ကိုဟန်သစ် Tag

`Ten Things I Hate About Myself´
= ဖြစ်ချင်တာတွေ အရမ်းများတယ်။
= လုပ်ချင်တာတွေ အရမ်းများတယ်။
= လူတိုင်းကို ကူညီချင်တယ်။
= အရာရာတိုင်းကို စာနာ နားလည်ချင်တယ်။
= မဖြစ်နိုင် မှန်းသိလျှက် လုပ်တတ်တဲ့အကျင့်ကို မုန်းတယ်။
= ကိုယ်ပေါ်မကောင်းတဲ့လူကို မခွင့်လွတ်တတ်တဲ့ အကျင့်ကို မုန်းတယ်။
= စိတ်ကူးပြီး အကောင်အထည် မဖော်တတ်တဲ့ အကျင့်ကို မုန်းတယ်။
= အရာတိုင်းကို အကောင်းမြင်ချင် ပါလျက်နဲ့ အဆိုးဘက် ပါသွားတတ်တဲ့ အကျင့်ကို မုန်းတယ်။
= အပြုသဘော မဆောင် တတ်တဲ့ အကျင့်ကိုမုန်းတယ်။
၁၀ = သဘောကောင်း၊ မနောဖြူ၊ ရောင့်ရဲတင်းတိမ်၊ ရိုးသား၊ ကြိုးစား အဲဒီစိတ်ဓါတ်တွေ ရှိတဲ့လူ တွေ့ချင် တယ်။ ဒါပေမယ့် လည်း မုန်းမိမှာပဲ။ (ဘာလို့လဲ ဆိုတော့ သူဟာ ဒီလူ့ပြည်မှာ မနေသင့် တော့ဘူး။ အထူး သဖြင့် ရွှေ ပြည် ကြီးမှာပေါ့။ :)
ဆက်ပြီး ဒုတ်ခပေး (အဲမှားလို့) Tag မှာကတော့
ကို idulize
ကို Guiter
ကို Thihanyein
ကို Yewintthu
ကို Naylynn
မနှင်းပွင့်ဖြူလေး(ဖန်တူမကြီး)
Mamegumi
မရွှေပြည်သူ

2 မှတ်ချက်ပေးသွားတယ်:

megumi said...
November 28, 2008 at 9:10 AM

ဟောတော့၊ မီးမီးလည်းပါတာလား။
ဟင့် ဟင့်၊ရေးချင်ပါဘူး။

ဒါပေမယ့် ကိုကေမောင်ငြိမ်းကြီးကို ခင်လို့ ရေးတော့ရေးပါမယ်လေ။ စိတ်ကူးပေါက်တဲ့နေ့ပေါ့။ ဟိ ဟိ။

Han Thit Nyeim said...
November 28, 2008 at 6:51 PM

ကျေးဇူးပါပဲဗျို့...။