မီး ..... မီး ..... မီးရယ်

အော် ဘ၀ ... ဘဝ


နှစ်ရက်လောက် သိပ်နေ မကောင်းတာနဲ့ အိမ်မှားနားမိတယ်၊ နည်းနည်း နေမကောင်းချင် တာနဲ့ သိတဲ့အတိုင်း အခွင့်အရေးလေး အရယူပြီး အိမ်မှာနားနားနေ၊ ညီအငယ်ဆုံးကလည်း တက္ကသိုလ်ကျောင်းသား ဆိုတော့ မနက် ၇ နာရီ ကနေ အိမ်ကထွက် ညနေ မိုးအတော်ချုပ်မှ ပြန်ရောက်ဆိုတော့ အိမ်မှာ၊ ကွန်ပျူတာ ဂိမ်းကစား၊ ဗွီဒီယို အခွေကြည့်ဘို့က လု မယ့်လူကို မရှိဘူး၊ အဲ နေ့လည် MRTV-4 ကလာတတ်တဲ့ ၀ိပဿနာ တရား ဟောတဲ့ အစီအစဉ် လေးပဲ အိမ်က ဖေကြီး၊ မေကြီး ကို ဖွင့်ပေးဘို့ တစ်ချက်ပဲ၊ ကံကောင်းချင်တော့ အဖေကြီးက အပြင်သွား၊ အမေက မနက်စောစောထပြီး ချက်ရ ပြုတ်ရ ညီငယ် ကို ထမင်းချိုင့် စီစဉ်ပေးရတာနဲ့ မောလို့ အိပ်နေပြီး၊ ကံတရား ကအခုထိ ကိုယ်ဘဲ့မှာကြီးပဲ၊ အဲဒါနဲ့ မနက်၎ နာရီကခဏ လေးလာတဲ့မီး နေ့လည် ၁၁ နာရီ ပြန်လာမယ် အထင်၊ ကိုယ်လုပ်မယ့် ဟာလေးတွေ အစီအစဉ်ချပြီး အစောင့် ၁၁နာရီ၊ ၁၂ နာရီထိုးပြီး ဗိုက်ဆာတာနဲ့ နေ့လည် ထမင်းစား၊ ခဏစောင့် နေ့လည် ၁ နာရီ ထိုးပြီး၊ ဆေးသောက်ထားတာ အိပ်ချင်တာနဲ့ ခဏလေး ခေါင်းချလိုက်တာ၊ ၄ နာရီမှနိုးတယ်၊ အဲအခုထိ မီးမလာသေးဘူး၊ ဒါနဲ့ ကိစ္စ မရှိဘူး၊ ညနေ ၅ နာရီအထိ ဆက်စောင့်၊ ဟော ၅ နာရီ ထိုးပြီ၊ မလာပြန်ဘူး၊

ဟော ပြောရင်း ဆိုရင်း ဟေး......... ဆိုပြီး ကလေးတွေ အော်သံကြားတယ်၊ ဒါဆိုသေချာပြီး၊ မီးလားပြီ အဲ အခွေထိုးကြည့်မယ်လည်း လုပ်၊ အဖေက အိမ်ပေါ်မှာရေကုန်ပြီဆိုတာနဲ့ အခွေကို ခဏ Pause လုပ်ပြီး၊ အပေါ်ရေတင်စက် ပြေးဖွင့်၊ ဟော... အမေက ရေနွေးအိုး တည်ပါဦး ဆိုတာနဲ့ နောက်ဖေး မီးဖိုပေါ် ရေနွေးအိုး ပြေးတည်၊ တီဗွီရှေ့ပြန်ေ၇ာက်၊ ကိုယ်ကြည့်ချင်တဲ့အခွေ ပြေးဖွင့်၊ ထိုင်ခုံပေါ်လည်း အရောက် ၊ အမေက ထမင်းပေါင်းအိုး ခလုပ် ဖွင့်လား ကြည့်ပါဦးဆိုလို့ နောက်ဖေး ပြန်ပြေး၊ ခလုပ် ပြန်စစ်၊ အိမ်ရှေ့ရောက် အဖေက အိမ်ရှေ့ ရေကန် အိမ်ပေါ် ရေတင်ရတာ ရေကုန်ပြီး၊ ရေမောင်းပါဆိုတာနဲ့ ရီမုတ်ကို ပုဆိုးခါးကြားထဲထိုး၊ နည်းနည်း တော့ ဒေါသထွက်နေပြီ အခွေကြည့်ပါမယ်ဆိုခါမှ အလုပ်တွေ ရှေ့နောက်တန်းစီနေတယ်၊ အဲ အိမ်ရှေ့လည်းရောက်၊ ဟုတ်ပါ့လား၊ ရေက ၁ ပေ လောက်ပဲရှိတော့တယ်၊ တော်တော်နည်း နေပြီ၊ ရေကန်ထဲ ပိုးမွားစားဘို့ ထည့်ထားတဲ့ အလှမွေး ရွှေဝါငါကြင်း ငါးတွေတောင် ဆင်းဖမ်းလို့ ရနေပြီး၊ ဒီကောင်တွေက ရေ ၂ ပေလောက်ဆို မဖမ်းနိုင်တော့ဘူး၊ အရမ်းမြန်တဲ့ကောင်တွေ၊ လစ်ကနဲ့ လစ်ကနဲ့ ဘယ်ရောက်လို့ ရောက်မှန်းမသိတဲ့ ငါးတွေ၊ ဒါနဲ့ ရေစက် ပြေးဖွင့်၊ ဟော မီးက အ၀င် ၁၅၀ ပဲရှိတယ်၊ ဘယ်ရမလဲ၊ အိမ်နီးနားချင်းတွေနဲ့ အပြိုင်ပဲ၊ စက်ကလည်း မီးအားနဲ့တော့ မော်တာက သိပ်မလည်ချင်ဘူး မရဘူး၊ ဒါမျိုးလာမစမ်းနဲ့၊ အစ်ကိုက သေချာမှာသွားတယ်၊ မီးအား ၀ပ် ၁၃၀ ထိရတယ်တဲ့၊ အဲဒါနဲ့ တီဗွီရှေ့ ပြန်ရောက် .... ဟော ကိုယ်ကြည့်ချင်တဲ့ အပိုင်းကို Play နိုပ်၊ အဲ ......၊ ရေးနွေးအိုးက ဆူနေပြီတဲ့။ အမေက ရေချိုးခန်း ထဲကလှမ်းအော်၊ ဒါနဲ့ နောက်ဖေးပြန်ေ၇ာက်၊ ရေနွေးအိုးချ၊ အိမ်ရှေ့ ပြန်ရောက်၊ အခုနက ဆေးသောက်တာ သိပ်ချွေးမထွက်ဘူး၊ အိမ်ရှေ့၊ အိမ်နောက် ပြေးရတာနဲ့ ချွေး တော်တော် ထွက်နေပြီး ဒါပေမယ့် မသုတ်အားသေးဘူး၊ ကိုယ်ကြည့်မဲ့ အပိုင်းကိုသာ ရွေးနေတာ၊ ဟော... အိမ်ရှေ့က အဖေက ခေါ်ပြီ .... ရေမော်တာ အခြေအနေ မကောင်းဘူး၊ မီတာဒိုင်ခွက်ကြည့်တော့ ၁၄၀ အောက်လျော့နေပြီ သိပ်အခြေအနေ မကောင်းဘူး၊ အဲဒါနဲ့ ချောက်. ချောက်. ဆိုပြီး မီးအား တင်ပြီး တီဗွီရှေ့ပြန်ရောက် ..... ဟော ဆိုပြီး.... xxxxx မီးဆိုပြီး မေတ္တာ ပို့သလိုက်ရပါတယ်၊

စုစုပေါင်း လာချိန် ကျွန်တော် အိမ်ရှေ့ အိမ်နောက် ၅ ခါလောက်ပြေးမှ စုစုပေါင်း ၁၅ မိနစ်စာပဲရှိပါတယ်။ တော်တော် ဒေါသထွက် ပါတယ်။ အခွေကလည်း ကြည့်ချင်လို့ အိမ်ကနေ စောစောထွက်ပြီး ဆိုင် အဖွင့်ကို စောင့်ပြီး သွားငှားထားတာ။ အခုမှ နေပြည်တော် ရုပ်ရှင်ရုံမှာ တင်နေတဲ့ကား၊ အဲဒါနဲ့ပဲ ... စိတ်တိုတို အိမ်ရှေ့ထွက် ... နောက်ဖေးက အမေက ထမင်းအိုး အခြေအနေ ကြည့်ပါဦးတဲ့ .... နောက်ဖေး ပြန်ရောက်၊ အား အခုမှ ထမင်းလုံးတွေ အမြုပ်စီနေတုန်း၊ အဲဒါနဲ့ ဂက်စ်အိုးဖွင့် ပြောင်းပြီး တည်၊ အား .... တော်တော်အလုပ်ရှုပ် ပါ့၊ နာရီကြည့်တော့ အခုမှ ၅ နာရီ ထိုးပြီး လို့ မိနစ် ၂၀ ရှိသေးတယ်၊ နားလည်ပေးလိုက်တယ်၊ တစ်နေ့ကုန် တစ်နေ့ကမ်း မလာပဲ ညနေမှလာတော့ မိမိတို့လို့ ဘ၀တူတွေ စုဖွင့်၊ စုသုံးကြတော့ မီးအား မနိုင်တာနဲ့ ပြန်ပြတ်သွားတယ် မှတ်တယ်၊ အဲဒါနဲ့ စိတ်ရှည်ရှည် ပြန်ထားပြီး ပြန်စောင့်၊ ညီငယ် ပြန်လာတာနဲ့ သိပ်အခြေအနေ မကောင်းဘူး၊ ဒီကောင်က ရောက်တာနဲ့ သီချင်းဖွင့်တတ်တယ်၊ ဘက်တ္တရီက အားသွင်းရတဲ့ အချိန် နည်းတော့ အားက သိပ်မရှိဘူး၊ ဒါကို အငယ်ကောင်က မသိတော့ ပြေးပြီး ပလက်ကို ဖြုတ်ထားရသေးတယ်၊ ညဘက်ကျ မီးချောင်း မဖွင့်နိုင်၊ အမေ ကိုရီးယားကား မကြည့် နိုင်ရင် ကျွန်တော့်တို့ဘက် လှည့်လာမယ့် ဒုက္ခ၊ အဲဒါနဲ့ အငယ်ကောင် နည်းချော့မော့ပြီးပြော၊ ကြာလာတော့ ပျင်းလာတာနဲ့ အပြင်ဘက် နေမကောင်းတာကို မထွက်ရတာနဲ့ အကြောင်းရှာပြီး လမ်းထိပ် ထွက်လက်ဘက် ရည်ဆိုင်ထိုင်၊ အဲ ထိုင်နေတုန်း ... ငြိမ့်နေတုန်း ... ဟိုဘက် ရပ်ကွက် သူငယ်ချင်းက ငါတို့ရပ်ကွက် မီးလားတယ်ကွ ဆိုပြီး စက်ဘီး ပေါ်က အော်ပြောသွား တာနဲ့ ကိုယ်ရပ်ကွက် အနည်းငယ် မေတ္တာပို့ပြီး xxxx ပိုက်ဆံ ရှင်းကာ ဆိုင်က ပြန်ထွက်၊ အိမ်ရောက်တော့ ဟုတ်ပါ့၊ အမေနဲ့ ညီအငယ်ကောင် က တီဗွီရှေ့မှာ ခန့်ခန့်ကြီးတွေ၊ အဲဒါနဲ့ ကိုယ့် အလှည့်မရောက်မှန်း သိတာနဲ့ ကိုယ့် အခန်းထဲဝင် ကွန်ပျူတာလေး ဖွင့်၊ အဲယားကွန်း မရှိတာနဲ့ ပန်ကာ အစုတ်ကလေးဖွင့်၊ ဂိမ်းကစားမယ်ပေါ့၊ အဲ ........ ဂိမ်းကစားမယ်လုပ်ရင်း ..... အဖေက ..... ရေ မတင်ဘူးလားမေးတာနဲ့ အငယ်ကောင် ကိုခိုင်းဆိုပြီး ပြန်ပြော၊ ဟေး ..... ဆိုပြီး မီး xxx ...... မီး xxx .... ထပ် မေတ္တာပို့သရ ... ပြန်ပါတယ်၊

ဂိမ်းက အခုမှ ၁၀ မိနစ်တောင် ကစားရသေးဘူး၊ အိမ်ရှေ့မှာတော့ အမေက အငယ်ကောင်ကို ဘတ္တရီပြောင်းချိန်းပြီး ကြည့်ဘို့ ပြောနေတယ်၊ ဖွင့်မယ့်လည်းလုပ်ရော ခဏပဲကြည့် ရသေးတယ်၊ ဂျွိင်းထားတဲ့ မီးချောင်းက တအား မှိန်တာနဲ့ တီဗွီထိုး ပိတ်လိုက်ရတယ်၊ အမေက သူကိုရီးယား ကား မကြည့်ရတာနဲ့ ကျွန်တော့်ဘဲ့ လှည့်အကြည့် ..... ဒီကလည်း တစ်နေ့ကုန် တစ်နေ့ကမ်း ဘာမှဖွင့်မကြည့်ပဲ အိပ်ထားတာ ဆိုတဲ့ အကြည့်နဲ့ မို့ ဘာမှ မပြောတော့ ပါဘူး၊ အဲဒါနဲ့ စောင့်ရင်း စောင့်ရင်း နဲ့ သူငယ်ချင်း လာခေါ်တာနဲ့ အပြင်ပြန်ထွက်၊ တစ်ခါ အိမ်ပြန်ရောက်တော့ ၉ နာရီခွဲနေပြီ၊ မေးကြည့်တော့ အခုထိ မီးမလာသေးဘူးတဲ့၊ အား လိုက်ပိုတဲ့ သူငယ်ချင်းက ဟိုဘက် ရပ်ကွက်ကဆို တော့ လူကိုယ် ငါရပ်ကွက် မှာ မီးလားတယ် ဆိုတဲ့အကြည့်၊ နဲ့ကြည့်ပြီး ပြန်သွားတယ်၊ ဒါနဲ့ စိတ်ရှည်ရှည်ထားပြီး မီးချောင်း မှိန်မှိန်တိန်တိန် ရှေ့မှာ မရမက စာထိုင်ဖတ်၊ အမေအော်လည်း ပြန်မပြောဖြစ်၊ စာကိုဇွဲကောင်းကောင်းနဲ့ ဖတ်နေတုန်း၊ ၁၀ နာရီတောင် ခွဲပြီ၊ ဒါဆို ၁၁ နာရီ ကိုယ့်အလှည့် မီးပြတ်မယ့်ဟာ အခုထိ မီးမလာဘူးဆိုတော့ မလာ လောက်ဘူးဆိုပြီး၊ အိမ်မယ် အလုပ် .... ဟော မီးလာပြီး၊ ဒါနဲ့ပဲ တီဗွီရှေ့ ပြန်ရောက်၊ ဟော အစီစဉ်ကော ၊ ၉ နာရီလာတတ်တဲ့ ကိုရီးယား ဇာတ်လမ်းတွဲလမ်း ပြီးနေပြီ၊ ဒါဆို ကိုယ်တစ်ယောက်တည်း ပဲအေးဆေးဆိုပြီး ညနေ က အခွေလေးကို ပြန်ထိုးကြည့် ၊ အေးဆေးပေါ့၊ ကြည့်နေတုန်း ပထမပိုင်းပြီး လို့ ဒုတိယပိုင်း လဲ ထိုးမယ်လည်း လုပ်ရော ဟော .... ၁၁ နာရီ အတိ မီးပြတ်သွားပြီ၊ လက်စသတ်တော့ သူက မီးပြတ် ကြောင်းကို လာပြသွားတာကိုး၊ လူလည်း တော်တော်စိတ်ကုန်သွားပြီ၊ အခွေကလည်း မထုတ်မိလိုက်ဘူး၊ သွားပြီ ၂ ရက်ခ .... ဒီလိုနဲ့ နောက်တနေ့ ကျတော့လည်း ဒီအတိုင်း၊ ဒါကတော့ ကိုယ်က မီးပျက်ရက်ကိုး၊ စိတ်ကော လူကော လျော့လိုက်ပြီး၊ အိမ်မှာ အေးအေးဆေးဆေး နေမယ့် ရက်မှာ စုစုပေါင်း မီးလာချိန် ၂ နာရီတောင် မပြည့်ပါဘူး၊ အော် ဒါနဲ့များ .....။

ဘယ်လိုလုပ် ကျမလဲ မသိဘူးနော် ......။ သတင်းစာတွေမှာတော့ တစ်နေ့ တစ်နေ့ ဖတ်လိုက်ရတာ၊ လျှပ်စစ်စက်ရုံကြီးတွေ ကနေ တစ်နေ့တစ်နေ့ နာရီဝပ် ကီလိုသန်းပေါင်းဆိုတာတွေက ဘယ်များ ရှန်တိန် လုပ်နေလဲ၊ ဘယ်တွေပဲ ရောက်နေလဲ မသိပါလားနော် .............။

1 မှတ်ချက်ပေးသွားတယ်:

ကောင်းကင်ပြာ said...
February 23, 2009 at 6:20 PM

အင်း...အဲ...ဟုတ်လား၊ဟုတ်တယ်၊ဒီကို ပို့တယ်ထင်တယ်၊:)