာသာရေး အရိပ်အ၀ါ တစ်ခုအောက်ကနေ ယူဆတာဖြစ် ကောင်းဖြစ်ပါလိမ့်မယ်၊ ဒါပေမယ် ဒါဟာ လက်ရှိဖြစ်ပေါ်နေတဲ့ အနေအထားရဲ့ ထက်ဝက်လောက်နီးပါး မှန်မယ်လို့ ထင်ပါတယ်၊ စာဖတ်သူထင်တာက ကျွန်တော်ဟာ ဘာသာရေး အယူဝါဒတစ်ခု အောက်မှာ ခိုလှုံမိကောင်း ခိုလှုံမိပါလိမ့်မယ်၊ ဒါပေမယ့် ဒါဟာ သက်ဝင်ယုံကြည်မှု ဖြစ်ပါတယ်၊ အယူဝါဒနဲ့ မဆိုင်ပါဘူး၊ လူသားတစ်ယောက်ဟာ မွေးဖွားမယ်၊ သေဆုံးမယ် ဆိုတာကို လုံးဝ(လုံးဝ)မသိနိုင်ပါဘူး၊ နေ့တစ်နေ့ မှာပေါ့၊ နေ့တစ်နေ့ မှာဘဲ မွေးဖွားကြတယ်၊ နေ့ တနေ့မှာဘဲ သေဆုံးသွားကြ မှာပါ၊ ဒါကိုရင်ဆိုင်ဘို့ အတွက် လူသားတစ်ယောက်အနေနဲ့ သူရဲ့ နောက်ဆုံး နေ့ရက်တွေ ဟာ ယနေ့၊ မနက်ဖြန် ကို ဖြတ်သန်း သွားကြရင် တွေ့ကြ၊ ဆုံကြ၊ ခွဲခွာကြ၊ ချစ်ကြ၊ မုန်းကြ နဲ့ ဘဲ အဆုံးသတ် သွားကြတယ်၊ ရင်ဆိုင်နိုင်ဘို့ အတွက် သူတို့မှာ အင်အား တွေမရှိကြဘူး၊ ကျွန်တော်အပါအ၀င် ပေါ့၊ ရှင်းရှင်းပြောရရင် နေ့တစ်နေ့ ပေါင်းများစွာ ဟာ တဖြည်းဖြည်းနဲ့ နာရီတွေ၊ ရက်တွေ၊ လတွေ၊ နှစ် တွေနဲ့ ဘဲ ကုန်ဆုံးသွား ကြရတယ်၊ ၀မ်းနည်းစရာ ကောင်းတာက ဒါတွေကို နေ့တနေ့မှာ ကုစားနိုင်တယ် ဆိုတာကို ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း သဘောမပေါက် လို့ဘဲဖြစ်ပါတယ်၊ အချိန်တွေ နာရီတွေဟာ တဖြည်းဖြည်း တရွှေ့ရွှေ့ နဲ့ ကုန်းဆုံးသွားလိုက်တာ ဟာ ကျွန်တော်တို့ ဒီ global ကြီး ကနေ့ မရေမတွက်နိုင် လောက်အောင်ပါဘဲ ၊၊

0 မှတ်ချက်ပေးသွားတယ်: