Modern Rock





ဒီ Music နဲ့ပတ်သက်ပြီး ကျွန်တော် ခံစားမိတာ သိပ်မကြာ သေးပါဘူး၊ နောက်ပြီး ကျွန်တော်တို့ ရှိကို ရောက်လာ တာလည်း သိပ်မကြာသေး ပါဘူး၊ စပြီး ခံစား မိတာက အများသိတဲ့ alternative rock band တခု ဖြစ်တဲ့ Linkinparkပါဘဲ၊သူလည်း ဘဲပေါ်တာ သိပ်မကြာ လောက် သေး ပါဘူး၊ စစချင်း hybird theory နဲ့ပါ၊ အဲဒီတုန်းက ၂၀၀၃ - ၀၄ လောက်နဲ့ တူတယ်၊ အဲဒီကနေ ဒီ foreign music လိုင်းထဲကို ရောက်လာ တာပါ၊ အဲဒီ နောက် တခြား alternative, punk, emo, grunge, rock, modern rock, metal rock, dead rock band တွေ ဖြစ်တဲ့ sum 41, blink 82, greenday, simple plan,EVE6,all american rejects, hoobastank, life house, 12 stones, puddle of mud, seether, korn, linkinpark, nickelback, muse နောက်ပြီး metal လောက ရဲ့ favourite ကြီး marilyin mason ကျွန်တော့် favourite ကြီး Staind(Break the cycle, 14 shades of Grey, Chapter V), Static X, Sprutrula, flaw, system of a down နောက်ပြီး slipnot, evenscence, availievene (စာလုံးပေါင်း မှားရင် ဆောရီးဗျို့) စသည်ဖြင့် အများကြီး ပါဘဲ၊ ကျွန်တော်က ဒီသီချင်းတွေစ နားထောင် ကတည်းက လိုင်းတစ်ခု တည်းကိုတော့ ကြိုက်ခဲ့တာ မဟုတ်ပါဘူး၊ အစုံ ပါဘဲ၊ လိုင်းပေါင်းစုံ မထသ ပေါ့၊ ဒါပေမယ့် ပိုပြီး ကျွန်တော် စိတ်ဝင်စား တာကတော့ အဲဒီ Modern rock ပါဘဲ။ သီချင်း အများစု ကိုကော music ကိုကော ကြိုက်တာပါ၊ တကယ်ကို ခံစားမိတယ်၊ အထူးသဖြင့် စိတ်ပျော်ရွင် တဲ့အခါ ၀မ်းနည်း တဲ့အခါ ဒီသီချင်း တွေက ကျွန်တော် အတွက် အားဆေး တစ်ခွက် ပါဘဲ၊ မြန်မာပြည်မှာ ရှိတဲ့ music အနေနဲ့တော့ သိတဲ့အတိုင်းပါဘဲ လေးဖြူ၊ မျိုးကြီး၊ အငဲ၊ ၀ိုင်ဝိုင်း၊ Rဇာနည်၊ မောင်မောင်ဇော်လတ်၊ အယ်ဖြူ၊ အယ်နောင်း၊ ဒိုးလုံး၊ ထူးအိမ်သင် တို့ပဲပေါ့၊ ဒါပေမယ့် အဲဒါတွေနဲ့ မတူတဲ့ သီချင်းကော မူကော မတူတဲ့ ဘန့်တစ်ခု ကတော့ ကျွန်တော် အကြိုက်ဆုံးပါဘဲ၊ Anibiotic ပါ၊ နောက်ပြီး The Ants အဖွဲ့လည်း ရှိပါတယ်၊ အခုတော့ ဒီနှစ်ဖွဲ့လုံးက ဘန့် တွေ ဖျက်သိမ်း သွားပြီဆိုတော့ နောက်တက်လာ တဲ့အဲဒီလို အဖွဲ့ပုံစံမျိုးကို ဘဲအားပေး ရမှာပေါ့ဗျာ၊



ခံစားချက်ရှိ သလောက် ရေးခဲ့တာပါ။ ဝေဖန်ရေး ဆရာ မဟုတ် သလို လေကန် ရေးဆရာလည်း မဟုတ်ပါဘူး၊ ကျွန်တော်သိ သလောက် တတ်သလောက်ပေါ့ဗျာ။

ကေမောင်ငြိမ်း

1 မှတ်ချက်ပေးသွားတယ်:

exiter said...
March 6, 2009 at 7:28 AM

ကျွန်တော်လည်း Staind ကို တော်တော်ကြိုက်တယ်ဗျ... Right Here သီချင်းနဲ့စကြိုက်သွားတယ်လို့ ပြောလို့ရတယ်ဗျ..အဲဒီသီချင်းကို အခုထက်ထိကြိုက်တုန်းပဲဗျို့..