Road Travel (Kyitehteeyo Pagoda) အပိုင်း-၂


ဒီလိုနဲ့ဘဲ ကျွန်တော်တို့ သူငယ်ချင်း တစ်စု တောင်ပေါ်ကို ခြေလျင် ခရီးနဲ့ဘက် ခရီးဆက် ခဲ့တယ်၊ ခြေကျင် ခရီးကတော့ ကင်မွန်းစခန်း ကနေ တောင်ပေါ်ထိ ၇.၅ ထိပေါ့၊ တကယ်တမ်း ဒီအကွာ အဝေးဟာ မြေပြန့်မှာ ၁ နာရီကျော်ကျော် လောက်သာ ကြာတယ် ထင်ပေမယ့် လက်တွေ့ တောင်တန်း၊ တောင်ကုန်း၊ လျှို အဆင်းအတက် တွေမှာတော့ တော်တော် စကားပြော တယ်ဗျာ၊ ကျွန်တော်တို့ ယောကျာ်းလေး တွေတောင် လမ်းလျှောက်တာ ၄ နာရီကျော် ကြာတယ်၊ လမ်းမှာလည်း မောလို့ နာလိုက်တာ မပြောပါနဲ့တော့၊ စခန်း(၂)ခုကြားကို တစ်ခါနားတယ်၊ တစ်ခါ တစ်နေ့ ကွန်ကရစ် လှေကား ကြီးတွေ၊ ကျောက်တောင်၊ ကျောက်တုံး ကြီးတွေ နားဆိုရင် မြင်ရတာ နဲ့တင် အမောဆို့ ချင်လာတယ်၊ ဒါပေမယ့်လည်း နားလိုက် တက်လိုက်၊ လျောက်လိုက် နဲ့ပါဘဲ၊ ဖြစ်ချင်တော့ ကင်မွန်းစခန်း ရောက်တုန်းက ၁၁ နာရီကြီး ဆိုတော့ နေက လည်း အတော်မြင့်နေပြီ၊ ရောက်ရောက် ခြင်း ဘုရားကို ဖူးချင်တာနဲ့ ချက်ချင်း တက်လိုက် ကြတာ ရေမြောင်ကြီး စခန်းနား ရောက်တော့ နေက တော်တော်ကို ပူနေပြီ၊ ဒါပေမယ့် ရာသီဥတု ကတော့ ကျွန်တော်တို့ မြေပြန့်သားတွေ မခန့် မှန်းနိုင်လောက် အောင်ပါဘဲ၊ ဒီလာက် နေပူကြီးထဲမှာ လမ်းလျှောက်လာတာ ချွေးတွေရွဲလိုပေါ့၊ ဒါပေမယ့် ခဏနားလိုက်ရင် ချွေးတွေနဲ့ လူက ချမ်းစိမ့်စိမ့် တောင်ဖြစ် လာတယ်၊ ဒီလိုနဲ့ဘဲ တက်လိုက် ကြတာ၊ ညနေ ၃ နာရီ ကျော်ကျော် ၄ နာရီ ထိုးတော့ မယ်၊ ကမန်းကတန်း နဲ့ဘာဘဲ၊ ဘာလို့လဲဆိုတော့ မိုးကလည်း ချုပ်တော့မယ်၊ တခြား ကားနဲ့ တက်ကြတဲ့ လူတွေ ကလည်း တော်တော်များ တာကိုး၊ ရောက် ရောက်ခြင်း ရင်ပြင်တော်ပေါ် တက်ပြီး ဘုရားဖူးမယ်ပေါ့၊ ဘုရားနားတောင် မရောက်ခဲ့ ပါဘူးဗျာ၊ လူတွေ ကလည်း ရင်ပြင်တော်မှာ ကို အပြည့်ပါဘဲ၊ အနယ်နယ် အရပ်ရပ်ကနေ လာပြီး ဘုရားဖူးကြ သူတွေပါ၊ တချိုဆို တည်းခိုစရာ တည်းခိုခန်း၊ ဟိုတယ်၊ မိုတယ်၊ နာခိုစခန်း၊ ဓမ္မာရုံ၊ ထမင်းဆိုင် တွေမှာ နေရာ မရကြ တော့လို့ ဘုရား ရင်ပြင်တော် မှာဘဲ ဖြစ်သလို တည်းကြသူ တွေအများ ကြီးပါဘဲ၊ ကျွန်တော်တို့လည်း နေစရာ မရမှာကို စိုးရိမ်တာနဲ့ ဘုရား ရှေ့နားက ရင်ပြင်တော် မှာဘဲ ဘုရားကို ဦးသုံးကြိမ် လောက်ဘဲ ချပြီး အရင်နှစ် ရောက်ခဲ့တုန်းက တည်ခိုခန်းကို ပြေးရတာပေါ့၊ ဒီကြားထဲမှာ တော်တော် ထူးခြား တာက ကျွန်တော်တို့မှာ လမ်းတုန်းက မောက လည်းမော၊ ချွေးတွေ ကလည်းရွဲ၊ ဖုန်တွေနဲ့ လူကိုယ် ဘာပုံစံ ပေါက်နေမှန်းကို မသိပါဘူး၊ ဒါပေမယ့် ကျိုက်ထီးရိုး စေတီတော်မြတ် ကြီးကို လည်း ဖူးမြောက်လိုက် ရရော အခုနက မောတာတွေ ချက်ချင်းကို ပြေသွားတယ်ဗျာ၊ တကယ်ကို တန်ခိုးကြီး ကိုးဗျာ၊ ဒါပေမယ့် တောင်တက်တာ အလေ့အကျင် ကတစ်နှစ် နေမှတစ်ခါ ကြုံတော့ ခြေထောက် ကြွက်သားတွေ ကတော့ သိပ်လက်မခံ ချင်းဘူးနဲ့တူတယ်၊ ကမန်းကတန်း အကြောပြေ လိမ်းဆေး လိမ်းမှ ဘဲသက်သာ တော့တယ်၊ မနှစ်လာတုန်း ကနဲ့ ဒီနှစ်လာတုန်း ကတော့ အတော်ကို ထူးခြားသွားတယ်၊ ရင်ပြင်တော်မှာ သာသနာ့ အဆောက် အဦတွေ အပြင်၊ လမ်းတစ် လျှောက် မှာလည်း ဆိုင်ခန်း အသစ်တွေ၊ တည်းခိုရိပ်သာ အသစ်တွေ၊ ဓမ္မာရုံ အသစ်တွေ အများကြီးပါ၊ ပိုပြီး ထူးခြား တာက လမ်းတစ် လျှောက်မှာ ကိုယ်ဆီက ရေသန့်ဘူး ကုန်သွားလို့ ဆိုင်တစ်ဆိုင်မှာ ၀င်သောက် မိတာနဲ့ ” အစ်ကိုကြီး ၂၀ ကျပ် တဲ့ဗျား၊ ရေသန့်ဘူး တစ်ခါတည်း ဖြည့်သွားပါလား၊ တစ်ဘူးမှ ၁၀၀ တဲ့” အစကတော့ ၂၀ ကျပ် ဆိုပေမယ့် ဒေါသ ထွက်မိတယ်၊ ဒါပေမယ့် ပြန်စဉ်စား ကြည့်လိုက် တော့လည်း ဒီခေတ်ကြီးထဲမှာ ၂၀ ကျပ်တန် မပြောနဲ့ တစ်ရာ တန်တောင် ဟိုးအရင်ခေတ်က ၁၀ တန်လောက် တောင် တန်ဖိုးမရှိဘူး၊ အဲဒါကိုဘဲ စဉ်းစားမိတာရယ် နောက်ပြီး ဒီတောင်ပေါ် အထိကို သယ်လာရတဲ့ ရေထမ်းခ ရယ်စဉ်းစား မိတာနဲ့ဘဲ ၅၀ ကျပ်တန်ကို ပြန်မအမ်း ပါနဲ့ တော့ဆိုပြီး ရန်ကုန် မြို့ကြီးသား စတိုင်နဲ့ လှူခဲ့တဲ့ ဆိုင်လည်း မနည်းပါဘူး၊ ရေသန့်ဘူး တစ်ဘူးက (၅၀၀)ကိုးဗျ၊ စခန်း ၆ ခု၊ ၇ ခု၊ မိနစ် ၂၀ ခရီး လောက်ဆိုရင် ကျွန်တော်တို့ အဖွဲ့က ရေ ၁ လီတာ ဘူး(၂)ဘူး အနည်းဆုံး ကုန်တာကိုး၊ မတတ်နိုင်ဘူးလေ၊ ဒါ့အပြင် အရင်တုန်းက တွေ့နေ့ကြ ဆိုင်းဘုတ် တွေလည်း မရှိတော့ဘူး၊ ”ဆေးအခမဲ့ လှူသည်တဲ့” ကျွန်တော်တို့လို ဘုရားလာဖူးရင်း အလကား ၀င်လိမ်းတဲ့သူ များလာလို့ နဲ့တူ ပါတယ်၊ လမ်းခရီး ၇.၅ မိုင်မှာရော၊ ကျိုက်ထီးရိုးဘုရား စောင်းတန်း၊ ဈေးဆိုင် တွေတောင် မတွေ့ခဲ့ပါဘူး၊ ရှိတော့လည်း ရှိမှာပေါ့ ကျွန်တော် မျက်စိချော် သွားတာ လည်း ဖြစ်နိုင်ပါတယ်၊

0 မှတ်ချက်ပေးသွားတယ်: