နှစ်ဟောင်း 2007 နှင့် ကျွန်တော်

မကြာခင် ကျွန်တော်တို့ရဲ့ ကာလ အပိုင်းအခြား တစ်ခုဖြစ်တဲ့ ရက်ပေါင်း (၃၆၅)ရက် =(၁၂)လ =(၁)နှစ် ကုန်ဆုံးတော့ မှာဖြစ်ပါတယ်၊ ဘာလိုလို နဲ့ဘဲ ကျွန်တော်တို့ လူသား အားလုံး သက်တမ်း နောက်ထပ် ထပ်တိုး တော့မှာ ဖြစ်ပါတယ်၊ ဘယ်လိုမှ ရှောင်လွှဲလို့ မရတဲ့ ပြောင်းလဲခြင်း ကာလ အပိုင်း အခြား အသစ် တစ်ခုကို ကျွန်တော် တို့တွေ ထပ်ပြီး ရင်ဆိုင်ကြ ရဦးမှာပါ။ ဒီနေရာမှာ နည်းနည်း နားလည်မှု လေးတွေ၊ ခံစားချက် လေးတွေ အနည်း ငယ် တိမ်းစောင်း သွားနိုင် ပါတယ်၊ တစ်ဦး တစ်ယောက်ရဲ့ ခံစားချက်ဟာ နောက်ထပ် အခြား တစ်ခုမှာ ထပ်တူညီ နိုင်ဘို့ ဆိုတာဟာ အင်မတန် မှကို ဖြစ်နိုင်ချေ နည်းပါတယ်၊ ကျွန်တော့် အနေနဲ့တော့ အချို့တစ်ဝက်(အချိန် အပိုင်း အခြား) ကိုတော့ အရမ်း နှမြောမိ ပါတယ်၊ ဒါပေမယ့် လည်း အရမ်း ကို နောက်ကျ ခဲ့ပြီလို့ ထင်တယ် လေ။ ဘယ်တတ် နိုင်တော့ မလဲ။ တချို့ ပညာရှိ၊ လောကနီတိ တွေ အဆို အရတော့ လက်ရှိ အချိန် ကိုဘဲ အကောင်းဆုံး ဖြစ်အောင် လုပ်ပါတဲ့ဗျ၊ ဒါပေမယ့် အဲဒီစကား လုံးဟာ လက်ရှိ အချိန် အတိုင်း အတာ တစ်ခုမှာ မှန်ချင်မှ မှန်ပါ လိမ့်မယ် လို့ကျွန်တော် ယူဆတယ်၊ ဘာလို့လဲ ဆိုတော့ လောလော ဆယ်မှာ ကျွန်တော်ဟာ ပညာရှိ အတွေး အခေါ်ရှင် တစ်ယောက် မဟုတ်တာရယ် နောက်ပြီး အဲဒီစကား လုံးထဲက ဆိုလိုရင်းတွေ ဟာ မှန်သင့်သ လောက်လည်း မှန်ခဲ့တာ ရယ်ကြောင့်ပါ၊ ဒါပေမယ့် လက်ရှိ ကျွန်တော်တို့ ဆီမှာ ဖြစ်ပေါ် နေတဲ့ အနေ အထားတွေ၊ ပြီးတော့ ကျွန်တော်တို့ မြန်မာ လူမျိုး တိုင်းရင်းသား တွေရဲ့ ရောင့်ရဲ တင်းတိမ် တဲ့ စိတ်တွေဟာ အဆိုပါ အချက် အလက်တွေ ပေါ်မှာ မှီခို နေပါတယ်၊ ဒါဟာ ကျွန်တော်တို့ကို အနောက် ဆီကို ပြန်လည် အတင်း ဆွဲပို့နေ တာလို့ဘဲ ကျွန်တော် ထင်တယ်၊ ကျွန်တော်က ခေါင်းစဉ် ဆိုလိုရင်းဟာ နှစ်သစ်တစ်ခု ကို အင်မတန်မှ ၀မ်းမြောက် ၀မ်းသာ ကြိုဆိုချင်လို့ ဒီ commet တစ်ခုကို ကျွန်တော် ရေးခဲ့တယ် ဆိုပေမယ့် ကျွန်တော်စာရဲ့ ဆိုလိုရင်း တွေဟာ တစ်စုံ တစ်ခုဆီကို ဦးတည် နေမယ်ဆိုတာ စာဖတ်သူ အနေနဲ့ ရှင်းမပြ ပေမယ်လည်း နားလည် ပေးလိမ့်လို့ ကျွန်တော် ယူဆတယ်၊ ဘယ်တတ်နိုင် ပါမလဲဗျာ၊ ကျွန်တော် တို့တွေဟာ အမှောင်ထုနဲ့ အမည်း ရောင် သံစဉ် ဘက်ကို အတင်း တွန်းပို့ခံနေ ရတာဘဲလေ၊ ဒါကိုတော့ ဘယ်သူက တတ်နိုင် ပါ့မလဲ၊ ကဲဒါတွေ ထားပါဦး၊ ကျွန်တော်အနေဲ့ အခု ကုန်ဆုံးခဲ့ပြီ ဖြစ်တဲ့ ၂၀၀၇ ခုနှစ်ကြီးမှာ ဘာတွေဟာ လက်ရှိ ဘ၀ကြီးမှာ ထူးထူး ခြားခြား ဖြစ်ခဲ့သလဲ့ ဆိုရင်တော့ အသက်အပိုင်း အခြား၊ ကာလ အပိုင်းအခြားနဲ ဆိုရင်တော့ (-) ဆီကို ဦးတည်နေ ပါတယ်၊ ဒါပေမယ့် လက်ရှိ ပတ်ဝန်းကျင်၊ လက်ရှိ ဖြစ်ပေါ် နေတဲ့ အနေ အထား ဆိုရင်တော့ (-)လည်း မဟုတ် (+)လည်း မဟုတ် ပြန်တော့ တာကို တွေ့ရတယ်၊ ဒါပေမယ့် ခြုံပြီးတော့ ကြည့်လိုက်ရင် တော့ တဖြည်းဖြည်းနဲ့ဘဲ ဘ၀တွေဟာ မျှော်လင့် ချက်တွေ၊ စိတ်ကူး ယဉ်မှုတွေ၊ ပေးဆပ် မှုတွေ၊ ပိုင်ဆိုင်လို မှုတွေ၊ ရယူလို မှုတွေ၊ အသနားခံ မှုတွေ၊ အစော်ကား ခံမှုတွေ နဲ့ အညတရ ဘ၀ကနေ ဘယ်တော့ များလွတ်ပါ့ မလဲဆို ရင်းနဲ့ပေါ့ xxxx တကယ် လည်း မျှော်လင့် ခဲ့ပါတယ်၊ ကံ xxxx ရှိပေမယ်၊ ၀ီရိယ၊ ဥာဏ်၊ ဇွ၊ လုံးလ တွေရှိ ပစေဦး xxxx အခု ၂၁ ရာစု အလွန်မှာ အလွန်တရာ မှကို ခေတ်စား လာတဲ့ ပိုက်ဆံ ရှိရင် ဘာမဆို ဖြစ်နိုင်တယ် ဆိုတာရယ်၊ ငါ့ xx ဟာ၊ ငါ့ xx မိသားစု၊ ငါ့ xx အသိုင်း အ၀ိုင်း၊ ငါ့ xx တပည့်တွေ အတွက် ဆိုတဲ့ ဒေ၀ဒတ် ဥာဏ်တွေ ကြောင့်လည်း အဲဒီ ကံ၊ ဥာဏ်၊ ၀ီရိယ၊ ဇွဲ ဆိုတဲ့ ကယ်တင်ရှင်ကြီး၊ သူရဲကောင်းကြီး လေး ယောက် ဟာ အမုန်း တရားတွေ၊ မနာလိုမှုတွေ၊ ရယူလိုမှုတွေ၊ တိုက်ခိုက်ချင် စိတ်တွေ၊ စတေးချင် စိတ်တွေ အဖြစ် ပြောင်းလဲ သွားပြီလို့ ကျွန်တော် ထင်တယ် ။

0 မှတ်ချက်ပေးသွားတယ်: