“မမြဲခြင်း”

ဆံတစ်မျှင်
ကျွတ်ဖို မလွယ်သလို
မကျွတ်ဖို လွယ်တယ်။

သံယောစဉ်
ချဉ်နှောင်ဖို့ မလွယ်သလို
မချဉ်နှောင်ဖို့ လွယ်တယ်။

အချစ်
ပြောဖို့မလွယ်သလို
ချစ်မိဖို့ လွယ်တယ်။

လွယ်တယ် ခက်တယ် သံသရာ ကွေ့ဝယ်
ဆုံကြုံဖို့ရယ် လွယ်တယ် ခက်တယ်။

မရေမရာ အသေအချာ ရယ်လို့
ကြုံကာ ဆုံကာ အဖုံဖုံပါ။

အရောင်မျိုးစုံ ဘ၀ဇတ်ခုံ
တွေ့ဆုံကြုံကွဲ ချိန်းကာမှလွဲ
တွေ့ကြတဲ့ခဏ ချစ်ကြတာ မနှေးလှ
မုန်းကြပြန်လဲ ဓမ္မတာမြဲ
သေရမှာပဲ ဧကန်မလွဲ

အချိန်တွေသာ ဖြတ်သန်း ဘယ်ဆီမျှော်မှန်း
အောင်မြင်စွာ ဆုတ်ခွာ နောင်တစ်ချိန်မှာ ရှုံးမှာ ..........

0 မှတ်ချက်ပေးသွားတယ်: