မန်ယူ ဒိုင်ဗင်

မန်ယူအသင်းမှ ရော်နယ်ဒိုမှာ ပြိုင်ပွဲများတွင် ဒိုင်ဗင်ပစ်သူဟု အချို့သော သူများမှ ယူဆနေခြင်း ခံနေရချိန်၌ ယခုအကြိမ်တွင် အသင်း၏ လေ့ကျင့်ရေးကွင်းမူ အမှန်တကယ်ပင် ဒိုင်ဗင် အခြေအနေမျိုးနှင့် ကြုံတွေခဲ့ရကြောင်း သိရှိရသည်။ မန်ယူလေ့ကျင့် ရေးကွင်းဖြစ်သည့် ကာရင်တန် လေ့ကျင့်ရေးကွင်းသို့ ကနေဒါနိုင်ငံမှ အုပ်ဖွဲ့ပြန်သန်းလာခဲ့သည့် ငှက်များ၏ နှောင့်ယှက်မူကြောင့် ရော်နယ်ဒိုသာမက ရွိုင်ယန်ဂစ်နှင့် ဖာဒီနန်တို့ပါ ဒိုင်ဗင်ပစ်ခဲ့ရသည့် အဖြစ်နှင့် ကြုံခဲ့ရကြောင်း သိရှိရသည်။ ကလပ် အတွင်းမှ အတွင်းလူတစ်ဦးက "ငှက်တွေဟာ ကစားသမားတွေကို အနှောင့်အယှက် ပေးကြရုံတင်မကဘူး ရော်နယ်ဒိုထက်တောင် ဒိုင်ဗင်တွေ ပစ်တတ်ကြပါသေးတယ် မန်ယူလေ့ကျင့်ရေးကွင်းရဲ့ အနီးမှာ သဘာဝ ရေအိုင်နှစ်ခုရှိပြီး ရေအိုင်စပ်က ကျူပင်တွေဟာ ငှက်တွေကို ဆွဲဆောင်နေသလို ဖြစ်နေတာကြောင့် အခုလိုဖြစ်ခဲ့ရတာပါ" ဟုပြောကြားသွားခဲ့သည်။ 

www.mutdfan.com

0 မှတ်ချက်ပေးသွားတယ်: