!STOP This Site is Blocked by MPT (Part II)

 ကျွန်တော်အခု ဒီခေါင်းစဉ်နဲ့ ရေးတာ ဒါနဲ့ဆို (၂)ကြိမ် မြောက်သွားပြီ၊ ကျွန်တော်တို့ မြန်မာပြည်မှာ အင်တာ နက် သုံးစွဲသူတွေ မတွေ့ချင်၊ မမြင်ချင်၊ မကြားချင် တဲ့ ဒီစကား လုံးကြီး အကြောင်း ပါဘဲ၊ ဘာကို ဆိုလိုတာလဲ၊ ဘာအကြောင်း ကြောင့်သူက ဒါကို သုံးစွဲခွင့် မပေးရတာလဲ၊ ဘာတွေ ပေါ်မှာ အခြေခံပြီး ဒါကို သူတို့ တစ်ဖက်သက် လုပ်နေကြ ရတာလဲ၊ သူတို့က ပြောတယ် ၊ အားလုံး သိမယ်ထင်တယ်၊ သူတို့ ဖွင့်ဆိုထားတဲ့ ဥပဒေ အဓိပ္မါယ် တွေနဲ့ဘဲ၊ ဘာကြောင့်လဲ ဒါကို ကျွန်တော်တို့ အရမ်းသိ ချင်ကြမှာ ပါဘဲ၊ ကျွန်တော်တို့ နိုင်ငံဟာ ထေရ၀ါဒ ဗုဒ္စဘာသာ နိုင်ငံ ဆိုတာ တစ်ကမ္ဘာလုံး သိကြတယ်၊ ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်လာ တွေကို တခြား(အိမ်နီချင်း) နိုင်ငံတွေ ထက်တောင် တန်ဖိုး ထားတယ်၊ ဂုဏ်ယူ ကြတယ်၊ ဒါကြောင့် ကျွန်တော်တို့ လက်ရှိမှာ ကြုံတွေ နေကြတဲ့ ဒီ ၂၁ ရာစု အလွန် ကြီးမှာ အင်မတန် ခတ်စားလာတဲ့ globaliazation ဆိုတဲ့ စနစ် ကြီးထဲမှာ တခြား အနောက်နိုင်ငံက ယဉ်ကျေးမှုတွေ၊ အထူးသဖြင့် အမေရိကားကhollywood တို့လို မီဒီယာ၊ ရုပ်ရှင်၊ သီချင်း၊ ဇာတ်လမ်း စသည်ဖြင့် ထိုးဖောက် လာတဲ့ မကောင်းတဲ့ ယဉ်ကျေးမှု တွေ့ကို ကျွန်တော် တို့လို မသိနား မလည်သေးတဲ့ လူငယ်တွေ အတုခိုး လာနိုင်တဲ့ အတွက် အတုမခိုး နိုင် အောင် တားဆီးထားတယ် ဆိုတာ တစ်ချို့ တစ်ဝက်ကို ကျွန်တော်တို့ နားလည် ပေးလို့ရ ပါတယ်၊ ဒါဟာ အမျိုး ဘာသာ သာသနာ ယဉ်ကျေးမှု နဲ့မှ မကိုက်ညီ ဘူးကို၊ နောက်ပြီး အခု ကျွန်တော်တို့ နိုင်ငံရဲ့ လက်ရှိအနေ အထားမှာ တစ်မျိုး တစ်ဖုံ ပတ်သက် နေတဲ့ politicalဆိုဒ်တွေကို ဘလော့ တယ်ဆိုတာလည်း ဒါဟာ လက်ခံ ပေး လို့ရပါတယ်၊ ဒါပေမယ့်ဗျာ အခုသိတဲ့ အတိုင်းဘဲ ကျွန်တော်တို့ လက်ရှိ အသုံးပြုနေတဲ့ website သုံးပုံ တစ်ပုံ ကျော်ကျော်နီးပါး လောက်ကို ပိတ်ပင် (ဘမ်းထားတာ)ကို တော့ ကျွန်တော်တို့ နည်းနည်းမှ ဘ၀င် မကျ ပါဘူး၊ ထားပါ တော့ဗျာ၊ ဘယ်တတ် နိုင်ပါ့မလဲ၊ ဟုတ်တယ် မလား ။ ကဲအခုကျွန်တော် ဥာဏ်မီ သလောက် ရေးထားတဲ့ this site is blocked by MPT (Part-II) ကတော့ ဒီမှာ ခဏ နိဂုံးချုပ်ပါမယ်၊

0 မှတ်ချက်ပေးသွားတယ်: