Super Sunday



အင်္ဂလိပ် ပရီးမီးယားလိဂ် မှာပြော နေကြတဲ့ စူပါအသင်းတွေ ကန်တဲ့ Super Sunday ဟာ မနေ့က ပြီးဆုံးသွား ခဲ့ပါပြီ။ ကျွန်တော် အတွက်တော့ မေ့မရ နိုင်သလို၊ မနေ့က ပရီးမီးယားလိဂ် ထိပ်သီး အသင်းကြီး တစ်သင်း ဖြစ်တဲ့ မန်ချက်စတာ မြို့ခံ တွေကန်တဲ့ ဒါဘီပွဲဟာ အင်္ဂလန် ပရိတ်သတ် တွေကော ပြီးတော့ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ ပရီးမီးယားလိဂ်ကို အားပေးကြတဲ့ ပရိတ်သတ် တွေအတွက် ရင်အခုန် ရဆုံးပွဲ တစ်ပွဲပါ၊ ပိုဆိုးတာက တိုက်တိုက်ဆိုင်ဆိုင် ဟိုးအရင် တုန်းက ဖြစ်ပျက် ခဲ့တာတွေ နဲ့ အခုပွဲမှာ သွားပြီး တိုက်ဆိုင် နေတာတွေ့ရတယ်၊ ချန်ပီယံ လိဂ်ကို သွားကန်ကြတဲ့ မန်ယူ အသင်း သားတွေ စီးနင်းလာတဲ့ လေယာဉ်ဟာ မြူးနစ်မြို့ကို ခဏ ဆီဝင်ဖြည့် ရင်းပျက်ကြခဲ့တဲ့ အကြောင်းပါ။ အဲဒီမှာ မန်ယူ အသင်းသားတွေ၊ ပရိတ်သတ်တွေ၊ ဓါတ်ပုံဆရာတွေ ၁၇ ယောက် ပွဲချင်းပြီး သေဆုံးသွား ကြတယ်ဆိုတာ သတင်းစာ၊ ဂျာနယ်၊ ဂြိုလ်တုစလောင်း ကထုတ်လွှင့်တဲ့ အစီအစဉ် တွေမှာ သိခဲ့ရတယ်၊ တိုက်တိုက် ဆိုင်ဆိုင်ပါဘဲ၊ မနေ့က ကန်သွားတဲ့ ပွဲမှာ ဟိုးလွန်ခဲ့တဲ့ နှစ်တွေက အားကစား သမားတွေ ၀တ်ဆင်ကြတဲ့ အကျိ င်္တွေကို ၀တ်ဆင်ပြီး ကန်ကြတာပါ။ မန်ယူ ဟာရာသီအစ ပထမ အကျော့မှာ ကတည်းက မြို့ခံ ဒါဘီဖြစ်တဲ့ မန်စီးတီး အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ထား ပါတယ်၊ ဒီအသင်းဟာ စကန်ကတည်းက ဖိအား အချို့ရှိခဲ့တယ် ဆိုတာ မမှားနိုင်ပါဘူး၊ နောက်ပြီး မနှစ်က ရထားတဲ့ ပရီးမီးယားလိဂ် ချန်ပီယံ ဆုဖလား ကိုလည်း ဒီနှစ်မှာ ဆက်ထိန်း ထားနိုင်ဘို့ အတွက်ရယ်၊ ထိပ်ဆုံးက အသင်းဖြစ်တဲ့ အပြင် ဒီနှစ် လူငယ်ခြေတက် တွေနဲ့ ခြေတက်နေတဲ့ အာဆင်နယ် အသင်းကို လိုက်လံ ဖိအားပေး ဘို့ကလည်း သူတို့ကိုယ်တိုင်မှာ ဖိအားတွေ အများကြီးရှိ နေတယ်၊ ဒါဟာ အဆုံးဆိုးလို့ ထင်တယ်။ ဒီထဲမှာ ပြောချင်တာက ကျွန်တော်က ဘောလုံးကို ဝေဖန်သူ တစ်ယောက် လည်းမဟုတ် ပါဘူး၊ ဘောလုံး crazy တစ်ယောက် လည်းမဟုတ် ပါဘူး၊ နောက်ပြီး ပညာရှင် ဆိုတာ အဝေးဆုံးပါ။ ကျွန်တော်သိ ချင်တာလေး တွေကို ပြီးတော့ ကျွန်တော့ ဦးခေါင်း ထဲမှာ ပေါ်လာ တာလေးတွေ ကို ရေးချကြည့် တာပါ၊ နောက်ပြီး ကျွန်တော်က မန်ယူနဲ့ မန်စီးတီး တို့ရဲ့ ပရိတ်သတ် လည်းမဟုတ်ပါဘူး၊ ကျွန်တော် ကြိုက်တာက ဟိုးငယ်ငယ် ကလေးကတည်း က အားပေးလာတဲ့ LiverPool FC ပါ၊ ဒါပေမယ့် ကျွန်တော်ကြိုက် တဲ့အသင်းက အဲဒီ ပရီးမီးယားလိဂ်ရဲ့ ထိပ်ဆုံးလေးသင်း ထဲမှာ အောက်ဆုံးကပါ၊ နောက်ပြီး ပိုဆိုးတာက ဒီနှစ်မှာ မန်စီးတီးကို ထိုင်းဝန်ကြီးချုပ်ဟောင်း တစ်ယောက်က ၀ယ်လိုက်တာ၊ အက်စတန်ဗီလာ၊ အဲဗာတန်၊ စတဲ့ အလယ်အလတ် အသင်းတွေက လည်းဒီနှစ် မှာခြေစွမ်း တွေ ပိုမိုကောင်းမွန် လာတာက ကျွန်တော် ကြိုက်တဲ့ လီဗာပူးအသင်းကို ဖိအားတွေ ဖြစ်စေပါတယ်၊ အခုလို ပုံစံမျိုးဆိုရင်တော့ သိပ်မကြာပါဘူး၊ နောက်နှစ် ချန်ပီယံလိဂ် ၀င်ခွင့်ကို မမျှော်မှန်း နိုင်တဲ့အပြင် ယူအီးဖက်အေ ဖလားဝင်ခွင့်တောင် အခက်အခဲ ဖြစ်သွားနိုင်ပါတယ်၊ အဲဒီလောက်ကို ကျွန်တော် လီဗားပူးအပေါ် မှာအရှုးအမူးဖြစ် ခဲ့ပါတယ်၊ ကဲဒါနဲ့ အခုနက ဒါဘီပွဲဖြစ်တဲ့ မန်ချက် မြို့ခံတွေ ကန်တဲ့ပွဲမှာ မထင်ထားတဲ့ အဖြေတွေ ပဲပြန်ထွက်ပေါ် ခဲ့ပါတယ်၊ အင်္ဂလန် နည်းပြဟောင်း အဲရစ်ဆင် ကိုင်တွယ်တဲ့ မန်စီးတီး အသင်းက မန်ယူ အသင်းကို အိမ်ကွင်းမှာ 2-1 နဲ့ပဲ နိုင်သွားခဲ့ပါတယ်၊ မထင်ထားတဲ့ အခြေ အနေပါဘဲ၊ နောက်ပွဲစဉ် တစ်ခုဖြစ်တဲ့ Chelsea - Liverpool ပွဲစဉ်မှာလည်း မထင်မှတ်ဘဲ သရေကျသွား ခဲ့ပြန်တယ်၊ ကျွန်တော်က တော့ပွဲအစ ကတည်းက လီဗာပူး အတွက်တော့ သရေ အနည်းဆုံးကို သာမျှော်လင့် ခဲ့တာပါ၊ ကောင်းပါတယ်၊ အဝေးကွင်းမှာ သရေ တစ်မှတ်ကို မထင်မှတ်ဘဲ ရခဲ့တယ်၊ ဒါပေမယ့် ပဥမအဆင့်က နေတော့ ကျော်မယ် မထင်သေးပါဘူး၊ ပရီးမီးယား လိဂ်အတွက် ဒီနှစ် မထင်မှတ်တဲ့ အနေအထား တွေထွက် ပေါ်လာ ဦးမှာက တော့ သေချာပါတယ်၊ နောက်ပြီး အာဆင်နယ် - ဘလက်ဘန်း တို့ရဲ့ ပွဲစဉ် ပြီးဆုံးသွား မယ် ဆိုရင်တော့ ကျွန်တော်ထင်တယ်။ အားလုံးကို ခန့်မှန်းလို့ ရလောက်ပြီ ထင်ပါတယ်၊





ဆက်ရန်

ကေမောင်ငြိမ်း

0 မှတ်ချက်ပေးသွားတယ်: