နှစ်သစ် ၂၀၀၈ ကြိုဆိုလျက်ပါ

မကြာမီ နှစ်ဟောင်း တစ်ခု သေဆုံးလို့ နှစ်သစ် တစ်ခုကို အသစ် ပြန်လည် မွေးဖွား တော့မယ်၊ အချိန် အပိုင်း အခြားလေး ဘဲလို တော့တယ်၊ အင်မတန် ပျော်ရွှင် ဖွယ်ကောင်း တဲ့နှစ်သစ် တစ်ခု ဖြစ်လိမ့် လို့မျှော်လင့် မိတယ်၊ တကယ် တမ်းကျတော့ နှစ်သစ် တစ်ခု ကိုရောက်ဘို့ ကြုံဘို့ ဆိုတာဟာ ကျွန်တော်တို့လို လူသားတွေ အတွက် ကာလ အပိုင်း အခြားလေး တစ်ခုမှာ လာပြီး မွေးဖွားကျ၊ သေဆုံးကျ သူတွေအတွက် သိပ်ပြီး မထူးဆန်း တော့သလို ပါဘဲ၊ ဒါပေမယ့် တကယ်တမ်း သေသေချာချာ ပြန်ပြီး စဉ်းစား ကြည့်မယ် ဆိုရင် အင်မတန်မှ ကြုံတောင့် ကြုံခဲ ဖြစ်နေလို့ ပါဘဲ၊ ကျွန်တော်တို့ လူသားတွေဟာ sec,min,hour,day,month စသည် ဖြင့် အချိန် အပိုင်း အခြား တစ်ခုမှာ ဘယ်အချိန်မှာ မွေးဖွားမယ်၊ ဘယ်အချိန် မှာ သေဆုံးမယ် ဆိုတာကို မသိကြ တဲ့အတွက် ဘဲဖြစ်ပါတယ်၊ ဒါကြောင့် နှစ်သစ် တစ်ခုကို ရောက်တိုင်း ကျွန်တော်တို့ မြန်မာ တိုင်းရင်းသား ဒေသခံ တွေ အတွက်ဟာ သိပ်ပြီး အလေး မထားကြ ပေမယ့် အနောက်နိုင်ငံ တွေနဲ့ ၄င်းနိုင်ငံ တွေရဲ့ ယဉ်ကျေးမှု အကျင့် စရိုက်တွေ ဖုံးလွမ်း နေတဲ့ နိုင်ငံတွေ မှာတော့ ဒါဟာ သိပ်ပြီး ၀မ်းမြောက် ၀မ်းသာ ဖြစ်နေကြ တဲ့အချိန်ပါ၊ ဒါပေမယ့်လည်း အထက်က ကျွန်တော် ဆိုလိုခဲ့ သလို့ မြန်မာ လူမျိုးတွေဟာ နှစ်သစ် ဟာ အထူးတလည် မဟုတ်ဘူး ဆိုပေမယ့် တကယ်တမ်း ကျွန်တော်တို့ မြန်မာ လူမျိုးတွေရဲ့ နှစ်သစ်ကူးဟာ အများအား ဖြင့် ၄၊ ၅၊ ၆ ရက် တောင် ကြာတတ် ပါတယ်၊ အများအားဖြင့် အခြားနိုင်ငံ တွေမှာ တစ်ရက် တန်သည်၊ နှစ်ရက် တန်သည် ပြီးဆုံး သွားပေမယ့် ကျွန်တော်တို့ ဒေသ ရိုးရာထုံးတမ်း ဓလေ့တွေကြောင့် အတာရေ သင်္ကြန် စသည်ဖြင့် ကြာမြင့် တတ်ပါတယ်၊ ဒီနေရာမှာ ကျွန်တော် အနည်းငယ် နားမလည် တာက ကျွန်တော်တို့ ဆီမှာ လက်ရှိ ၂၀၀၇ နဲ့ နောင်လာမည့် ၂၀၀၈ ခုနှစ်တွေမှာ သင်္ကြန်ပွဲတော် ကို အချိန်ကြာ မြင့်စွာ ကျင်းပ နေခြင်းဘဲ ဖြစ်ပါတယ်၊ ဘာဖြစ်လို့ လဲဆိုတော့ ကျွန်တော်တို့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ဆိုရင် အတာ ရေသဘင်ပွဲ တော်ကို အနည်းဆုံး ၁ လ နီးပါးတောင် ကျင်းပတယ် လို့ ကြားသိရ ပါတယ်၊ နှစ်သစ် တစ်ခုကို ကြုံတွေ့ ရတာဟာ အင်မတန် ၀မ်းမြောက် စရာ ကောင်းပါတယ်၊ အင်မတန် မှလည်း ကြုံတောင် ကြုံခဲ့လို့ ကျွန်တော် တို့လို လူသားတွေ အတွက် ပျော်ရွင် ဖွယ်ကောင်း တဲ့ အချိန် အကန့် အသတ် လေးပါဘဲ၊ ကျွန်တော်တို့ လူသားတွေ ကို စတင် မွေးဖွားချိန် ကစပြီး ဒီ လူသား တစ်ယောက်ဟာ ဘယ်အချိန်မှာ သေဆုံးမယ်၊ ဘယ်အချိန် မှာတော့ဖြင့် ပြန်လည် ရှင်သန် လာမယ်၊ နောက်ပြီး ခံစားမှု ဘာသာရပ်တွေ ဖြစ်တဲ့ ပျော်ရွင်မှု၊ ငိုကြွေးမှု၊ ဒေါသဖြစ်မှု၊ ပိုင်ဆိုင်လိုမှု၊ ရယူလိုမှု၊ ချစ်ခြင်း၊ မုန်းခြင်း၊ မနာလိုခြင်း၊ ၀န်တိုခြင်း၊ မုဒိတာ ထားခြင်း၊ သနားခြင်း စတဲ့ သင်ယူစရာ မလိုတဲ့ ဘာသာရပ် တွေကို စတင် မွေးဖွား ချိန်က စပြီး အလိုလို တတ်မြောက် ခဲ့ရတယ်၊ အင်မတန် တိုတောင်း လှတဲ့ အချိန် အကန့် အသတ်၊ အပိုင်း အခြားလေးမှာ တောင် လူသားတွေဟာ အင်မတန် ရက်စက် ယုတ်မာ၊ လောဘ၊ မောဟ တွေနဲ့ မကောင်းနိုင် လှတဲ့ ကိတ်စ တော်တော် များများကို ပြုမှုပြီး ဖြစ်ကြ လိမ့်မယ်၊ ဒီအထဲမှာ ကျွန်တော်လည်း အပါအ၀င် ဖြစ်ခဲ့ မှာပါ၊ အားလုံး ဟာလည်း အနိတ်စ၊ အနတ်တ၊ ဒုတ်ခ ဆိုတဲ့ ပြောင်းလဲခြင်း တရားကလွဲရင် အရားအားလုံးကို ပြောင်းလဲနေ တဲ့ အဒီ ပြောင်းလဲခြင်း တရား ဆိုတဲ့ သံသရာ ကြီးမှာဘဲ ဆက်လက် ငတ်မွတ် နေကြရ ဦးမှာပါဘဲ၊ တကယ်လို့ သာ လူသားတွေ အတွက် အချိန်အဟာ သူအကန့် နဲ့ သူရှိကောင်း ရှိခဲ့ဦးမယ် ဆိုရင် မကောင်းမှု ဆိုတာ ရှိပါဦး မလားဆိုတာ စဉ်းစား စရာဖြစ်လာ နိုင်တယ်၊ ဒါပေမယ့် အကောင်း အဆိုး၊ အမှား အမှန်၊ အကုသိုလ် ကုသိုလ်၊ သံသရာ ၀ဋ်ကြွေး တွေကတော့ လည် နေဦးမှာပါဘဲ၊ နှစ်သစ်တစ်ခု ကြုံကြိုက်လို့ အချိန် အပိုင်းအခြား တစ်ခု ပြီးဆုံးသွားလို့ လူသားတွေ ဟာ မွေးဖွားခြင်း၊ သေဆုံးခြင်း တွေကိုသာ ကြောက်ရွံ့ခဲ့မယ် ဆိုရင်တော့ တစ်ချို့ တစ်ဝက် တော့ လျော့ ပါးကောင်း လျော့ ပါးသွား နိုင်တယ်၊ ဒါပေမယ့် လည်း အကောင်းဘက် တွေးလွန်း တာဟာ ဒီနေရာမှာ အင်မတန် စောနေသေး တယ်လို့ ကျွန်တော် ယုံကြည်မိတယ်၊ တကယ် ဖြစ်နိုင် ပါတယ်၊ ကျွန်တော်တို့ buddhism မှာ မွေးဖွားခြင်း၊ သေဆုံးခြင်း၊ သံသရာ ၀ဋ်ကြွေး၊ ကုသိုလ်၊ အကုသိုလ် ကို အများ အားဖြင့် သက်ဝင် ယုံကြည် ကြသူတွေ ဖြစ်တယ်၊ ဘာကြောင့် ဘဲဖြစ်ဖြစ် အကြောင်းကြောင့် အကျိုးဖြစ်တယ်၊ ရုပ်ခမ်နာနဲ့ နာမ်တာ ရှိခဲ့ရင် ဒါဟာ ကိုးကွယ်မှု ဘာသာ တရားအပေါ် စွဲလမ်း ယုံကြည် မှုတွေ ကြောင့်ပါဘဲ၊ ကျွန်တော်အနေနဲ့ နှစ်သစ်တစ်ခု အကြောင်းကို ပျော်ပျော်ရွင်ရွင် ခမ်းခမ်းနားနား နဲ့ကြိုဆို ရေးဖွဲ့ချင် ပေမယ့်လည်း အထက်က ဆိုခဲ့သလို နေ့စဉ်ကြုံတွေ့ နေကြရတဲ့ အဖြစ်အပျက် တရား တွေအပေါ် ကိုသာ ရေးခဲ့မိတာပါ၊ ဒါပေ မယ့် အသက် တစ်ရက်ကြီးသွားလို့၊ တစ်လကြီး သွားလို့ တစ်နှစ်ကြီး သွားလို့ ဆိုတဲ့ သေခြင်းတရားကို ရင်ဆိုင် နီးကပ် လာချိန်မှာ တော့ ကျွန်တော် သူ့ကို ဘယ်တော့ အခါမှ အနိုင် မခံ အရှုံး မပေး ဇွဲ လုံး လ တွေနဲ့ ကျွန်တော် သက်ဝင် ယုံကြည်တဲ့ ဘာသာတရား အပေါ်မှာသာ အခြေခံ ကိုးကွယ် တည် ဆောက်ပြီး ရင် ဆိုင် ကျော်လွှား သွားမှာပါ။

0 မှတ်ချက်ပေးသွားတယ်: