Road Travel (Kyitehteeyo Bagoda)


ဒီခရီးကို သွားဘို့ ဒီကျိုက်ထိုးရိုး ဘုရားကြီးကို သွားရောက် ဖူးမြော်ဘို့ကို အချိန်ရအောင် မနည်း ကြိုးစားလိုက် ရတယ်၊ ဒီကြားထဲ စာမေးပွဲကြီး အတွက် ခွင့်ကလည်း တစ်လတောင် ယူထား ပြန်တော့ ဒီရက်ကို ရဘို့ မနည်း ကြိုးစား လိုက်ရတယ်၊ အလုပ်က သူများနဲ့ မတူအောင် အလုပ်များ တာကိုး၊ ဒီကြားထဲ အဝေးသင် စာမေးပွဲကြီးက ဘာသာ ခြောက်ခုကို ၁၀ ရက်ကြီး များတောင် ဖြေလိုက်ရတယ်၊ စိတ်ညစ်ဘို့ တော်တော်ကို ကောင်းတယ်၊ နောက်ဆုံး ငါးဘာသာမြောက်က ၄ ရက်ခြားတောင် ဖြေလိုက်ရတယ်၊ တော်တော်ဆိုး လိုက်တဲ့ ကံ၊ ပြီးတော့ တွက်စာကြီး၊ ခက်ပါ့၊ ဒါနဲ့ဘဲ ဖြေလို့ပြီးတောင် ပြီးသွားပြီ၊ စိတ်ထဲက အလုံးကြီး ကျသွားလိုက်တာ၊ နောက်တစ်နေ့ ချက်ချင်းဘဲ ကျိုက်ထိုးရိုး ဘုရားကြီးကို ဖူးဘို့ ထွက်ခဲ့တယ်၊ သူငယ်ချင်း တွေနဲ့ပေါ့၊ သူငယ်ချင်း တွေကလည်း ဟိုး state သူငယ်တန်း၊ တစ်တန်း၊ နှစ်တန်း လောက်က တည်းက ပေါင်းလာ ခဲ့သူ တွေလေ၊ ဒါကြောင့် သူတို့က ကျွန်တော့် စာမေးပွဲကြီး ပြီးဘို့ကို မနည်း စိတ်ရှည် လက်ရှည်နဲ့ စောင့်ကြတာပေါ့၊ ဒါနဲ့ဘဲ ၂၇ ရက်နေ့ မနက် ၆ နာရီမှာ အောင်မင်္ဂလာ အဝေးပြေးကားဂိတ်က ”၀င်း” ဘုရားဖူး express ကားကြီးနဲ့ ထွက်ခဲ့တယ်ဗျာ၊ လမ်းမှာတော့ ခဏဘဲ နားတယ်၊ စစ်တောင်း တံတား အလွန်၊ သူတို့ မော်တော်ယာဉ် လိုင်းက ဖွင့်ထားတဲ့ စားသောက်ဆိုင် မှာခဏလေး ပါဘဲ၊ ၄ နာရီ ကျော်ကျော် လောက် မောင်းပြီး ၁၁ နာရီမှာ အဝေးပြေး မော်တော် ယာဉ်လိုင်းတွေ ရပ်တဲ့ ကင်မွန်းစခန်း ကိုရောက်ခဲ့တယ်၊ သူငယ်ချင်းတွေ အကုန်လုံးက ယော်က်ျားလေး တွေဘဲဆိုတော့ ခြေလျင်ပဲ တက်ဘို့ သဘောတူ ကြတာနဲ့ ခြေလျင်ဘဲ တက်ခဲ့တယ်ဗျာ၊

0 မှတ်ချက်ပေးသွားတယ်: