ဘလော့



မရေးဖြစ် တာတောင် တော်တော်ကြာ သွားပြီ၊ ကျွန်တော် အလုပ်လုပ်တဲ့ နေရာမှာကော အပြင်က cyber cafe တွေမှာလည်း ဘလော့ကို အားရင် သွားပြီး post လုပ်ဖို့က အင်တာနက် စွန့်စားခန်း တစ်ခုကို လုပ်ရ သလိုပါဘဲ၊ တော်တော်လေးကို ပိတ်ထား burn ထားတဲ့ အပြင် ရတဲ့ proxy တွေကို လည်း ကျော်ကြည့် လိုက်ရင် ဘယ်လိုမှ ဖတ်လို့မရ အောင် connection ကိုလည်း နှေးကွေးအောင် လုပ်ထားတယ်၊ ကျွန်တော် သိသမျှ မှတ်သမျှ ကျော်ကြည့်တဲ့ website လေးတွေလည်း ကုန်ပါပြီ၊ နောက်ပြီး အခုတစ်လော လူတော်တော်များ များသိလာကြတဲ့ localhost တွေချိန်းပြီး ကျော်တော့ လည်း ဘလော့ တစ်ခု uplode လုပ်ဖို့က စာကြီးဘဲဆို ရင်တောင် နာရီဝက် လောက်ကြာတယ်၊ ဓါတ်ပုံလေး များယောင်ရမ်းပြီး ထည့်လိုက်ရင် သွားပါပြီ ၊ သေပြီဆရာပေါ့။ အခုလို ဖြစ်နေတာမျိုး တွေက ကျွန်တော် တို့လို အခုမှ ဘလော့ကို စသင်ကာစ သူတွေ အတွက် တော်တော်လေး ကိုစိတ်ညစ်၊ ဘလော့ ဆိုရင် မဖတ်ချင် တော့လောက် အောင်ကို အဖြစ်ကဆိုး နေတာပါ။ ဒါပေ မယ့်လည်း အခုမှ သင်ကာစ ဆိုတော့ မနည်း ဘာဘဲ ဖြစ်ဖြစ် ရအောင်လုပ်မယ် ဆိုပြီးတော့ အခုထိ တော့ကြိုးစား အားတင်း ထားဆဲ ပါဘဲဗျာ။ ကျွန်တော့် အွန်လိုင်းက ဘလော့စီနီယာ များကလည်း တကယ်လို့ အဆင် ပြေမယ် ဟာမျိုး လေးများ ရှိခဲ့ရင် ပြောပြ ပေးဘို့ မေတ္တာရပ်ခံ ချင်ပါတယ်ဗျာ။


ကျေးဇူးတင်စွာဖြင့်

ဘလော့ဂျူနီယာ



0 မှတ်ချက်ပေးသွားတယ်: