`အွန်လိုင်း လူရွှင်တော်´




ပါဝင်သူများ - ကိုဗေဒါ
- ကိုဒီဇယ်
- ကိုဆန်း
- ကိုနောက်တိုး

ကိုဗေဒါ - ပရိတ်သတ်ကြီး ခင်ဗျား၊ ယခုလို မင်္ဂလာရှိတဲ့ ညချမ်းမှာ ကျွန်တော်တို့ အနုပညာ ညီအစ်ကို
လေးယောက်က ဟာဒယရွှင်ဆေး တိုက်ကျွေး ခွင့်ရတာဟာ မင်္ဂလာပါခင်ဗျား။ ဟုတ်ဘူးလား ကိုသန်းရေ။
ကိုဆန်း - ဟုတ်ပ ကိုဗေဒါရေ။
ကိုဗေဒါ -ပရိတ်သတ်ကြီး ကိုဖျော်ဖြေမယ် ဆိုတော့ ကျွန်တော်ကတော့ ရှေးမူလည်း မပျက်ချင် သလို
ခေတ်နဲ့လည်း မကင်းကွာ စေချင်ဘူး ခင်ဗျ၊ ရှေးတုံးလည်း မပယ်နဲ့ ဆိုတဲ့စကား အရှိသားလား ခင်ဗျ။
အများ - ဟုတ်ပ ခင်ဗျား။ ဟုတ်ပ။
ကိုဗေဒါ - ဒီလိုဆိုဖြင့် ကျွန်တော်က ခွန်းတောက်လေး တပုဒ်လောက်တော့ ရွတ်ချင်တယ်ဗျာ။
အများ - ရွတ်စေ မောင်မင်း။
ကိုဗေဒါ - ကဲ.....တောင်တော ရယ်သာ ..... မာလာက ငုံဖူး
တပင်ကို နှစ်ပင်ယှက်တယ် ကျေးငှက်ကမြူး။
ကိုဒီဇယ် - ကြားရတာ နားဝင်ပီယံ ရှိလိုက်တာဗျာ၊ မျက်စိထဲကို မြင်သွားသလိုပဲ။
ကိုနောက်တိုး - ခုဟာက ကိုဗေဒါကြီးက ပြောတယ် ရှေးမူလည် မပျက်ချင်ဘူးတဲ့ ။ ခေတ်ကလည်း မီချင်တယ် ဆိုတော့
ကျွန်တော်က ဆန်းသစ်သွားအောင် ဒီခွန်းတောက် ကို မော်ဒန်နဲ့ ပြန်ရွတ်မယ်။
အများ - ဘယ်လို ဘယ်လို။
ကိုနောက်တိုး - မော်ဒန်လေ မော်ဒန်။
အများ - ကဲရွတ် စေဗျား။
ကိုနောက်တိုး - ကဲ ဒါဆိုစမယ်နော်။ တောင်တော ..... တော်တော ရယ်သာ
မာလာက ..... မာလာက
အများ - ဆက်ဆိုလေ - ဘယ်မှာလဲ နင့်မော်ဒန်က
ကိုနောက်တိုး - မာလာက နုဖတ်
အများ - ဘယ်နှာကြီး တုန်း မာလာက နုဖတ်ရယ်လို့
ကိုနောက်တိုး - ငုံဖူးတုန်းလည်း နုဖတ်နေတာ ပဲလေ၊ အဓိပ္မယ် အတူတူပဲ၊ မော်ဒါန်ပါဆိုနေမှ ။
အများ - ကဲဒါဖြင့်လည်း ဆက်ဆိုဗျာ။
ကိုနောက်တိုး - တော်တောရယ်သာ ..... မာလာက နုဖတ်
တပင်ကို နှစ်ပက် ပွတ်တယ် .....
အများ - ဟေ့ကောင် မင်းလွန် ပြီထင်တယ်။
ကိုနောက်တိုး - ယှက်တာကလည်း လေတိုက်ရင်တော့ ပွတ်တာပဲဗျာ။ ကျွန်တော်က လေတိုက်တာ
အထိတွေးပြီး စပ်တာခင်ဗျ။ မော်ဒန်ပါဆိုမှ။
အများ - ကဲ - ကောင်းပါပြီဗျာ၊ ဆက်ဆိုပါဦး။
ကိုနောက်တိုး - တောင်တော ..... တော်တောရယ်သာ ..... မာလာက နုဖတ်
တပင်ကို နှစ်ပင် ပွတ်တယ် .....
ငှက်တွေက ပြွတ် .....။
အများ - (ကိုနောက်တိုးအား ၀ိုင်းရိုက်ကြစေ)
သေစမ်းဟ .. မာလာကို နုဖတ် ချင်တဲ့ကောင် ..
နှစ်ပင် ပွတ်ချင်တဲ့ကောင် ..
ငှက်တွေ ပြွတ်ချင်တဲ့ ကောင် ..
မော်ဒါန် လုပ်ချင်အုံး ..။
ကိုဒီဇယ် - အကောင်း မှတ်ပါ့၊ နားထောင်နေတာ ဒင်းလုပ်မှ ခွန်းတောက်လည်း ပျက်ပါပြီ။
ကိုနောက်တိုး - ကျုပ်ဆိုတာ ကောင်းရဲ့သားနဲ့ ခင်ဗျားတို့က ၀ိုင်းရိုက်ကြတယ်။
ခင်ဗျားတို့ကရော ကျုပ်လို ဆိုနိုင်လို့လား။
ကိုဆန်း - အောင်မယ် ငါနောက်မှ ထမင်းစားတဲ့ကောင်က .. နဂိုကောင်း နေတာကို ဖျက်ပြီး
လူတွင်ကျယ် လာလုပ်နေရအောင် မင်းက စာဘယ်လောက် တတ်လိုတုန်း ..။
ကိုနောက်တိုး - ဟာ .. တတ်တာပေါ့၊ အတတ် ပညာမှာဆို ကျုပ်က BA ဗျ။
ကိုဒီဇယ် - အံမယ် အလာသားဟ ဆိုစမ်းပါဦး။ ဘာ BA တုန်းဗျ။
ကိုနောက်တိုး - ဟိုလေ ငယ်ငယ်တုန်းက သင်ဖူးတယ် မှတ်လား။ ABC လား။ ပြောင်းပြန်လုပ်ပြီး
ကျုပ်က CBA ကို ရွတ်နိုင်လို့ BA ဖြစ်လာတာ။
ကိုဆန်း - တော်ကွာ၊ ငါက အဟုတ်မှတ်ပေါ့၊ နင့်လို ပြောကြေးဆို ငါက BE
BE တောင် ရိုးရိုး မဟုတ်ဘူး၊ QC ..။
ကိုဗေဒါ - ဘာ BE တုန်းဗျ။
ကိုဆန်း - BE ပါဆိုမှ BE ပေါ့ဗျ။ ဘာရှိရ ဦးမှာလဲ။
ကိုဒီဇယ် - QC ကရော။
ကိုဆန်း - QC ဆိုတာ Quality Control အရေး အသွေးကို ထိန်းသိမ်း စစ်ဆေးတာ။
ကိုဗေဒါ - တော်တော် မြင့်တာပဲဗျ၊ အမှုထမ်း မလုပ်ပဲ လူရွှင်တော် လာလုပ်နေတယ် .. ဆိုစမ်း ပါဦးဗျ။
ခင်ဗျား ဘယ်လို ဘွဲ့ရတာလဲလို့ .. နောက်လူတွေ အတုယူရအောင် ။
ကိုဆန်း - ရပ်ကွက်ထဲက လိုင်စင်ရ ဆိုင်မှာ BE ကို ရေရောတာ အနဲ့ အများ ကြည်ရင်းနဲ့ QC ဖြစ် လာတာပါဗျာ။
အများ - ၀ိုင်း ရိုက်ကြစေ ..... ။

ကိုနောက်တိုး - ငါက BA သူက BE ဆိုလို့ အထင်ကြီးရ မလား မှတ်တယ်။
လတ်စသတ်တော့ သေချင်းဆိုးက အရက်ဂျိုး ဖြစ်နေတယ်။
ကိုဆန်း - ငါကျ အရက်ဂျိုးတဲ့။ ဒင်းက ဖဲသမား ငါမသိဘူးများ မှတ်နေလား၊ ဖဲခိုးရိုက်ပြီး မှုးလာရင် မိန်းမကို
နင်းနိုပ် မျက်နှာလို မျက်နှာရ လုပ်ရတာ ငါမသိဘူး မှတ်နေလား။
ကိုနောက်တိုး - ဟေ့လူ ... ဇာတ်စင်မှာ ငယ်ချိုး ငယ်နာ မပါဘူးဗျ၊ ခင်ဗျား သတ္တိရှိရင် စာပြိုင် ရွတ်မယ်ဗျာ။
ကိုဗေဒါ - အောင်မယ် လေကြီး လေကျယ်နဲ့၊ ဒါဆိုခွန်းတောက် ပဲရွယ်မယ်ဗျာ၊ ခွန်းတောက်မှာ အခံ အအုပ်ရှိတယ်၊
ကျုပ်နဲ့ ကိုဆန်းက အခံ ဘက်ကနေမယ်၊ ခင်ဗျားနဲ့ ကိုဒီဇယ်က အအုပ် မိအောင် တော့ အုပ်နော် ။
ကိုနောက်တိုး - အောင်မယ်လေး၊ ခွန်းတောက် လောက်တော့ ပျင်းတောင် ပျင်းသေး။
ကိုဗေဒါ - ဒါဆို ကျုပ်က စမယ်၊ ကိုဆန်း ကခံမယ်၊ ခင်ဗျားက အုပ်တဲ့ ဘက်ကဆိုတော့ ခင်များက တတိယမြောက်၊
ပြီးတော့ ကိုဒီဇယ် ..... ကိုဒီဇယ် ရတယ်မို့လား (မျက်စမေးစ ပစ်လျက် မေးစေ)။
ကိုဒီဇယ် - ခေါင်းအသာ အယာညိတ်ပြ။
ကိုနောက်တိုး - လုပ်စမ်းပါ၊ ဒါလောက်ကတော့ နောက်တိုးက ပျင်းတောင် ပျင်းသေး။
ကိုဗေဒါ - ဒါဆိုစမယ်၊ ခုဏက တောတောင်တွေ နဲ့ ငှက်တွေ အကြောင်း၊ အခုက ရာသီဥတုနဲ့ မိသားစု အကြောင်း၊
ကဲစပြီဗျာ .... ၊ ရွှေမိုး ရယ်ညို .... ကိုဆန်းရေ ....
ကိုဆန်း - ရှင်အပြင် .... ထွက်ရင် စိတ်အား ..... ငယ်တယ်ဆိုလို့ ခင်ဗျားကလည်း ။
ကိုနောက်တိုး - ဘာတုန်းဟ ရှင်အပြင်ထွက်ရင် စိတ်အား ငယ်တယ် ဆိုလို့။
ကိုဆန်း - သြော် ... ကိုဗေဒါက ရာသီဥတု အကြောင်းလေ။ ရွှေမိုးညိုရင် မိန်းမတွေက စိတ်အားငယ်တယ်၊
ငါက မိသားစုအကြောင်း ဆိုတော့ ယောကျာ်းက အပြင်ထွက်ရင် မိန်းမက စိတ်အား ငယ်တယ်၊ ဒါကြောင့်
ယောကျာ်းကို အပြင်မထွက်အောင် တားတာ၊ မင်းဖဲရိုက် မထွက်ရအောင် မင်းမိန်းမက မိုးအုံနေတယ်
ဆိုပြီး တားသလိုလေ။
ကိုနောက်တိုး - သြော်ဒီလိုလား၊ မင်းက ငါကို ဖဲ့တာပေါ့၊ ရပါတယ်။
ဘာတဲ့ ရွေးမိုးရယ်ညို ..... ရှင်အပြင် ထွက်ရင် စိတ်အား ငယ်တယ်ဆိုလား၊ ဒါလေးလား ...
ကျုပ်က ပြန်ချိုးပြရရင် လူမလာခင် နင်းကြပါစို့။
အပြင်ထွက် ဖဲမရိုက်ရမဲ့ .... အတူအတူ မိန်းမကို .... နင်းခိုင်းပြီး ဇိမ်နဲ့ အိပ်မယ်ဗျာ၊
ကဲ ကိုဒီဇယ်အလှည့် .... ။
ကိုဒီဇယ် - မယ်က အရင်ခံ။
ကိုနောက်တိုး - ဘာတုန်းဟ မယ်က အရင်ခံ။
ကိုဒီဇယ် - Lady first လေ။ မိန်းမကို အရင်နင်းပေးတာ။ မင်းလိုကောင်ကို မင်းမိန်းမက နင်းပေးမယ်များ ထင်နေလား။
ငါက စေတနာနဲ့ ရှင်ပြီး ... ကျွန်မအလှည့် ဆိုပြီး သက်သက်ညှာညှာ ... မင်းမိန်းမက ပြန်နင်းပေးမှာကို ဆိုလိုတာ။
စေတနာတွေ .... .... စေတနာတွေ ဟင်း ဟင်း သဘောပေါက် .... ။
ကိုနောက်တိုး - သြော်ဒီလိုလား၊ မေတ္တာ ထားတယ်ပေါ့၊ ဒါဖြင့် ပြန်ရွတ်ကြည့် ရအောင်။
ကိုဗေဒါ - ရွှေမိုး ရယ်ညို ...
ကိုဆန်း - အပြင်ထွက်ရင် စိတ်အား ငယ်တယ်ဆိုလို့ ...
ကိုနောက်တိုး - လူမလာခင် နင်းကြပါစို့ ...
ကိုဒီဇယ် - မယ်က အရင်ခံ .... ။
ကိုဗေဒါ - နေရာ ကျတယ်ဗျာ၊ ဒါဖြင့် နောက် တပုဒ်၊ အခုဟာက အစဉ်တိုင်းပဲ။
ကိုနောက်တိုး - ဒီပုံစံပဲဟ၊ မမှတ်သေးဘူး ထင်တယ်။
ကိုဆန်း - နေမင်းကပူ၊ အပြင်ထွက်ရင် ထိပ်နေပူ မှာစိုးလို့၊ ခုဏလိုပဲ ခင်ဗျား ဖဲထွက်မရိုက် ရအောင် အကြောင်းပြတာ ။
ကိုနောက်တိုး - လူမလာခင် ... ဟေ့လူ ဘာ ဘာ။
ကိုဒီဇယ် - မယ်က အရင်ခံ။
ကိုနောက်တိုး - ဟေ့ကောင် မင်း က မပြောင်း တော့ဘူးလား။
ကိုဒီဇယ် - ဟာကျုပ်က ဒီလောက်ပဲရတာ ပြောင်းချင်ရင် ကိုယ့်ဘာသာပြောင်း။ (ပြန်ဆို)
ကိုဗေဒါ - နေမင်းကပူ .....
ကိုဆန်း - အပြင်ထွက်ရင် ထိပ်နေပူ မှာစိုးလို့ .....
ကိုနောက်တိုး - လူမလာခင် ..... လူမလာခင် ဘာလုပ်ရမှာတုန်း။
ကိုဒီဇယ် - မယ်က အရင်ခံ ..... ။
အများ - ဟေ့ကောင် မင်းပြောတော့ ပျင်းတောင် ပျင်းသေးဆို။ တို့ကို နိုင်အောင် အုပ်။
ကိုဗေဒါ - နေမင်းကပူ .....
ကိုဆန်း - အပြင်ထွက်ရင် ထိပ်နေ ပူမှာ စိုးလို့ .....
ကိုနောက်တိုး - လူမလာခင် .... လူမလာခင် ဘာလုပ်ရင် ကောင်းမလဲ ...။
ကိုဒီဇယ် - မယ်ကအရင်ခံ .....။



ဆက်ရန်..........
ဇာတ်ညွန်း ကောက်ကြီး

2 မှတ်ချက်ပေးသွားတယ်:

Anonymous said...
February 23, 2009 at 10:58 PM

မာလာက နုဖတ် ဆိုကတည်းကိုက ရီနေရတာ ကိုကေရေ... ငှက်တွေက ပြွတ်ဆိုတာ kiss ပေးတဲ့ အသံများ မှတ်တယ်.. ဟီးးး
BE ကို QC လုပ်ရင်းကနေ MB ဘွဲ့ပါ ထပ်တိုးကိန်း ရှိတယ် ကိုကေရ... (MB = Marketing Boss)
မယ်က အရင်ခံတော့ လုပ်ပါနဲ့နော်... သူချည့်ပဲ ခံနေရလို့ ခစ်ခစ်ခစ်...

ATN said...
February 24, 2009 at 3:40 AM

ကိုမောင်ငြိမ်း အားပေးသွားတယ်...
ပါးစပ် မပိတ်နိုင်ပဲ ပြန်သွားတယ်...း)
အစစ အဆင်ပြေပါစေ...