ခံစားချက်မဲ့ကဗျာ

သေဆုံးသွား အပင်တစ်ပင်လား
ချစ်သူတစ်ယောက်လား ...

မျက်နှာများ မှန်တစ်ချက် အလား
သံလျှပ်ကြား ရွှေသမင် အလိုက်မှား ...

အယူအဆ ပုံစံခွက်တွင်းကျ
မဟုတ်မမှန်သင်္ကေတ ဘယ်လိုယုံရ ...

အချစ်လားလို့ မမေးနဲ့ စကားလုံး နှစ်လုံးသာ သိခဲ့
ကျယ်ပြန့်တာ ဘယ်လောက်ရှိ ငါလည်း မသိ နင်လည်း မသိ ...

အမှန်လို့ ပြောတာ အမှားလည်း ဖြစ်နိုင်တယ်
ယုံကြည်တဲ့သူ များနိုင်တယ် ...

မုသားပါတဲ့ကဗျာ တစ်ပုဒ် သိသိကြီးနဲ့ ခံစား
လိမ်လည်လှည့်ဖျားလား ဘယ်သူမှ မမေးတာများ
ခံစားချက် အမှား ...

ခံစားတတ်ရင် ခံစား ခံစားချက်မဲ့ရင် အကြံသမား
ယုံကြည်တယ်ဆို ယုံကြည် စေချင်တာ လူလိမ်များ ..........




written by kks

0 မှတ်ချက်ပေးသွားတယ်: