တော်သေးသည်



ပူ ပူ တော်တော်ကို ပူတဲ့နေ .....

တစ်နေ့က မြို့ထဲသွားဘို့ မနက် ၁၀ နာရီ လောက် ရေထချိုး.....ချိုးတုန်းကလည်း အကောင်း မြို့ထဲ ရောက်တော့ လည်းအကောင်း....အိမ်အပြန်ကျ အိမ်ရောက်တော့မှ တစ်ချေ တည်းချေလိုက်တဲ့ နှာတွေကချေ၊ ခြေတွေ လက်တွေက အေးစက်၊ လည်းချောင်းတွေက နာ၊ ညနေလည်း ရောက်ရောက် ကိုယ်တွေလက်တွေ ညောင်းညာပြီး ဖျားချင်သလို ဖြစ်လာတာပါပဲ၊ အဲဒါနဲ့ အမေကို ပြောပြီး ဆေးခန်း ပြေးရတာပေါ့၊ ဆေးခန်း ရောက်တော့ တော်ပါသေးတယ် အဖျားတိုင်းကြည့်တော့ အဖျားက မရှိဘူး၊ ဒါပေမယ့် ချောင်းက မတရားဆိုး၊ လည်ချောင်းတွေက နာ၊ နာတွေက မွန်ပြီး ချေ၊ မခံနိုင်ဘူး၊ တော်သေးတယ် ကျွန်တော်ကတော့ ပြီ အောက်မေ့နေတာ၊ ဒါလောက်နဲ့ပဲ ပြီးသွားတာ၊ နောက်မို့ဆို မြန်မြန် ပျောက်ချင်တာနဲ့ ဆေးထိုး၊ ဆေးသောက် လုပ်ရဦးမယ်။ ဆေးသောက်တာ က လွယ်သလောက်၊ ဆေးထိုး ခံထိ မှာကတော့ တော်တော်လေး ကြောက် တာကိုး၊ အခုတစ်လောက် နေ ကလည်း အတော်လေးကို ပူလာတယ်။ အပြင်ထွက်ရင်တော့ အမေကတော့ ထီး၊ ဦးထုပ် တစ်ခုခု ဆောင်းဘို့ အမြဲမှာတယ်၊ မဆောင်းလို့ကလည်း မရ၊ ဒါပေမယ့် အိမ်နဲ့ ခပ်လှမ်းလှမ်းရောက်တာနဲ့ ထီး၊ ဦးထုပ် ကို လွယ်အိတ် ထဲပြန်ထည့် တတ်တာက အကျင့်တစ်ခု ဖြစ်နေပြီ။ ကျွန်တော်က အပြင်သွားရင် ဦးထုပ်၊ ထီးဆောင်းရမှာ အင်မတန် ၀န်လေးတယ်၊ ဦးထုပ်ဆောင်းတော့ ဆံပင်ပုံပျက်(ကေပျက် ...... အဟတ်ဟတ်)၊ ထီးဆောင်းရအောင်လည်း မိန်းကလေး တွေလို နေပူခံထိမှာ ကြောက်တယ်လို့ အပြောမခံ၊ အကြည့်မခံချင်၊ ဒါနဲ့ပဲ အဲဒီနေ့က ခေါင်းပေါ်က နေကို သေချာမကြည့်ပဲ အိမ်ရှေ့ ထွက်ပြီး ရေချိုးလိုက် တာလည်း အဆစ် ပါမယ်ထင်တယ်၊ ဘာပဲပြောပြော အအေးမိ၊ အပူရှပ်၊ ရောဂါတစ်ခုခု ဖြစ်ရင် နေရထိုင်ရတာ ကိုက မကောင်းဘူး၊ နှစ်ရက် လောက် အိမ်မှာ ငြိမ်ငြိမ် လေးနေလိုက် ရတယ် ..... မလွယ်ဘူး၊ အမေ့စကား နားမထောင်မိတာရယ်၊ နေ က အခုတစ်လော တော်တော်လေးကို ပူလာတာ ရယ် ကြောင့် အစ်ကို၊ အစ်မ သူငယ်ချင်းတွေလည်း အပြင်ထွက်တဲ့အခါ ဦးထုပ်၊ ထီးလေးတွေဆောင် ထားဘို့၊ တတ်နိုင်သမျှ နေပူထဲ မှာ ရေ ချိုးတာ တွေကိုရှောင်ဘို၊ နေပူထဲ သွားလာရင်း ရေဆာရင်လည်း အအေး၊ အချိုရည်၊ ရေခဲရေ ချက်ချင်းမှာ မသောက်မိစေ ဘို့ကို တစ်လက်စတည်း မှာချင်ပါတယ် ဗျား ........ ။

2 မှတ်ချက်ပေးသွားတယ်:

Anonymous said...
February 21, 2009 at 12:42 PM

ဟ.. ဟတ်..ဟတ်ချိုးးးး ဟတ်ချိုးးးးး
ခစ်ခစ်ခစ်... နေကောင်းအောင်နေနော်...
ဆေးလေးဘာလေး မှန်မှန်သောက်နော်...
မသောက်ရင် ဆေးလိုက်ထိုးမှာနော်... ခစ်ခစ်ခစ် :P

RePublic said...
February 21, 2009 at 7:54 PM

မေဒီဇာ က ဆေးလိုက်ထိုးမယ်တဲ့ ၊၊ ကဲ .. ကိုကေငြိမ်းကြီး