သူမ

တစ်ချိန်က ....... သူမ


ရေးမယ့် ရေးပြန်တော့လည်း ကျွန်တော်ခံယူချက် ခေါင်းစဉ်နဲ့ ကွဲလွဲသွားပြန်တယ်။ ဒါပေမယ့် မော်ဒန် ခေတ်ကာလမှာ " မ " အကြောင်းတွေကို ကဗျာစာပေ တွေနဲ့ ဖွဲ့နွဲ့ နေတဲ့အချိန်မှာ ကျွန်တော်လည်း သူမ ဆိုတဲ့ အကြောင်းလေးနဲ့ ကျွန်တော်ရေး တတ်ချင်ခဲ့တယ်။ ဖွဲ့နွဲ့ချင်ခဲ့တယ်။ ခံစားချင်ခဲ့တယ်။ သီကုံးချင်ခဲ့တယ်။ လွမ်းမောချင်ခဲ့တယ်။ ဒါပေမယ့် အဲဒီလွမ်း မောဘွယ် ဟာ ကျွန်တော်ဆိုတဲ့ သူ နဲ့ တော်တော်လေးကို အလှမ်းဝေး ခဲ့တယ်။ ဒီလိုနဲ့ ကျွန်တော့် အတိတ်အချို့ကို ပြန်နွေး နေမိတယ်။ အရာ အားလုံးဟာ မနေ့ တစ်နေ့ကလို ကျွန်တော်(သူ့) ရင် မှာတော့ လတ်ဆတ်နေတယ်။ သူမ ရင် မှာတော့ အမှုမဲ့ အမှတ်မဲ့၊ မတော်တဆ၊ တိုက်ဆိုက် သွားတာက လည်း ဖြစ်နိုင်တယ်။ ဖြူစင်တဲ့ အရာတစ်ခုကို ကျွန်တော်(သူ) မြတ်နိုး မိတယ်။ အဲဒါက သူမ ပါဘဲ။ အချော၊ အလှပဂေးလေးများ များလွန်းလှတဲ့ အချိန်မှာ ဖြူစင်မှု ဆိုတာကို ကျွန်တော်(သူ) သွားတွေ့တယ်။ အလှမ်းကတော့ အတော်ဝေးတယ်။ သူငယ်ချင်းဆိုတဲ့ အရာတစ်ခုနဲ့ နီးစပ်ဘို့ ကျွန်တော်(သူ) ကြိုးစားမိတယ်။ ဖြူစင်မှု အပေါ်မှာ ကျွန်တော်(သူ)ဘက် က အရောင်ဆိုးချင်ခဲ့တယ်။ ဒါကိုတော့ သူမ တစ်နေ့မှာ သတိထားမိတယ်။ ဒါကို ကျွန်တော်(သူ) ၀မ်းသာမိတယ်။ ပျော်ရွှင်မိတယ်။ ဒါပေမယ့် ကံကြမာက ကျွန်တော်(သူ)အပေါ်ကို လှည့်စားခဲ့တယ်။ အကြောင်း အမျိုးမျိုးကြောင့် ကျွန်တော်(သူ)နဲ့ သူမ ဝေးခဲ့တယ်။ သူမကတော့ တစ်ချိန်ချိန်မှာ မှာမေ့ ပျောက်နိုင်မယ် ထင်ခဲ့တယ်။ ကျွန်တော်(သူ)မှာတော့ ဘယ်တော့မှ မမေ့နိုင်ခဲ့ဘူး။ အချိန်တွေ ဘယ်လောက်ပင် ကုန်ဆုံး သွားပါစေ ကျွန်တော်(သူ)မှာတော့ သူမနဲ့ ပတ်သက်ခဲ့တာ၊ သူမနဲ့ ရင်းနှီးခဲ့ တာတွေဟာ အမြဲသတိရ နေခဲ့တယ်။ တစ်နေ့ ကျွန်တော်(သူ့) University ကို အကြောင်းတစ်ခုခု နဲ့သွားဖြစ်တယ်။ မမျှော်လင့်ဘဲ သူမ တွေ့ဆုံမိတယ်။ မမျှော်လင့်တဲ့နေရာ၊ မမျှော်လင့်တဲ့အချိန် မှာပါ။ ကျွန်တော်(သူ) ပျော်ရွှင်မိတယ်။ ဒါပေမယ့် ပျော်ရွှင်မှုဟာ ခဏတာပါ။ သူမနဲ့ အတူ သူငယ်ချင်း တစ်ယောက် ပါလာတယ်။ အချင်းချင်း စကား ပြောဖြစ်တယ်။ သူမ ပါလာတဲ့ သူငယ်ချင်း တစ်ယောက်နဲ့ ကျွန်တော်(သူ)ကို မိတ်ဆက်ပေးတယ်။ တခဏ အတွင်းမှာ တစ်ချိန်က မျှော်လင့်မိတဲ့ အရာ၊ စိတ်ကူးယဉ် မိတဲ့အရာ တိမ်တွေလို၊ မြူခိုးတွေလို လွှင့်ပါး ပျောက်ကွယ်သွားပြီ။ ကျွန်တော်(သူ)သိ သွားပါပြီ။ သိခဲ့ပြီ။ သူမ .............. သူ မဟုတ်တဲ့ အရာကို ရွေးချယ် သွားခဲ့ပြီ။ ဒါပေမယ့် ကျွန်တော်(သူ့)မှာတော့ သူမနဲ့ ဟိုးအဝေးဆုံး .... အဝေးဆုံး တစ်နေရာကို ......။

 
ကေမောင်ငြိမ်း

3 မှတ်ချက်ပေးသွားတယ်:

RePublic said...
December 7, 2008 at 2:00 PM

သူနဲ့ သူမ ကြားမှာ ခေါင်းမူးသွားပြီ ကိုကေငြိမ်း ၊၊ မသောက်ပဲ မူးသွားပြီဗျာ ၊၊ စသွားပါတယ် ၊။ ဟီး

ခေါင်ခေါင် said...
December 8, 2008 at 5:08 PM

သူမ .. တွေ.. သူတွေ.. အဟား ကိုဝီ ပြောသလိုပဲ..
နဲနဲမူးသွားတယ်....

Unknown said...
December 9, 2008 at 10:28 PM

အပေါ်က အစ်ကို နှစ်ယောက်ပြောသလိုပဲဗျ
သူနဲ့ သူမ ကြားရမ်းနေတယ်........တော်တော်ကြိုးစား
ဖတ်ရတယ်.......ကောင်းတာတော့ကောင်းတယ်ဗျာ
မျက်စိနောက်တာကလွဲရင်ပေါ့.....ဟီး