“အဆုံးပြီးမှ အစ”

လွင့်မြောသေဆုံး မသိသော အမှောင်ဖုံး
ဝိဥာဉ် တစ်ခု ရဲ့ဆန္ဒ လာရာလမ်း တွေများလှ
ပြတင်း တစ်ခုကိုတွေ့ အလင်းတန်း ကိုမေ့
ဘာမှန်းမသိဘဲ ခုန်ချ ရောက်ရာ ဘ၀ကို ငါမမြင်ရ .....

ရှင်သန်မွေးဖွား အတိတ် အကြွေး မေ့သွား
လောကကြီးရဲ့ တစ်နေရာ ကျဉ်းမြောင်းလှတဲ့ ကံကြမ္မာ
တစ်ယောက် တည်းလျှောက် အလင်းနဲ့ အမှောင်နောက်
ကုန်ဆုံးလာတဲ့ သက်တမ်း အိမ်မက်တွေနဲ့ လျှောက်လှမ်း
လောကကြီးရဲ့ ပုံသေနည်းတစ်ခု ပြောလို့မပြီးတဲ့ စာတစ်အုပ် .....

ပြီးဆုံး သွားတဲ့ ကိစ္စတစ်ခု မပြီးဆုံး သေးတာ ကိစ္စနှစ်ခု
ဆုံးပြီးရင် ပြန်စ စပြီးရင် ဆုံးကြ
လည်နေကြတဲ့ သံသရာ ပြန်ကြရာမှာ တမလွန်ကိုပါ။

ရှင်သန်သေဆုံး မသွေမှန် ဖြစ်ရိုး
စနစ်သစ်တွေ ယနေ့ခေတ် အထွေထွေ
ပြုပြင်မရ ဆုံးပြီးမှစ ............



written by kks

0 မှတ်ချက်ပေးသွားတယ်: