Road Travel(ကျိုက်ထီးရိုးဘုရား)

ဘာကိုမှ၊ ဘာတစ်ခု မှကို အခမဲ့ လှူဒါန်း သည်ဆိုတာကို ကျွန်တော် မတွေ့ခဲ့ပါဘူး၊ အဲဒီလို အခမဲ့တွေ မရှိတော့ ပေမဲ့၊ ”အစ်ကိုကြီး၊ အစ်မကြီး သားတို့ သမီးတို့ သားလေးတို့ သမီးလေးတို့ရေ သား/သမီး တို့ လမ်းတွေ ခရီးသွားလာ သူတွေ အဆင် ပြေအောင် လမ်းတွေ ပြင်ထား၊ လှည်းထား ကြပါတယ်၊ စေတနာရှိရင် အကြွေလေး များထားခဲ့ပါတဲ့ဗျာ” ဒါကတော့ တစ်စခန်းကို အနည်းဆုံး (၂)ဦးလောက် တွေ့ရတယ်၊ တစ်လမ်းလုံး လည်းမနည်းပါဘူး၊ ရန်ကုန်အလာ ကားစပါယ်ယာ ဆီကအမ်းလာတဲ့ အကြွေ ရေမြောင်ကြီး စခန်းနားတောင် မရောက်ခဲ့ပါဘူး၊ အမ်းလာတာဘဲ နည်းလို့ ဖြစ်မှာပါ၊ ဒါတောင် ကျွန်တော်တို့က နည်းနည်းလူရွေး သေးတယ်၊ ရင်ပြင်တော် ပေါ်မှာတော့ မရှိတော့ ပါဘူး၊ အနယ်နယ် အရပ်ရပ်က ဘုရားလာဖူး တဲ့လူတွေ နဲ့တော်တော်ကို စည်စည်ကားကား ပါဘဲ၊ ညရောက်တော့ တည်းခိုတဲ့ နားမှာဘဲ ထမင်းစား ကြတယ်၊ အ၀စား (၁၂၀၀)တဲ့ မဆိုပါဘူး၊ ဟင်းတော့ တော်တော် ကောင်းပါတယ်၊ စေတနာ အပြည့်ပါဘဲ၊ ဘာလိုလဲတော့ မသိဘူး၊ ရန်ကုန် ကစတိုင် နဲ့တော့ ကွာတာပါဘဲ၊ ရန်ကုန်မှာက စားချင်ရင်စား မစားချင်ရင်နေ၊ ဟိုမှာတော့ မဟုတ်ဘူး၊ အပြိုင်အဆိုင် ကလည်းများ၊ သူတို့သဘာဝ ကိုကဘဲ ဖော်ရွေချင် တာလားမသိ၊ တကယ်လည်း စေတနာ မပါဘူးဆိုရင် သူတို့ဆိုင်ကို ဘယ်သူမှ လာစားမှာ မဟုတ်ဘူးလေ၊ တစ်ချို့များ နောက်နှစ်အတွက်ပါ ချိတ်လိုက်ကြ သေးတယ်၊ အဲဒီလောက်ကို စတိုင်လ်က ကွာတယ်၊ ဒါနဲ့ ထမင်းမစားခင် ရေချိုးမယ်ဆိုပြီး ရေချိုးဘို့ ထွက်ခဲ့တယ်၊ သူငယ်ချင်း (၃)ယောက်ပေါ့၊ တည်းခိုခန်းမှာက ရေက မရဘူးလေ၊ တည်းခိုခန်းက သိပ်အဆင့် မမြင့်ဘူး၊ တစ်ရက်မှ တစ်သောင်းခွဲ ပေးရတာ၊ နှစ်ည သုံးရက် ခရီးကိုပေါ့၊ ရေချိုးဆိပ်လည်း ရောက်ရော စတွေ့ပါပြီ၊ “ရေချိုးသူများ ရေပုံး လာဝယ်ကြပါ၊ ယောက်ျားလေးဒီဘက်၊ မိန်ကလေးက အထဲမှာ” ”ရေတစ်ပုံး ၃၀၀ တဲ့” ဒါနဲ့ ကျွန်တော်တို့ (၃)ယောက်ဆိုတော့ ပထမ (၃)ပုံးဝယ် ကြည့်တယ်၊ ဒါနဲ့ စတက်လာတဲ့ အ၀တ်အစား လေးတွေ ဘာလေးတွေ နည်းနည်း လျော်ကြည့်မယ် ပေါ့၊ ဒါနဲ့ ရေလဲ ပုဆိုး အဆွဲ၊ ၀တ်ကြည့် လိုက်တယ်၊ ပုဆိုးက ကျွန်တော် တစ်သက်နဲ့ တစ်ကိုယ် ပထမဆုံး မြင်ဖူးတာဘဲ၊ အလျားကတော့ သူပုဆိုး အတိုင်းဘဲလား တော့မသိဘူး၊ အနံကတော့ တစ်တောင်ဘဲ ရှိတယ်၊ တော်တော် ဆိုးပါတယ်၊ အခုခေတ် ပုဆိုးတစ်ထည်ကို ၃ ပိုင်း ပိုင်းထားလား တော့မသိပါဘူး၊ ဒါနဲ့ဘဲ အောင်သက်သက်နဲ့ သူများတွေ တောင်ဝတ်လို့ ရတာ... ငါဘာလို့ မရမှာလဲ ဆိုပြီး ၀တ်ချိုးခဲ့ ပါတယ်ခင်ဗျာ၊ တော်သေး တာပေါ့၊ အခမဲ့ ပုဆိုးငှားလို့၊ ရန်ကုန်ကလာတော့ ပုဆိုးက ဘုရားတက်ရင် ပုတီးစိပ်ဘို့ ဆိုပြီး ပုဆိုး နည်းနည်းဘဲ ယူလာခဲ့တာ၊ ဘောင်းဘီတို တွေတော့ပါ ပါရဲ့ တည်းခိုခန်းနဲ့ ရေချိုးဆိုင်ကြား လမ်း တစ်လျောက် ကြည့်မကောင်း တာနဲ့ အောင့်သက်သက်နဲ့ ဘဲ ဖြစ်သလိုပါဘဲ၊

1 မှတ်ချက်ပေးသွားတယ်:

Hteink Min said...
January 13, 2008 at 2:46 AM

မင်္ဂလာပါ။ စာလေးတွေ ဖတ်လို့ကောင်းပါတယ်။ ဓါတ်ပုံလေးတွေနျင့် စာပိုဒ်လေးတွေ ခွဲထားရင် ဖတ်တဲ့သူ အဆင်ပြေစေမယ်ထင်ပါတယ်။ အားပေးနေပါတယ်ဗျာ။